ဇမ္ဗူသီရိအထူးကုဆေးရုံ၌ ရုတ်တရက် နှလုံးသွေးကြောပိတ်မှုကို ကုသပေး

ဇမ္ဗူသီရိအထူးကုဆေးရုံ၌ ရုတ်တရက် နှလုံးသွေးကြောပိတ်မှုကို ကုသပေး

နေပြည်တော်စည်ပင်သာယာရေးကော်မတီက ဖွင့်လှစ်ထားသည့် ဇမ္ဗူသီရိအထူးကုဆေးရုံကြီးတွင်
အရေးပေါ် နှလုံးရောဂါကုသခြင်းများ၊ နှလုံးရောဂါများကို ခေတ်မီစက်ကြီးများဖြင့် ရှာဖွေခြင်း၊
အသံလှိုင်းဖြင့် အထူးပြုလုပ်ထားသည့် နှလုံးသွေးကြောကျဉ်း ရောဂါကုစက်ကြီးဖြင့်
ကုသပေးနေသည်။

"နှလုံးသွေးကြောကျဉ်း ရောဂါတွေကို အထူးအလေးထားပြီး ကုသပေးနေပါတယ်။ အီးစီဂျီ၊
လမ်းလျှောက်စက်၊ နှလုံေးသွးကြော ပုံရိပ်ဖော်စက်တွေနဲ့ တိကျတဲ့ရောဂါရှာဖွေ ကုသပေးပါတယ်။
အဲဒီစက်တွေနဲ့ စမ်းသပ်ပြီး ရ၀ ရာခိုင်နှုန်းအထက် နှလုံးသွေးကြောကျဉ်းတယ်ဆို
ထိထိရောက်ရောက် ရောဂါကုသဖို့ လိုအပ်ပါတယ်။ လူနာခံစားရတဲ့ ဝေဒနာအတိမ်အနက်ပေါ်
မူတည်ပြီး ဆေးနဲ့ကုသခြင်း ဒါမှမဟုတ် နှလုံးသွေးကြောချဲ့ရမလားဆိုတာ ဆက်ပြီးဆုံးဖြတ်
ကုသပေးမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ရုတ်တရက်နှလုံး သွေးကြောပိတ်ခြင်းကို
စတင်ကုသပေးနေပါပြီ။ သွေးကြောပိတ်တာက နှစ်နာရီ၊ သုံးနာရီ အတွင်းမှာ ဖွင့်နိုင်မှ
အသက်ရှင်နိုင်ပြီး နှလုံးကြွက်သားတွေ ထိခိုက်ပျက်စီးခြင်းကို ကာကွယ်နိုင်မှာပါ"ဟု ဆေးရုံ၏
နှလုံးနှင့်အထွေထွေ ရောဂါအထူးကု ဆရာဝန်ကြီး ဒေါက်တာသက်ဟိန်း ကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး