လာမည့်ခြောက်နှစ်အတွင်း အရွယ်ရောက်ပြီးသူ ၄၀ ရာခိုင်နှုန်း ငွေကြေးဝန်ဆောင်မှုနှင့် လက်လှမ်းမီစေရန် ဆောင်ရွက်မည်

လာမည့်ခြောက်နှစ်အတွင်း အရွယ်ရောက်ပြီးသူ ၄၀ ရာခိုင်နှုန်း ငွေကြေးဝန်ဆောင်မှုနှင့် လက်လှမ်းမီစေရန် ဆောင်ရွက်မည်

မြန်မာနိုင်ငံတွင် လာမည့်ခြောက်နှစ်အတွင်း အရွယ်ရောက်ပြီးသူများ၏ ၄၀ရာခိုင်နှုန်းကို
အရည်အသွေးပြည့်မီသော ငွေကြေးဝန်ဆောင် မှုလုပ်ငန်းများနှင့် လက်လှမ်းမီစေရန် ရေနှင့်
အခွန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဘဏ္ဍာ ၀န်ကြီးဌာန ပြည ်ထောင်စုဝန်ကြီး ဦးဝင်းရှိန်
က ဧပြီလ ၁ ရက်နေ့တွင် ပြောကြားသည်။

အဆိုပါရည်မှန်းချက်ကို အကောင် အထည်ဖော်မည့် ငွေကြေးဆိုင်ရာလက်လှမ်း မီမှု
လမ်းပြမြေပုံမိတ်ဆက်ပွဲ အခမ်းအနားကို ဧပြီလ ၁ ရက်နေ့က နေပြည်တော်ရှိ အပြည်
ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန(၁)တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းလမ်းပြမြေပုံအရ
၂၀၁၄ ခုနှစ်တွင် အရွယ်ရောက်သူ ၃၀ ရာခိုင် နှုန်း လက်လှမ်းမီနေရာမှ ၂၀၂၀ တွင် ၄၀
ရာခိုင် နှုန်းအထိ လက်လှမ်းမီ သုံးစွဲသွားနိုင်စေရန် မျှော်မှန်းထားကြောင်း ပြည်ထောင်စု
၀န်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

"တာဝန်ယူမှုရှိပြီး နိုင်ငံတကာစံနှုန်းများ နဲ့ ကိုက်ညီသော အားလုံးပါ၀င်သည့် ထိရောက်၍
အရည်အသွေးပြည့်ဝသည့် ငွေ ကြေးဝန်ဆောင်မှုကို ၂၀၁၄ ခုနှစ်တွင် နိုင်ငံ့ အရွယ်ရောက်ပြီး
သူဦးရေ၏ ၃၀ ရာခိုင်နှုန်း သုံးစွဲနေရာမှ ၂၀၂၀ ခုနှစ်တွင် ၄၀ ရာခိုင်နှုန်း အထိ တိုးတက်သုံးစွဲရေး၊
ငွေကြေးဝန်ဆောင် မှု တစ်ခုထက် ပိုမိုသုံးစွဲသူ ဦးရေ၏ ခြောက် ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ
တိုးတက် ရရှိရေး၊ ဆက်စပ်ပတ်သက်သူအားလုံးက စုစည်းညီညွတ်စွာ ပူးပေါင်းအကောင်အထည်
ဖော်ဆောင်ရွက်ရေး ရည်မှန်းဆောင်ရွက်မှာ ဖြစ်ပါတယ်"ဟု ဦးဝင်းရှိန်က ပြောကြားသည်။
အဆိုပါလမ်းပြမြေပုံကို မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်၊ ကုလသမဂ္ဂ အရင်းအနှီး
ဖွံ့ဖြိုးမှု ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်း ရေးဆွဲခဲ့ခြင်းဖြစ်ပြီး မိတ်ဆက်ပွဲအခမ်းအနား သို့ ကုလသမဂ္ဂ
အထွေထွေ အတွင်းရေးမှူးချုပ် ၏ ဖွံ့ဖြိုးတိုးတက်မှုများအတွက် ဘဏ္ဍာရေး ဆိုင်ရာအကြံပေးလည်းဖြစ်သူ
နယ်သာလန် ဘုရင်မ Queen Maxima နှင့် ကိုယ်စားလှယ် အဖွဲ့လည်း တက်ရောက်ခဲ့သည်။

"အဓိကရည်ရွယ်ချက်ကတော့ တရား ၀င်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေ ဆောင် ရွက်မှု
တိုးတက်စေရေးပဲ ဖြစ်ပါတယ်"ဟု ဘုရင်မက ၎င်းအခမ်းအနားတွင် ပြောကြား ခဲ့သည်။
ပြည်သူများ ငွေကြေးဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းများနှင့် လက်လှမ်းမီမှုရရှိရေးသည်
မြန်မာနိုင်ငံအတွက် အထူးအရေးကြီးနေပြီး လက်ရှိတွင် တရားဝင်မဟုတ်သော ငွေကြေး
၀န်ဆောင်မှုများကို ရယူသုံးစွဲနေရကြောင်း၊ ထို့ကြောင့် တရားမဝင်ငွေကြေးဝန်ဆောင်မှု
လုပ်ငန်းများကို တရားဝင်ငွေကြေးဝန်ဆောင် မှု လုပ်ငန်းများဖြစ်စေရန် ဆောင်ရွက်ပေးရ
မည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ််၊ မြောင်းတကာ ကျေးရွာသို့
သွားရောက်လေ့လာပြီး တွေ့ရှိရသည့် အခြေ အနေကို ထင်ဟပ်ပြောကြားခဲ့သည်။

