ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ၏ သားသမီးများ ပညာရေးအတွက် ကျပ်သိန်း ၈၀ ကျော် ထောက်ပ့ံ

ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ၏ သားသမီးများ ပညာရေးအတွက် ကျပ်သိန်း ၈၀ ကျော် ထောက်ပ့ံ

နေပြည်တော် မော်တော်ယာဉ်လုပ်ငန်း ပေါင်းစုံထိန်းသိမ်းရေးကော်မတီ(အဝေးပြေး)က ၎င်း၏
စီမံခန့်ခွဲမှုအောက်ရှိ မော်တော်ယာဉ်အသင်းများမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ၏
သားသမီးများအတွက် ပညာသင် ထောက်ပ့ံစရိတ်အဖြစ် ကျပ်သိန်း ၈၀ ကျော်နှင့် လေ့ကျင့်ခန်း
စာအုပ်များထောက်ပ့ံခဲ့ကြောင်း သိရသည်။

"ကော်မတီအနေနဲ့ ဒီလိုထောက်ပ့ံလာတာ သုံးနှစ်ရှိပါပြီ။ ဒီနှစ် ၈၂ သိန်းကျော် ထောက်ပ့ံ
ပေးလိုက်သလို မနှစ်ကလည်း ရ၂ သိန်းကျော် ထောက်ပ့ံပေးနိုင်ခဲ့ပါတယ်" ဟု ကော်မတီဥက္ကဋ္ဌ
ဦးဝင်းဆွေက ပြောသည်။

ထိုကဲ့သို့ ထောက်ပ့ံပေးခြင်းဖြင့် သာမန် ၀န်ထမ်းများ၏ သားသမီးများ ပညာသင်ကြားရာတွင်
အထိုက်အလျောက် အထောက်အပ့ံဖြစ်နိုင်သည့်အပြင် လုပ်ငန်းလုပ်ကိုင်ရာတွင်လည်း
ပိုမိုအဆင်ပြေနိုင်ရန် ရည်ရွယ်ကြောင်း ၎င်းကပြောသည်။

ထောက့်ပ့ံ ငွေများမှာ ကော်မတီရုံးချုပ် ကြီးကြပ်ခများမှ ရရှိသော ရန်ပုံငွေများထဲမှ ပညာရေး၊
ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ ရန်ပုံငွေအဖြစ် သုံးစွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုနှစ် ထောက်ပ့ံမှုနှုန်းများအရ မူလတန်းအဆင့် ကျောင်းသား ၈၄ ဦးအတွက် တစ်ဦးလျှင်
ကျပ် ၂၀,၀၀၀၊ အလယ်တန်း အဆင့်ကျောင်းသား ၈၀ ဦးအတွက် တစ်ဦးလျှင် ကျပ်၂၅,၀၀၀၊
အထက်တန်းအဆင့် ကျောင်းသား ၃၈ ဦးအတွက် တစ်ဦးလျှင် ကျပ်၃၀,၀၀၀၊ တက္ကသိုလ်
တက်ရောက်နေသူ ၃၃ ဦးအတွက် တစ်ဦးလျှင် ကျပ် ၅၀,၀၀၀ နှုန်းနှင့် ကျောင်းသုံးဗလာစာအုပ်
၃,၀၀၀ အုပ် ထောက်ပ့ံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဆယ်တန်းအောင်မြင်ခဲ့ကြသော ကျောင်းသူ၊ ကျောင်းသားများအား တစ်ဦးလျှင်
ကျပ် ၅၀,၀၀၀ နှုန်းစီ ထောက်ပ့ံခဲ့သည့်အပြင် ဂုဏ်ထူးရရှိသူများကိုလည်း ဂုဏ်ထူးတစ်ခုလျှင်
ကျပ် ၃၀,၀၀၀ နှုန်းဖြင့် ထပ်ဆောင်းဂုဏ်ပြုခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး