အာဟာရသုခဈေးအတွင်းရှိ ဆိုင်များကို ရှောင်တခင်စစ်ဆေး

အာဟာရသုခဈေးအတွင်းရှိ ဆိုင်များကို ရှောင်တခင်စစ်ဆေး

နေပြည်တော် ပျဉ်းမနားမြို့နယ် အာဟာရ သုခဈေးအတွင်းရှိ လက်လီလက်ကား ရောင်းချနေသော
စားသောက်ကုန် အရောင်းဆိုင်များကို စားသုံးသူကြိုတင် ကာကွယ်ရေးအသင်းက ယခုလ
၁၃ ရက်နေ့တွင် ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကာ အန္တရာယ်ရှိ စားသောက်ကုန်များနှင့်
ခြင်ဆေးခွေများကို သိမ်းဆည်း မီးရှို့ဖျက်ဆီးခဲ့သည်။

ထိုသို့ စစ်ဆေးရာတွင် လက်လီရောင်းချနေသော စားသောက်ကုန်များထဲမှ ဓာတုပစ္စည်း
သုံးစွဲနိုင်သည့် သံသယဖြစ်ဖွယ်ရှိသော စားသောက်ကုန်များ မရောင်းချရန်အတွက် ပညာပေး
လက်ကမ်းစာစောင်များ ဝေပေးခြင်း၊ ဈေးအတွင်းရှိဆိုင်များကို ပြည်သူများအတွက်အန္တရာယ်
ဖြစ်စေသော အစားသောက်များ၊ ကုန်ပစ္စည်းများ ထပ် မတင်စေရန်အတွက် ပညာပေးမှုများ
ပြုလုပ်ခဲ့သည်။

"ကျွန်တော်တို့ကို ဈေးများဌာနက အကူအညီ တောင်းလို့ လာရောက်စစ်ဆေးပေးတာပါ။
ကျွန်တော်တို့ အဖွဲ့က အများပြည်သူအတွက် ရည်ရွယ်ပြီးတော့ လုပ်တာပါ။ အများပြည်သူ
အန္တရာယ် ဖြစ်စေနိုင်တဲ့ အစားအသောက်တွေ ကုန်ပစ္စည်းတွေ ပျောက်ကွယ်သွားစေဖို့အတွက်ပါ။
စားသုံးရန်မသင့်တဲ့ စားသောက်ကုန်များ ဆက်ရောင်းချနေရင် အရေးယူမှုတွေ ပြုလုပ်သွားချင်ပါ
တယ်။ အရေးယူမှုပြုလုပ်ဖို့အတွက် နေပြည် တော်ကောင်စီကို စာတင်ထားပါတယ်။ အမိန့်ကို
စောင့်နေရဆဲမို့ အခုလက်ရှိတော့ ပညာပေးအစီအစဉ်ပဲ ရှိပါသေးတယ်" ဟု မြန်မာနိုင်ငံစားသုံးသူ
ကြိုတင်ကာကွယ်ရေးအသင်း နေပြည်တော်တာဝန်ခံ ကိုသူရဇော် ကပြောသည်။

နေပြည်တော် အာဟာရသုခဈေးရှိ လက်လီလက်ကား အရောင်းဆိုင်များကို စစ်ဆေးမှုများ
ပြုလုပ်ရာတွင် ဆိုးဆေး အသုံးပြုထားသည့် လက်ဖက်၊ ငါးပိ၊ ယိုစုံ၊ ချဉ်ဖတ်၊ ချင်း နှပ်၊
တရုတ်မုန့်များ၊ ငရုတ်သီးမှုန့်၊ အရောင်တင်မှုန့်၊ နနွင်းမှုန့် တို့ကိုစစ်ဆေး၍ တရားဝင်ပိတ်သိမ်း
ထားသော ကျင်းထုံခြင်း ဆေးခွေဘူး ၈၀ ကို သိမ်းယူကာ နေပြည်တော်စည်ပင်သာယာရေး
ကော်မတီနှင့် စားသုံးသူကာကွယ်ရေးအသင်းတို့ ယခုလ ၁၄ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး