နေပြည်တော်ရှိ ဒုတိယမြောက် နိုင်ငံတကာဟိုတယ် နိုဝင်ဘာ ဖွင့်မည်

နေပြည်တော်ရှိ ဒုတိယမြောက် နိုင်ငံတကာဟိုတယ် နိုဝင်ဘာ ဖွင့်မည်

ဆွစ်ဇာလန် အခြေစိုက် ကမ္ဘာ့ဟိုတယ် စီမံခန့်ခွဲရေးအုပ်စုဖြစ်သည့် Kempinski ၏ မြန်မာနိုင်ငံတွင်
ပထမဆုံးဖြစ်သော Kempinski ဟိုတယ် နေပြည်တော်ကို နိုဝင်ဘာလ၌ ဖွင့်လှစ်ရန်စီစဉ်ထားပြီး
အစိုးရဧည့်သည်များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ သံရုံးများနှင့် အားလပ်ရက်အပန်းဖြေလာ
ဧည့်သည်များအတွက် အထူးရည်ရွယ်ထားကြောင်း ဟိုတယ်တာဝန်ရှိသူ တစ်ဦးက ပြောသည်။

"ုနာစငညျုင အနေဖြင့် မြန်မာနိုင်ငံမှာ ဒီဟိုတယ်က ပထမဆုံးသောဟိုတယ်ဖြစ်ပါ တယ်။ ရှေ့လမှာအကြိုဖွင့်လှစ်ဖို့ ရည်ရွယ်ထားပြီး အောက်တိုဘာလကုန်အထိ ကျွန်တော်တို့ ၀န်ထမ်းတွေကို သင်တန်းပို့ချ တာတို့၊ ခရီးသွားလုပ်ငန်းကုမ္ပဏီတွေကို ဖိတ်ပြီး ဟိုတယ်ကို မိတ်ဆက်ပေးဖို့ရှိပါ တယ်။ နိုဝင်ဘာလမှာတော့ ဟိုတယ်ဟာ ၀န်ဆောင်မှုစတင်ပေးဖို့ အဆင်သင့်ဖြစ်ပါလိမ့်မယ်"ဟု အထွေထွေမန်နေဂျာ မစ္စတာ င်္မညေု ီမသငည က ပြောသည်။ ဟိုတယ်သည် နေပြည်တော် ဟိုတယ်ဇုန် အမှတ်(၁)ရှိ မြေဧက ၅၀ အကျယ်အဝန်းတွင် တည်ရှိကာ နိုဝင်ဘာလ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေးကျင်းပမည့် နေရာနှင့် နီးကပ်စွာ တည်ရှိနေသည်။ ဟိုတယ်အဆောက်အအုံကို ပြည်တွင်းကုမ္ပဏီများ ဖြစ်ကြသည့် ကမ္ဘောဇကုမ္ပဏီအုပ်စုနှင့် ဲနတနူူနမပ ူကခုပ ကုမ္ပဏီတို့က ၅၀ ရာခိုင် နှုန်းစီ ပိုင်ဆိုင်ကာ စုစုပေါင်း အမေရိကန် ဒေါ်လာ ၄၅ သန်းခန့် ရင်းနှီးမြှုပ်နှံထားသည်။ ုနာစငညျုင ဟိုတယ်အုပ်စုအနေဖြင့် ဟိုတယ်၏ စီမံခန့်ခွဲရေးအပိုင်းကို တာဝန် ယူမည်ဖြစ်သည်။ စုစုပေါင်း အခန်း ၁၄၁ ခန်းဖြင့် ထည့် သွင်း တည်ဆောက်ထားပြီး ၃၅ ခန်းမှာ အဆင့်မြင့် ဇိမ်ခံပစ္စည်းများဖြင့် ထည့်သွင်း တည်ဆောက်ထားသည်။ "မီးဘေးလုံခြံုရေး တစ်ခုတည်းအတွက် ကို အမေရိကန်ဒေါ်လာ ၁ ဒသမ၂ သန်း ကုန်ကျပါတယ်။ အဆင့်မြင့် ဇိမ်ခံအခန်း ၃၅ ခန်းမှာ နှစ်ခန်းက ျွသပေူ ှကငအ ဖြစ်ပြီး အခန်းကို ကျည်ကာမှန်တွေ တပ်ဆင်ထားပါတယ်။ အဲဒီအခန်းကိုတော့ အာဆီယံ ထိပ်သီးညီလာခံအတွင်း နိုင်ငံခေါင်းဆောင် တစ်ဦးတည်းဖို့အတွက် တောင်းဆိုထား တာကြောင့် လုံခြံုရေးအရအဆင့်မြှင့်ထား ပါတယ်။ ဥပမာ- နိုင်ငံတစ်နိုင်ငံက သမ္မတ တွေ လာတည်းတော့မယ်ဆိုရင် ဒီလိုအဆင့် မြင့်လုံခြံုရေးစနစ်နဲ့ အခန်းက လိုအပ်ပါ တယ်"ဟု မစ္စတာ ီမသငည ကပြောသည်။ အမေရိကန် သမ္မတအိုဘားမား အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် မြန်မာနိုင်ငံသို့ လာရောက်လျှင် အဆိုပါဟိုတယ်၌ တည်းခိုရန် အလားအလာရှိ သည်ဟု ထင်မြင်သုံးသပ်မှုများ ရှိနေသော် လည်း ၎င်းကဖြေကြားရန်မရှိဟုပြောသည်။ ယခုလဆန်းပိုင်းက နေပြည်တော်တွင် ဖွင့်လှစ်ခဲ့သော ပါ့ခ်ရွိုင်ရယ်ဟိုတယ်ပြီးနောက် နေပြည်တော်တွင် ဖွင့်လှစ်လိုက်သည့် ဒုတိယမြောက် နိုင်ငံတကာ ဟိုတယ်အုပ်စုဖြစ်လာမည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး