တောင်ကိုရီးယားနိုင်ငံသို့ ငရုတ်သီးတန်ချိန် ၅၀၀ စမ်းသပ်တင်ပို့မည်

တောင်ကိုရီးယားနိုင်ငံသို့ ငရုတ်သီးတန်ချိန် ၅၀၀ စမ်းသပ်တင်ပို့မည်

မြန်မာနိုင်ငံမှ ထွက်ရှိသော ငရုတ်သီးကို တောင်ကိုရီးယားနိုင်ငံ ဈေးကွက်သို့ တန်ချိန်၅၀၀
စမ်းသပ် တင်ပို့ရန် နေပြည်တော်ကောင်စီနယ်မြေအတွင်း စနစ်တကျစိုက်ပျိုးလျက်ရှိကြောင်း
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဧပြီ၂၁ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

လယ်ယာထွက်ကုန်သီးနှံများအား ပြည်ပဈေးကွက်သို့တင်ပို့နိုင်ခြင်းဖြင့် ဈေးကောင်းရရှိကာ
တောင်သူ များလည်းဝင်ငွေတိုးတက်လာနိုင်သောကြောင့် ကိုရီးယားနိုင်ငံနှင့်ချိတ်ဆက်ကာ
ကြိုးပမ်းနေခြင်းဖြစ်ကြောင်း အဆိုပါ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ပြောကြားခဲ့သည်။
ငရုတ်သီးကို ပထမအသုတ်အဖြစ် တန်ချိ်န်၅၀၀ တင်ပို့နိုင်ရန်အတွက် ကျေးရွာအလိုက်
တစ်ဆက်တစ်စပ်တည်း စိုက်ပျိုးလျက်ရှိကြောင်းလည်း ယင်းကပြောကြားခဲ့သည်။

"ကိုရီးယားနိုင်ငံကနေ မြန်မာနိုင်ငံကငရုတ်သီးကို ၀ယ်ချင်ပါတယ်ဆိုပြီး ပြောလာလို့အခု
လိုနေပြည် တော်မှာ စနစ်တကျစိုက်ပျိုးနေတာပါ။ ပထမဆုံးအနေနဲ့တော့ တန်ချိန်၅၀၀ကို
စမ်းသပ်တဲ့သဘောနဲ့စတင်ပြီး တင်ပို့သွားမှာပါ။

ပို့လို့အဆင်ပြေတယ်ဆိုရင်တော့ နောင်ကိုတန်ချိန်ထောင်ဂဏန်း၊ သောင်းဂဏန်းရှိလာမှာ
ဖြစ်တဲ့အတွက် တောင်သူတွေလည်းကျယ်ကျယ်ပြန့်ပြန့် ပါ၀င်လာမှာဖြစ်ပါတယ်" ဟု
အဆိုပါ၀န်ကြီးဌာနမှ သ တင်း ထုတ်ပြန်ရေးတာဝန်ရှိသူ ဦးဝင်းလှိုင်ဦးကပြောကြားသည်။

လက်ရှိတွင် နေပြည်တော်ဥတ္တရသီရိမြို့နယ်အတွင်း ဧက၅၀ကွက်နှင့် ဧက၂၀ကွက်တို့ဖြင့်
စုစုပေါင်းဧ က ရ၀ကို စနစ်တကျစိုက်ပျိုးလျက်ရှိသည်။ ၄င်းစိုက်ခင်းများသည် လက်ရှိတွင်နှစ်
လသားအရွယ်ရှိနေပြီဖြစ် သောကြောင့် အပွင့်များစတင်ဖူးပွင့်နေကာ လာမည့်ဇွန်လတွင်
ရိပ်သိမ်းကာ တင်ပို့သွားနိုင်ဖွယ်ရှိကြောင်း ၎င်း ကပြောကြားသည်။ သို့သော်လည်း
တင်ပို့မည့်ငရုတ်သီးအတွက် တစ်တန်လျှင်ဈေးနှုန်းမည်မျှရရှိမည်ကိုမူ မပြောနိုင်သေးပေ။

ငရုတ်သီးသည် ပြည်တွင်းဈေးကွက်တွင်လည်း ၀ယ်လိုအားခိုင်ခိုင်မာမာရှိနေသော
စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်ပြီး ရာသီအလိုက်ဈေးကောင်းရရှိတတ်ကြောင်း နေပြည်တော်
ပျဉ်းမနားမြို့နယ်မှ တောင်သူဦးခင် မောင်လွင်က ပြောသည်။ "ငရုတ်သီးက
မကြာခင်ဈေးကောင်းတော့မယ်။

မိုးဦးလေဦးကျရင်တစ်ပိသာကို သောင်းဂဏန်းအထိလည်း ရတတ်တယ်။
တကယ်လို့မိုးတအားရွာပြီး ရေကြီးပြီဆိုရင်တော့ သွားပြီ၊ရှုံးပြီပဲ" ဟု ၄င်းက အဆိုပါသီးနှံ၏ ဈေးကွက်အခြေအနေကို ပြောကြားသည်။ နေပြည်တော်ဈေးကွက်
အတွင်းလက်ရှိပေါက်ဈေးအရ တစ်ပိဿာလျှင် လက်ကားဈေးနှုန်း ၃,၅၀၀ ကျပ်ရှိနေပြီး
ရန်ကုန်နှင့်မန္တလေးဈေးကွက်များသို့လည်း တင်ပို့လျက်ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး