ပိုလန်-မြန်မာ လွှတ်တော်များ ချစ်ကြည်ရင်းနှီးရေးအသင်း ဖွဲ့စည်း

ပိုလန်-မြန်မာ လွှတ်တော်များ ချစ်ကြည်ရင်းနှီးရေးအသင်း ဖွဲ့စည်း

အမျိုးသားလွှတ်တော်နှင့် ပိုလန်နိုင်ငံတို့အကြား အကြောင်းကိစ္စများ ဖလှယ်နိုင်ရန်အတွက်
ပိုလန်-မြန်မာ လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်းကို မေလ ၁၉ ရက်နေ့က ဖွဲ့စည်းခဲ့ပြီး
မေလ ၂၅ ရက်နေ့တွင် အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သည်။

အသင်းတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးခင်မောင်ရီက ဥက္ကဋ္ဌ အဖြစ်
လည်းကောင်း၊ ဒေါက်တာ မြတ်ဉာဏစိုး က အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ဦးထွန်းဇော်(ခ)
ကိုပေါက်၊ ဦးနေဝင်းထွန်းနှင့် ဦးစိုးဟန်လင်းတို့က အဖွဲ့ဝင်အဖြစ်လည်းကောင်း စုစုပေါင်း ငါးဦး
ပါ၀င်ဖွဲ့စည်းထားသည်။

"ဘာပဲပြောပြော လွှတ်တော်ချင်း ဖလှယ်တာဆိုတော့ တိုင်းရေးပြည်ရေး၊ နိုင်ငံရေးအရ
သူတို့နိုင်ငံမှာ လက်ရှိ အနေအထား တိုးတက်မှုတွေ၊ ကိုယ့်နိုင်ငံကလည်း အခုမှ ဒီအစိုးရနဲ့
ခြေလှမ်းသစ် စတာဆိုတော့ ဒီမိုကရေစီပုံစံ အတုယူမှုတွေ အများကြီးရမယ်၊ အကျိုးတော့ ရှိမှာပါ"
ဟု အဖွဲ့ဝင်တစ်ဦးဖြစ်သူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထွန်းဇော်(ခ) ကိုပေါက်က
မြန်မာတိုင်း(မ်)ကို ပြောသည်။

"လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးမှုက အပြန်အလှန်ဖလှယ်လို့ရတယ် ဒီနိုင်ငံရဲ့ လွှတ်တော်အတွင်း
ဆောင်ရွက်နေပုံတွေ၊ ပိုလန်နိုင်ငံက လွှတ်တော်တွေရဲ့ ဖွဲ့စည်းပုံတွေ သူတို့ရဲ့
လုပ်ကိုင်ဆောင်ရွက်တဲ့ အပိုင်းတွေကို ကျွန်တော်တို့ အပြန်အလှန် နားလည်မှုတွေ ရနိုင်တယ်
အပြန်အလှန် ပူးပေါင်းဆောင်ရွက်လို့ ရနိုင်တယ်၊ အခုလို နှစ်နိုင်ငံ လွှတ်တော်ချင်း
ချစ်ကြည်ရင်းနှီးရေးအသင်းဖွဲ့တာ ကောင်းတယ်လို့ မြင်ပါတယ်"ဟု အမျိုးသားလွှတ်တော်
ကိုယ်စားလှယ် ဦးသိမ်းဆွေ က ပြောကြားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး