အာရှအကြီးဆုံး သစ်သီးဝလံ အအေးခန်းစက်ရုံကို ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် နေပြည်တော်၌ တည်ဆောက်ရန် စီစဉ်

အာရှအကြီးဆုံး သစ်သီးဝလံ အအေးခန်းစက်ရုံကို ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် နေပြည်တော်၌ တည်ဆောက်ရန် စီစဉ်

 

"နေပြည်တော်မှာ အာရှရဲ့အကြီးဆုံး အအေးခန်းစက်ရုံ တည်ဆောက်မယ်"ဟု နေပြည်တော်
ရှစ်မြို့နယ်မှ ဒေသခံတောင်သူ လယ်သမားများနှင့် ဒက္ခိဏသီရိမြို့နယ်ရှိ ရွှေသံလွင် စိုက်ပျိုးရေး
ကုမ္ပဏီပိုင်အဆောက်အအုံတွင် ပြုလုပ်ခဲ့သည့် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးဆိုင်ရာ
ညှိနှိုင်းအစည်းအဝေးတွင် ၎င်းက ပြောသည်။

ဒေသခံတောင်သူများနှင့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများအား အကျိုးတူစိုက်ပျိုးလုပ်ကိုင်ပြီး
ကုန်ကြမ်းရယူရန် စီစဉ်ထားကြောင်း ၎င်းက ပြောသည်။

ထိုကဲ့သို့ အကျိုးတူ စိုက်ပျိုးမည့်အပြင် တောင်သူများစိုက်ပျိုး ထွက်ရှိသော သစ်သီးဝလံနှင့်
ဟင်းသီးဟင်းရွက် ၅၅ မျိုးကိုလည်း ရသမျှအကုန် ၀ယ်ယူမည်ဟု ဆိုသည်။

နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင်လည်း ကညွတ်ကို ကိုယ်တိုင်
စိုက်ပျိုးနေသည့်အပြင် တောင်သူများနှင့်ပါ အကျိုးတူ စိုက်ပျိုးလျက်ရှိသည်။

ကညွှတ်ကို စင်ကာပူ၊ ဂျပန်တို့သို့ တင်ပို့ နေရပြီး အမှာစာရရှိသလောက် မတင်ပို့နိုင်သေးဟု
ဆိုသည်။

၎င်း၏ စည်းရုံးမှုကြောင့် ဒေသခံတောင်သူများမှာ ကညွတ်ကို စိုက်ပျိုးလိုကြသော်လည်း
ယခင်အတွေ့ကြုံများအရ သံသယဝင်နေကြသည်။

"သူကတော့ တစ်ဧကစိုက်ထားလို့ ခြောက်လနေရင် တစ်နေ့ကို သုးံသောင်း၊ လေးသောင်း ပုံမှန်
ပြန်ဝင်တယ်လို့ပြောပါတယ်။ အရင်းကလည်း ငါးသိန်းကနေ ၁၀ သိန်းလောက် ကုန်မယ်လို့
ပြောတယ်။ ကျွန်တော်တို့ကတော့ လုပ်ချင်တယ်၊ ဒါပေမဲ့ အရင်တုန်းက ကြုံတွေခဲ့ရတဲ့
အတွေ့အကြုံတွေအရ သိပ်ပြီးမယုံရဲဘူး"ဟု လယ်ဝေးမြို့နယ်မှ တောင်သူ ဦးခင်မောင်က
ပြောသည်။

သို့သော်လည်း လက်တွေ့စိုက်ပျိုးနေသော တောင်သူအချို့နှင့် အကျိုးတူစိုက်ပျိုးနေသော
တောင်သူအချို့ ရှိနေပြီး စုစုပေါင်း စိုက်ဧက ရာဂဏန်းအထိ ရှိနေပြီ ဖြစ်ကြောင်း စိုက်ပျိုးရေး
ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါကုမ္ပဏီသည် မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးလုပ်ငန်းများ လာရောက်လုပ်ကိုင်နေသည်မှာ
နှစ်ပေါင်း ၂၀ ခန့်ရှိနေပြီဖြစ်ပြီး ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံမျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးခြင်း၊
ကိုယ်တိုင်စိုက်ပျိုး ထုတ်လုပ်ပြီး ပြည်ပတင်ပို့ခြင်းများဖြင့် အတွေ့အကြုံရှိသော ကုမ္ပဏီ
တစ်ခုဖြစ်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး