နေပြည်တော်၌ ရထားစက်ခေါင်း စက်ရုံဆောက်မည်
တရုတ်နိုင်ငံမှ ချေးငွေဖြင့် ရထားစက်ခေါင်းသစ် တည်ဆောက်ရေးစက်ရုံကို နေပြည်တော်
ကောင်စီနယ်မြေ၌ တည်ဆောက်သွားမည်ဟု ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ ဒုတိယဝန်ကြီး
ဦးမြင့်သိန်းက စက်တင်ဘာ လ ၂၉ ရက်နေ့က ပြည်သူ့လွှတ်တော်အစည်းအဝေး၌
ပြောကြားခဲ့သည်။
"တစ်နှစ်လျှင် စက်ခေါင်းသစ် ၂၀ ထုတ်လုပ်ကာ စက်ခေါင်းလိုအပ်ချက်များကို ဖြည့်ဆည်း
ပေးသွားမှာဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။
အဆိုပါ စက်ရုံမတည်ဆောက်နိုင်မီ စက်ခေါင်းလိုအပ်ချက် ဖြည့်ဆည်းရန် နိုင်ငံပိုင်နိုင်ငံခြားငွေဖြင့်
စက်ခေါင်းသစ် ၁၁ ခေါင်းဝယ်ယူရန်အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များအား တင်ဒါခေါ်ယူလျက်
ရှိသကဲ့သို့ အိန္ဒိယနိုင်ငံ၏ ချေးငွေဖြင့်လည်း ရထားစက်ခေါင်းသစ် ၁၈ ခေါင်း ၀ယ်ယူရန်
ညှိနှိုင်းလျက် ရှိသည်။
















