နေပြည်တော်၏ ပထမဆုံးကွန်ဒို မတ်လ စတင်ရောင်းချမည်

နေပြည်တော်၏ ပထမဆုံးကွန်ဒို မတ်လ စတင်ရောင်းချမည်

နေပြည်တော်၏ ပထမဆုံး ကွန်ဒိုမီနီယံဖြစ်သည့် Kris PLAZA မှ အခန်းများကို မတ်လတွင်
စတင်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

"၂၀၁၅ နှစ်ဆန်းက လုပ်ငန်းပိုင်းစတင်ခဲ့ပါတယ်။ မတ်လမှာတော့ Kris PLAZA မိတ်ဆက်ပွဲနဲ့
စတင်အရောင်းပွဲကို ရန်ကုန်မြို့မှာ ကျင်းပသွားမှာဖြစ်ပါတယ်"ဟု Lighting Specialist Co.,ltd မှ
မန်နေးဂျင်း ဒါရိုက်တာ ဦးကျော်မိုးနိုင်က ပြောသည်။

ကွန်ဒိုတိုက်ခန်းများ ရောင်းချရာတွင် မြန်မာကွန်ဒိုမီနီယံဥပဒေအတိုင်း ပိုင်ဆိုင်မှု
အထောက်အထားများကို ရရှိမည်ဟု ၎င်းက ပြောသည်။

နေပြည်တော် ကျောက်စိမ်းခန်းမအနီး၊ သပြေကုန်းရပ်ကွက်တွင် အဆင့်မြင့်ကွန်ဒို နှစ်ခုကို
ယခုနှစ်ဆန်းပိုင်းကတည်းက စတင် ဆောက်လုပ်နေခြင်းဖြစ်ကာ First Myanmar Investment
Co., Ltd နှင့် Lighting Specialist Co., Ltd တို့က အကျိုးတူ ပူးပေါင်းတည်ဆောက်ခြင်း
ဖြစ်ကြောင်း သိရသည်။

အဆိုပါ Kris PLAZA တွင် ရိုးမဘဏ်ခွဲအပါအဝင် တိုက်ခန်း ၁၁၄ ခန်း၊ ကားရပ်နားရန်
မြေအောက်ခန်း၊ ရေကူးကန် နှင့် Retail Plaza တို့လည်းပါ၀င်မည် ဖြစ်သည်။

အမေရိကန် ဒေါ်လာ ၂၄ သန်း အကုန်အကျခံကာ ၁၀ ထပ်အမြင့် တည်ဆောက်မည်ဖြစ်ပြီး
၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြီးစီးမည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး