ပုလဲပြပွဲ၌ ယူရို သုံးသန်းကျော်ဖိုး ရောင်းချခဲ့ရ

ပုလဲပြပွဲ၌ ယူရို သုံးသန်းကျော်ဖိုး ရောင်းချခဲ့ရ

နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမ အတွင်း ဇူလိုင် ၂၂ မှ ၂၄ ရက်အထိ ပြုလုပ်ခဲ့သည့်
(၁၈၈) ကြိမ်မြောက် မြန်မာ့ပုလဲပြပွဲတွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ယူရိုငွေ သုံးသန်းကျော်ဖိုး
ရောင်းချခဲ့ရသည်။

"အရင်အကြိမ်တွေထက်စာရင် ရောင်းအားက အတွဲအနေနဲ့ ဆိုရင် ၃၄၂ တွဲမှာ ၃၃၇ တွဲရောင်းရတဲ့
အတွက် ၉၈ ရာခိုင်နှုန်းလောက်ရောင်းရပါတယ်" ဟု မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး
လုပ်ငန်း၊ ရောင်းချဖြန့်ဖြူးရေးဌာနခွဲ ဌာနမှူး ဒေါ်မြမြဝင်းက ဇူလိုင် ၂၄ ရက်က ပြောသည်။

ယခုနှစ် ပုလဲပြပွဲတွင် ကြမ်းခင်းဈေး အနည်းဆုံး ယူရို ရ,၀၀၀ ရှိသည့် ပုလဲအတွဲများကို တစ်တွဲလျှင်
ယူရို သုံးသောင်းကျော်ဖြင့် ဈေးအမြင့်ဆုံးပေး ၀ယ်ယူသူများလည်း ရှိခဲ့သည်။

"ထူးထူးခြားခြား ရောင်းချရတဲ့ ပုလဲ အတွဲ ငါးတွဲ၊ ခြောက်တွဲလောက် ပါပါတယ်။ အဲဒါတွေကို
ယူရို သုံးသောင်းကျော်နဲ့ ရောင်းရတာတွေရှိပါတယ်။ ကြမ်းခင်းဈေးကတော့ ရ,၀၀၀၊
တစ်သောင်းကျော်လောက် ရှိပါတယ်" ဟု ဒေါ်မြမြဝင်းက ပြောသည်။

ယခုနှစ်တွင် ပြည်တွင်းကုန်သည် ရ၂ ဦးနှင့် ပြည်ပကုန်သည် ၁၄ ဦး၊ စုစုပေါင်း ၈၆ ဦး
လာရောက်ခဲ့ကြပြီး ပြည်တွင်းကုန်သည်များ အများဆုံးဝယ်ယူခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး