စက်သုံးဆီဖြန့်ဖြူးရန် ပြည်ပကုမ္ပဏီများနှင့် အကျိုးတူ ဆောင်ရွက်မည်

စက်သုံးဆီဖြန့်ဖြူးရန် ပြည်ပကုမ္ပဏီများနှင့် အကျိုးတူ ဆောင်ရွက်မည်

ပြည်တွင်း စက်သုံးဆီ ဖြန့်ဖြူးရေးလုပ်ငန်းများကို ပြည်ပက နာမည်ရှိပြီး အရည်အသွေးနှင့်
အရေအတွက်ကိုပါ အာမခံနိုင်မှုရှိသည့် ကုမ္ပဏီများနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်သွားမည်
ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင် ကပြောသည်။

"နောက်ပိုင်းကျရင် အမ်ပီပီအီး (မြန်မာ့ ရေနံနှင့် ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်း)
ကလည်း နာမည်ရှိတဲ့၊ အရည်အသွေး၊ အရေအတွက် အာမခံနိုင်တဲ့ ပြည်ပရေနံဖြန့်ဖြူးရေး
ကုမ္ပဏီကြီးများနဲ့ ပူးပေါင်းပြီးတော့ပြည်တွင်း ရေနံဖြန့်ဖြူးရေးလုပ်ငန်းကို ဆက်လက် ဆောင်ရွက်
သွားမှာဖြစ်ပါတယ်"ဟု ၎င်းကနေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း စင်တာ(၂)
တွင် အောက်တိုဘာလ ၁၆ ရက်နေ့က ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ သဘာဝ အရင်းအမြစ်
စီမံအုပ်ချုပ်မှုဆိုင်ရာ ညီလာခံ၌ သတင်းထောက်များကို ပြောသည်။

လက်ရှိတွင် ပြည်တွင်းစက်သုံးဆီ ဖြန့်ဖြူးရေးလုပ်ငန်းကို ပုဂ္ဂလိကကဏ္ဍတွင် မြန်မာနိုင်ငံ
ဆီတင်သွင်းဖြန့်ဖြူးသူများအသင်းက ဦးစားပေး ဖြန့်ဖြူးလျက်ရှိပြီး အစိုးရပိုင်း အနေဖြင့်မူ
အမ်ပီပီအီးက တာဝန်ယူဖြန့်ဖြူးလျက်ရှိသည်။

စွမ်းအင်ဝန်ကြီးဌာနအောက်ရှိ မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(အမ်အိုဂျီအီး)၊
မြန်မာ့ရေနံဓာတုလုပ်ငန်းများကိုလည်း ပုဂ္ဂလိကနှင့် အကျိုးတူဆောင်ရွက်ရန် တင်ဒါများ
ခေါ်ယူထားသည်။

၀န်ကြီးဌာန အောက်ရှိ အဓိကလုပ်ငန်းကြီး သုံးခုကို အများပိုင်ကုမ္ပဏီကြီးများအဖြစ် အသွင်ပြောင်း
လုပ်ကိုင်ရန် ရည်မှန်းထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး