FMI ကုမ္ပဏီ က တာဝန်ယူတည်ဆောက် လျက်ရှိသော နေပြည်တော်၏ ပထမဆုံး စီးပွားရေးဆိုင်ရာ
ပလာဇာနှင့် ကွန်ဒို တိုက်ခန်းများပါ၀င်သော kris Plaza အရောင်းပြခန်းကို ရန်ကုန်မြို့တွင် အရစ်
ကျစနစ်ဖြင့် ပြီးခဲ့သည့်တစ်ပတ်က စတင် ရောင်းချခဲ့သည်။ "ခရစ်ပလာဇာက အက်ဖ်အမ်အိုင်
ကုမ္ပဏီရဲ့ နေပြည်တော်မှာ တည်ဆောက် တဲ့ ပထမဆုံး ကွန်ဒိုတစ်ခုဖြစ်ပါတယ်။
နေပြည်တော်ရဲ့ အချက်အချာကျတဲ့နေရာ မှာ တည်ဆောက်ထားပြီး ပလာဇာနဲ့ ကွန်ဒိုတိုက်ခန်းတွေ
ပါ၀င်ပါတယ်။ ရန်ကုန် မြို့ကလူတွေက နေပြည်တော်မြို့ခံတွေ ထက် ဒီကွန်ဒိုကို၀ယ်ယူဖို့ ပိုမိုစိတ်ဝင်
စားကြပါတယ်" ဟု ကုမ္ပဏီ တာဝန်ရှိသူတစ်ဦး က ပြောသည်။
ထိုအဆောက်အအုံကို အက်ဖ်အမ်အိုင်ကုမ္ပဏီနှင့် Krislite(Lighting Specialist Company)
တို့ အကျိုးတူ ပူးပေါင်းဆောက် လုပ်ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ် နှစ်လယ်ပိုင်း တွင် တည်ဆောက်မှုပြီးစီးမည်
ဖြစ်သည်။ ထိုပလာဇာကို မြေဧက ၁ ဒသမ ၂၅ ဧကရှိ မြေပေါ်တွင် ဆောက်လုပ်ထားခြင်းဖြစ်ပြီး
တိုက်ခန်း ၁၁၄ ခန်း ပါ၀င်သည့် ၁၀ ထပ် အမြင့်ရှိ အဆောက်အအုံ နှစ်ခု၊ အရောင်း ဆိုင်များနှင့်
ရိုးမဘဏ်တို့ ပါ၀င်မည် ဖြစ်သည်။ ထို့ပြင် ပလာဇာတွင် ရေကူးကန်၊ အပန်းဖြေနားနေခန်း၊ အားကစား
ခန်းမနဲ့ ကလေးကစားကွင်းများလည်း ထည့်သွင်း တည်ဆောက်သွားမည် ဖြစ်သည်။ တိုက်ခန်းအကျယ်
များမှာ ၆၉၇ စတုရန်းပေမှ ၁,၂၇၆ စတုရန်းပေအထိရှိပြီး အိပ်ခန်း တစ်ခန်းမှ သုံးခန်းအထိ ရွေးချယ်
ယူနိုင် မည် ဖြစ်သည်။
ဈေးနှုန်းမှာ အောက်ထပ် အခန်းများအတွက် တစ်စတုရန်းပေလျှင် ကျပ် ၁၃၀,၀၀၀ ကျော်ဖြစ်ပြီး
အပေါ်ထပ် များအတွက် ၂၀၀,၀၀၀ ကျော်ရှိသည်။ "ဒီစီမံကိန်းကို အက်ဖ်အမ်အိုင်ကုမ္ပဏီ နဲ့
ပူးပေါင်းလုပ်ကိုင်တာဖြစ်ပြီး ခရစ်လိုက် ကုမ္ပဏီ (krislite) ရဲ့ နေပြည်တော်မှာ လုပ်တဲ့ ပထမဆုံး
စီမံကိန်းတစ်ခုဖြစ်ပါ တယ်။ ခရစ်လိုက်ကုမ္ပဏီက ရန်ကုန်မြို့ လယ်ကောင်မှာလည်း မြေဧက ၅၀,၀၀၀
စတုရန်းမီတာ အကျယ်မြေပေါ်မှာ ဟိုတယ် နဲ့ ရုံးခန်းတွေပါ၀င်တဲ့ အထပ်၂၀ မြင့် အဆောက်အအုံ
တစ်ခုကို တည်ဆောက် တော့မှာ ဖြစ်ပါတယ်"ဟု ခရစ်လိုက်ကုမ္ပဏီ အိမ်ခြံမြေဌာန မန်နေဂျာ
Mr.Paymond Zha က ပြောသည်။
kris Plaza ကို ၁၈ လကြာ အရစ်ကျ စနစ်ဖြင့် ၀ယ်ယူနိုင်ပြီး ပထမသုံးလအတွင်း တိုက်ခန်း၏
၃၅ ခိုင်နှုန်းပေးရမည်ဖြစ်ကာ နောက် ၁၅ လအတွင်း ၅၀ ရာ ခိုင်နှုန်းပေးသွင်း ရမည်ဖြစ်ပြီး
တိုက်ခန်းအပ်သည့်အချိန်တွင် ကျန်ရှိသည့် ၁၅ ရာခိုင်နှုန်းကို ပေးသွင်း ရမည် ဖြစ်သည်။
ထိုပလာဇာမှာ နေပြည်တော်ရှိ ဇဗ္ဗူ သီရိမြို့နယ်တွင် တည်ရှိပြီး အနီးနားတွင် သပြေကုန်းဈေးနှင့်
ကျောက်စိမ်းပြတိုက်၊ ဂေါက်ကွင်း၊ ရေပန်းဥယျာဉ်၊ Capital Hyper Market၊ Junction Square
နှင့် ဟိုတယ်ဇုန်တို့ တည်ရှိလျက်ရှိသည်။
















