အမတော်ချေးငွေကို အချိန်မီ ထုတ်ချေးသင့်ဟု တောင်သူများ ပြောကြား

အမတော်ချေးငွေကို အချိန်မီ ထုတ်ချေးသင့်ဟု တောင်သူများ ပြောကြား

ယခုဘဏ္ဍနှစ်တွင် တောင်သူများအတွက် စိုက်ပျိုးစရိတ်အဖြစ် ကျပ် ဘီလျံ ၁,၄၇၀ ကို
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနက ထုတ်ချေးသွားမည်ဖြစ်ရာ တောင်သူ
လယ်သမားများအကြား 'အမတော်' ချေးငွေ ဟုခေါ်ဝေါ်လေ့ရှိသည့် မိုးစပါးသီးနှံအတွက်
ထုတ်ချေးငွေကို စပါးစိုက်ပျိုးရန် အချိန်မီ ထုတ်ချေးပေးသင့်ကြောင်း လွှတ်တော်ကိုယ်စား
လှယ်အချို့နှင့် တောင်သူများက ပြောကြားသည်။

"မိုးစပါးအတွက် ထုတ်ချေးတဲ့ချေးငွေက တစ်ခါတစ်ခါဆိုရင် စပါးစိုက်ပြီးမှ ရတတ် တယ်။
တောင်သူတွေက အပြင်ကချေးငွေတွေ ရယူပြီး စိုက်ပြီးသွားပြီ၊ ဒါပေမဲ့ လယ်ယာဖွံ့ဖြိုးရေး
ဘဏ်က နောက်မှ ထုတ်ချေးတယ်"ဟု ကရင်ပြည်နယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်
ဦးစောတော်ပလဲက ပြောကြား သည်။ နေပြည်တော် လယ်ဝေးမြို့နယ်အရှေ့ ခြမ်း
အေးချမ်းသာအုပ်စုမှ တောင်သူဦးစံဝင်း က ချေးငွေသည် နောက်ကျမှရတတ်ကြောင်း
ပြောသည်။

"များသောအားဖြင့်တော့ 'အမတော်'ချေးငွေက နောက်ကျမှ ရတတ်တယ်။ သူ့ကိုရတဲ့
အချိန်မှာ မိုးစပါးက အတော်များများစိုက် ပြီးနေပြီ။ အထူးသဖြင့် အလုပ်သမားရှားလာ
လို့ ကြဲသား (ပျိုးထောင်စိုက်ပျိုးခြင်း မဟုတ်ဘဲ စပါးအစေ့ကိုတိုက်ရိုက်ကြဲပက် စိုက်ပျိုး
သည့်စနစ်)တွေစိုက်လာတဲ့ ဒီနောက် ပိုင်းနှစ်တွေမှာ ချေးငွေကိုတောင်သူတွေက
စောစောလိုအပ်လာတယ်။ ဒီလိုမဟုတ်ဘူး ဆိုရင်တော့ အပြင်ကနေပဲ ၁၀၊ ၁၅
ကျပ် အတိုးနဲ့ ယူပြီး စိုက်ရတော့တာပဲ" ဟု ပြော သည်။

ယမန်နှစ်က မိုးစပါးအတွက်ထုတ်ချေး သော ချေးငွေကို မေလကုန်ပိုင်းနှင့်
ဇွန်လ ဆန်းတွင် ထုတ်ချေးပေးခဲ့ပြီး ယခုနှစ်တွင်မူ သီးနှံစိုက်ချိန်မီစေရန်အတွက် မေလအတွင်း
ရချင်ကြောင်း တောင်သူများက ပြောကြား သည်။ "လာမည့် မေလထဲမှာရချင်တယ်။ အဲဒီ
အချိန်ဟာ တောင်သူအားလုံးအတွက် အချိန် ကောင်းပဲ"ဟု နေပြည်တော်ပျဉ်းမနား မြို့နယ်
မှ တောင်သူဦးလှထွန်းက ပြော ကြားသည်။ ၂၀၁၅၁၆ ဘဏ္ဍာနှစ်အတွက် လယ်ယာ
ဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများကို မိုးရာသီချေးငွေ၊ ဆောင်းရာသီချေးငွေနှင့် မိုးကြိုရာသီ
စိုက်ပျိုးစရိတ်ချေးငွေများဟူ၍ ထုတ်ချေး သွားမည်ဖြစ်ရာ ချေးငွေသုံး ရပ်အတွက် ကျပ်
၁,၄၇၀ ဘီလျံကို အမျိုးသားစီမံကိန်းဥပဒေတွင် ထည့်သွင်းထားသည်။ အစီအစဉ်အရ
နိုင်ငံတစ်ဝန်းရှိ စပါးသီးနှံစိုက်ဧက ၁၂ ဒသမ ၉၃ သန်းအပါအဝင် စုစုပေါင်းသီးနှံစိုက်ဧက
၂၁ သန်းခန့်အတွက် ထုတ်ချေးသွားမည်ဖြစ် သည်။ သီးနှံအလိုက်စိုက်ပျိုးစရိတ် ထုတ်ချေး
မည့်လျာထားချက်အရ နိုင်ငံတော်၏ အဓိက သီးနှံဖြစ်သော စပါးနှင့်ကြံသီးနှံတို့အတွက်
တစ်ဧကလျှင် ကျပ်တစ်သိန်းစီနှင့် အခြား သောသီးနှံများနှင့် ယာသီးနှံများအတွက် တစ်ဧက
လျှင် ကျပ်နှစ်သောင်းနှုန်း ဖြစ်သည်။ အဆိုပါချေးငွေသည် တောင်သူများ အတွက် အမှန်တကယ်လိုအပ်သည့်ချေးငွေဖြစ်သော်လည်း ချေးငွေသက်တမ်းတိုသောကြောင့်
တောင်သူများအကျိုးခံစားရမှုနည်း နေကြောင်း ဧရာဝတီတိုင်းဒေသကြီးမှ အမျိုး သား
လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ရီ က ပြောကြားသည်။

မိုးစပါးရိပ်သိမ်းပြီး စတင် ထွက်ပေါ်သော ဒီဇင်ဘာနှင့်ဇန်နဝါရီလများ တွင် ချေးငွေကို
ပြန်လည်ပေးဆပ်ရသည့်အတွက် စပါးကို ဈေးကောင်းရသောအချိန် အထိ မစောင့်
ဆိုင်းနိုင်ဘဲ ရသည့်ဈေးနှင့် ထုတ်ရောင်းကာ ကြွေးဆပ်နေရကြောင်း ၎င်းက ပြောသည်။
သို့သော် ချေးငွေ သက်တမ်းကိုတိုးမြင့်ရန်မဖြစ်နိုင်သေးကြောင်း လယ်ယာစိုက်ပျိုးရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအုန်းသန်းက ပြောကြားခဲ့သည်။ တောင်သူ
များသီးနှံပေါ်၊ ၀င်ငွေရှိသည့် အချိန်တွင် ပြန်ဆပ်စေခြင်းသည် ကြွေးဆုံးမှုကိုလျှော့ချ နိုင်ကြောင်း၊
ထိုကဲ့သို့မဟုတ်ပါက ကြွေးဆုံး နိုင်ခြေပိုများနိုင်ကြောင်း ၎င်းကပြောကြား ခဲ့သည်။

ထိုသို့ချေးငွေများကို အချိန်မီ ထုတ်ချေး နိုင်ရန်အတွက် ဆောင်ရွက်နေကြောင်း နေပြည်တော်
ပျဉ်းမနားမြို့နယ် လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ကြီးကြပ်ရေးမှူး ဦးစိုးနိုင်က ပြောကြားသည်။
ပြည်ထောင်စု လွှတ်တော်က ဘတ်ဂျက်နှင့့် စီမံကိန်းများကို လေ့လာစိစစ်ရန် ဖွဲ့စည်း
ထားသော ပူးပေါင်းကော်မတီများက တောင်သူများအတွက် စိုက်ပျိုးရေးစရိတ်အရင်းအနှီး
ဖြစ်စေမည့် ချေးငွေထုတ်ပေးမှုမှာ အမှန်တကယ် ဆောင်ရွက်ပေးသင့်သည့် လုပ်ငန်း
တစ်ခုဖြစ်ကြောင်း သုံးသပ်ထားသည်။ သို့သော်လည်း အခြားသီးနှံနှင့် ယာသီးနှံစိုက်တောင်
သူများအတွက်ပါ ချေးငွေပမာဏပိုမိုထုတ်ချေးသင့်ကြောင်း အကြံပြုထားသည်။ ပြီးခဲ့သည့်
၂၀၁၄၁၅ ဘဏ္ဍာနှစ်တွင် စပါးစိုက်ဧက ၁၂ ဒသမ ၉၇ သန်းအပါအဝင် စုစုပေါင်းသီးနှံစိုက်
ဧက သန်း ၂၀ အတွက် ချေးငွေသုံးမျိုး စုစုပေါင်းကျပ် ၁,၄၆၂ဘီလျံ ခန့် ထုတ်ချေးခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး