ပညာရေးဘတ်ဂျက်အား ငါးဆအထိ တိုးမြှင့် သုံးစွဲရန်လျာထား

ပညာရေးဘတ်ဂျက်အား ငါးဆအထိ တိုးမြှင့် သုံးစွဲရန်လျာထား

လာမည့်၂၀၁၅ - ၁၆ ပညာသင်နှစ်တွင် ပညာရေးဝန်ကြီးဌာန၏ ကဏ္ဍသုံးခု အတွက်
ပညာရေးဘတ်ဂျက် ငါးဆအထိ တိုးမြှင့်သုံးစွဲနိုင်ရန် လျာထားကြောင်း ပညာရေးဝန်ကြီးဌာနမှ
ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်က လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

ပညာရေးဝန်ကြီးဌာန ကဏ္ဍ သုံးရပ်တွင် အခြေခံပညာကဏ္ဍ၊ အဆင့်မြင့်ပညာ ကဏ္ဍနှင့်
အခြားကဏ္ဍတို့တွင် ကျပ် ၁,၄၀၉ ဒသမ ၉၁၉ ဘီလျံသုံးစွဲရန် လျာထားသောကြောင့်
ပညာရေး အသုံးစရိတ်သည် ငါးဆခန့် တိုးမြင့်လာမည်ဟု ၎င်းကပြောသည်။

"ပညာရေးဝန်ကြီးဌာနရဲ့ အခြေခံပညာကဏ္ဍ၊ အဆင့်မြင့်ပညာကဏ္ဍနဲ့ ဆရာအတတ်သင်တို့၊
မြန်မာနိုင်ငံစာစစ် တို့လို အခြားကဏ္ဍတွေအတွက် ပညာရေး အသုံးစရိတ် သုံးစွဲနိုင်ဖို့ဘတ်ဂျက်ကို
တင်ပြတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၁ - ၁၂ ပညာသင်နှစ်ရဲ့ ဘဏ္ဍာနှစ်မှာ ပညာရေး အသုံးစရိတ်
၃၀၉ ဒသမ ရ၁၄ ဘီလျံကနေ လာမယ့် ၂၀၁၅ - ၁၆ ပညာသင်နှစ်(အခု စတဲ့ဘဏ္ဍာနှစ်)မှာ
၁,၄၀၉ ဒသမ ၉၁၉ ဘီလျံအထိ ပိုပြီး ရင်းနှီးမြှုပ်နှံဖို့ နိုင်ငံတော်ကို တင်ပြထားပါတယ်"ဟု
၎င်းကပြောကြားသည်။

ပညာရေးကဏ္ဍအတွင်း အခြေခံပညာ ကဏ္ဍသည် အဓိကအကျဆုံး ကဏ္ဍဖြစ်သည့်အတွက်
၎င်းကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှုသည် အခြားကဏ္ဍများထက် ၈ ဒသမ ၄ ရာခိုင်နှုန်း
ပိုမိုများပြားနိုင်မည် ဖြစ်ကြောင်း၊ အဆင့်မြင့်ပညာကဏ္ဍအတွက် ၁၄ ဒသမ ၃၉ ရာခိုင်နှုန်းဖြစ်ပြီး
ဆရာအတတ်သင်ကဏ္ဍအတွက် ၂ ဒသမ ၄၇ ရာခိုင်နှုန်းနှင့် အခြားကဏ္ဍများအတွက်
၁ ဒသမ ရ၄ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံ ရန်လျာထားသည်။

ထို့ပြင် အခြေခံပညာကဏ္ဍအတွင်း နှစ်စဉ်ဆရာ၊ ဆရာမဦးရေ တိုးချဲ့ခန့်ထား လျက်ရှိရာ
၂၀၁၁ - ၁၂ ပညာသင်နှစ်တွင် ၁၆၄,၅၅၁ ဦးခန့်ထားခဲ့ပြီး လာမည့်နှစ်တွင် ၃၉၆,၇၇၇ ဦး
ခန့်ထားရန် ရည်ရွယ်ထားသည့်အတွက် ဆရာဦးရေ နှစ်သိန်းကျော် တိုးတက်လာမည်ဖြစ်သည်။

အဆင့်မြင့်ပညာကဏ္ဍလည်း ကျောင်းသား ငါးသိန်းကျော် ရှိနေပြီး ၎င်းကဏ္ဍအတွက်
ပညာရေးဘတ်ဂျက် ၅ ဒသမ ၄ ဆ နီးပါး သုံးစွဲမည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး