တယ်လီနော မြန်မာအနေဖြင့် နေပြည်တော်တွင် အောက်တိုဘာလ ၃၀ ရက်နေ့မှ စတင်ကာ
တာဝါတိုင် ၉၀ ဖြင့် ၀န်ဆောင်မှုပေးမည်ဖြစ်ကြောင်း တယ်လီနော်မြန်မာ၏ အမှုဆောင်အရာရှိချုပ်
Mr. Petter Furberg က မြန်မာတိုင်း(မ်)ကို ပြောသည်။
တယ်လီနောမြန်မာသည် မန္တလေးမြို့တွင် တာဝါတိုင်ပေါင်း ရ၀ ဖြင့် ၀န်ဆောင်မှုများအား
စက်တင်ဘာလ ၂၇ ရက်နေ့က စတင်မိတ်ဆက်ခဲ့ပြီးဖြစ်သည်။
သို့သော် ရန်ကုန်မြို့တွင် တာဝါတိုင် မည်မျှဖြင့် ၀န်ဆောင်မှုပေး နိုင်မည်ကို ပြောရန်မှာ
ကာလအချိန်အားဖြင့် စောသေးကြောင်း ၎င်းကပြောသည်။
"မန္တလေးက အခုလောလောဆယ် တူးဂျီနက်ဝါ့စ် အရမ်းကောင်းပါတယ်။ သရီးဂျီနက်ဝါ့စ်က
မြို ့ထဲဧရိယာတွေမှာ ပိုကောင်းပါတယ်။ စတင်မိတ်ဆက်လိုက်တဲ့ အချိန်ကနေစပြီးတော့ သရီးဂျီ
သုံးစွဲတဲ့ အရေအတွက်များလာရင်တော့ သရီးဂျီနက်ဝါ့စ် ချဲ့ထွင်သွားရန် အစီအစဉ်ရှိပါတယ်"ဟု
၎င်းကပြောသည်။
တယ်လီနောဆင်းကတ် ၀ယ်ယူရန် ထောက်အထားအဖြစ် မှတ်ပုံတင်၊ ယာဉ်မောင်းလိုင်စင်၊
နိုင်ငံကူးလက်မှတ်နှင့် ကျောင်းသားကတ် တစ်ခုခု လိုအပ်ပါကြောင်း ၎င်းကပြောသည်။
၀န်ဆောင်ခများမှာ ပြည်တွင်း မည်သည့် ဖုန်းနံပါတ်ကို မဆိုခေါ်ဆိုလျှင် တစ်မိနစ် ၂၅ ကျပ်ဖြစ်ပြီး
ပြည်တွင်းမည်သည့် ဖုန်းနံပါတ်ကိုမဆို စာတိုပေးပို့မှုအတွက် စာတိုတစ်စောင် ၁၅ ကျပ်ဖြစ်သည်။
အပတ်စဉ် အင်တာနက် package အသုံးပြုခ ကျပ် ၅၀၀ မှ စတင်ပြီး အသုံးပြူသူများ၏
လိုအပ်ချက်အပေါ် မူတည်၍ ကောက်ခံသော စနစ်ဖြစ်သည့် အမြန်နှုန်း မဂ္ဂါဘိုက် ၃၀၀ အထိ
ရရှိနိုင်မည့် My internet အား တစ် မဂ္ဂါဘိုက်လျှင် ခြောက်ကျပ်ဖြစ်ပြီး အမြန်နှုန်း နှစ်မဂ္ဂါဘိုက်
အထိရရှိနိုင်မည် Smart Internet အား တစ်မဂ္ဂါဘိုက်လျှင် ၁၀ ကျပ် ကောက်ခံသွားမည်
ဖြစ်သည်။
"နောက်ပိုင်း တယ်လီနော၏ ဖုန်းခေါ်ဆိုမှု ကောက်ခံခများကိုလည်း စက္ကန့်နှုန်း ကောက်ခံသွားပါ
မယ်။ ငွေဖြည့်ကတ်တွေကတော့ ဈေးကွက်မှာ တစ်ထောင်တန်၊ သုံးထောင်တန်၊ ငါးထောင်တန်၊
တစ်သောင်းတန် အထိရရှိနိုင်မှာ ဖြစ်ပါတယ်" ဟု Mr. Petter Furberg က ပြောသည်။
ခဲခြစ်စနစ်ဖြင့် သွင်းရသည့် ငွေဖြည့်ကတ်စနစ်အပြင် အီလက်ထရွန်းနစ်စနစ်ဖြင့် ငွေဖြည့်သွင်းနိုင်
မည့် စနစ်ပါဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
