၎င်း၏ ခရီးစဉ်တွင်း အမျိုးသမီးများ မိုဘိုင်းတယ်လီ ဖုန်းအသုံးပြုသည်ကို တွေ့ရှိခဲ့ရသော်လည်း
ဘဏ်စာရင်းများ ဖွင့်လှစ်အသုံးပြုခြင်းကိုမူ မတွေ့ရှိရကြောင်း မီဒီယာများနှင့် ပြုလုပ် သော
သတင်းစာရှင်းလင်းပွဲတွင်လည်း ထည့် သွင်းပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် ငွေကြေး
၀န်ဆောင်မှုလုပ်ငန်းများ တိုးတက် အောင် အကောင်အထည်ဖော်ခြင်းဖြင့်နိုင်ငံ ၏ ဖွံ့ဖြိုးတိုး
တက်ရေးကိုလည်း အထောက်အကူ ပြုမည်ဖြစ်ကြောင်း ဘုရင်မက ပြောသည်။

ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းကလည်း လမ်းပြ
မြေပုံကို အခြေခံပြီး သက်ဆိုင်ရာဝန်ကြီးဌာန များပါ၀င်သည့် ဦးဆောင်ကော်မတီနှင့်
လုပ် ငန်းအဖွဲ့များ ဖွဲ့စည်းထူထောင်ကာ အရည် အသွေးပြည့်ဝသော တရားဝင်ငွေကြေး
၀န်ဆောင်မှုလုပ်ငန်းများ အားကောင်းအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာတိုင်း(မ်)သို့
ပြောကြားခဲ့သည်။

"အရင်ဆုံးတော့ ဘဏ္ဍာရေး အင်အား တောင့်တင်းအောင်လုပ်မယ်။ နောက် ဘဏ္ဍာ ရေး
အဖွဲ့အစည်းတွေ အားကောင်းလာ အောင်လုပ်မယ်။ လက်ရှိ ရှိနေတဲ့ ဘဏ္ဍာရေး အဖွဲ့အစည်းတွေ
ကို အားကောင်းအောင် လုပ်ဖို့ ဒေါက်တိုင်ကြီးနှစ်တိုင်ရှိတယ်။ နံပါတ် တစ်က ဘဏ်တွေကို
အားကောင်းလာအောင် လုပ်ပေးမယ်။ နောက် ငွေကြေးဈေးကွက် အားကောင်းလာအောင်
လုပ်ပေးမယ်" ဟု ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။ လမ်းပြမြေပုံ၏ ပထမအဆင့်အနေဖြင့်
ငွေကြေးအဖွဲ့အစည်းတွေကို အားကောင်း လာအောင်ပြုလုပ်မည်ဖြစ်ပြီး ဒုတိယအဆင့်
တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း များကို ဖွံ့ဖြိုးအောင် ဆောင်ရွက်သွားမည်ဖြစ်
ကာ တတိယအဆင့်တွင်လည်း အငယ်စား၊ အသေးစား အလတ်စားစီးပွားရေးလုပ်ငန်း
များကို အားကောင်းလာအောင် လုပ်ဆောင် သွားမည်ဖြစ်သည်။ နောက်ဆုံးအဆင့်တွင်မူ
၀င်ငွေနည်းအိမ်ထောင်စုများအား ၀င်ငွေ တိုးတက်စေရန် အခွင့်အလမ်းများဖန်တီးလုပ်
ဆောင်သွားမည်ဖြစ်သည်။ တရားမဝင်ငွေကြေးဝန်ဆောင်မှု လုပ်ငန်း များအား တရားဝင်
လုပ်ငန်းများဖြစ်လာစေ ရန် အသေးစား၊ ငွေကြေးဝန်ဆောင်မှုလုပ်ငန်း လိုုင်စင်နှင့် ပတ်
သက်ပြီး ပြုပြင်ပြောင်းလဲရန် ရှိ၊ မရှိမေးမြန်းရာတွင်မူ အခြေအနေနှင့် အချိန်အခါအရ
အပြောင်းအလဲရှိနိုင်ကြောင်း ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။ ထို့ပြင် တရား
၀င်အသေးစားငွေချေးလုပ်ငန်း များက ရယူနေသော တစ်လလျှင် ၂ ဒသမ ၅ ရာခိုင်နှုန်း
အတိုးနှုန်းအပေါ် များပြားနေကြောင်း ဝေဖန်မှုများကိုလည်း ၎င်းက ငြင်းဆိုသည်။

" ဒီ Microfinance (အသေးစားငွေချေး လုပ်ငန်း)အဖွဲ့တွေက တောရွာတွေအထိ
လိုက်ပြီး ချေးရတာ ဖြစ်လို့ သူတို့မှာ စရိတ်စက တွေ ပိုကုန်တယ်။ အဲဒီတော့ သူတို့က
အတိုး ပိုယူမှ ကိုက်တယ်" ဟု ဒေါက်တာမောင်မောင် သိမ်းက ပြောကြားခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး