ပျဉ်းမနားနှစ်ကျိပ်ရှစ်ဆူဘုရားပွဲ ပုံမှန်အတိုင်းကျင်းပမည်

ပျဉ်းမနားနှစ်ကျိပ်ရှစ်ဆူဘုရားပွဲ ပုံမှန်အတိုင်းကျင်းပမည်

ပျဉ်းမနားမြို့၏ အထင်ကရပွဲတော်တစ်ခုဖြစ်သော နှစ်ကျိပ်ရှစ်ဆူဘုရားများ လှည့်လည်
အပူဇော်ခံသည့်ပွဲတော်ကို ၂၀၁၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ ကျင်းပမည့်ရက်နှင့်
နီးကပ်နေသော်လည်း ပုံမှန်အတိုင်း ကျင်းပခွင့်ပြုသွားမည်ဖြစ်သည်။

ပွဲတော်ကိုအောက်တိုဘာ ၂၆ မှ ၂၈ ရက် နေ့အထိ ကျင်းပမည်ဖြစ်ရာ ရွေးကောက်ပွဲပြုလုပ်မည့်
ရက်နှင့်၁၀ ရက်ခန့်သာခြားနေသောကြောင့် ပွဲတော်ကို သက်ဆိုင်ရာက ကျင်းပခွင့်မပြုကြောင်း
မြို့ခံများအကြား ထင်ကြေးပေး ပြောဆိုလျက်ရှိသော်လည်း ပျဉ်းမနားမြို့နယ်အုပ်ချုပ်ရေးမှူး
ဦးမြို့နိုင်ကမူ ကျင်းပခွင့်ပြုသွားမည်ဟု ယခုလ ၂၁ ရက်နေ့တွင် မြန်မာတိုင်း(မ်)ကိုပြောကြားခဲ့
သည်။

"ခွင့်တော့ ခွင့်ပြုပေးသွားမှာပါ။ လုပ် လည်းလုပ်ဖြစ်ဖို့များပါတယ်။ အဲဒီလို မလုပ်
ဖြစ်ဘူးဆိုတာကတော့ မဟုတ်ပါဘူး" ဟု ၎င်းက ပြောကြားသည်။ သို့သော်လည်း
ပွဲတော်ကို ယခင်ကကဲ့သို့ ညလုံးပေါက်ခွင့်ပြုမည် သို့မဟုတ် ညတစ်ဝက်သာ
ခွင့်ပြုမည်ဆိုသည်မှာမူ နေပြည် တော်ကောင်စီ၏ ခွင့်ပြုချက်ပေါ်မူတည် နေကြောင်း
၎င်းက ဆက်လက်ပြောသည်။

အဆိုပါပွဲတော် အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် နှစ်စဉ်ပါ၀င်ဆောင်ရွက်ခဲ့သော
ပျဉ်းမနားမြို့ ရန်အောင်(၁)၀တ်ဖြူ တော်အသင်းမှ ဦးအောင်နိုင်ဦးကလည်း လာမည့်ပွဲတော်ကို
ယခင်နှစ်များကထက် ပင် ပိုမိုစည်ကားစေရန် ပြင်ဆင်လျက် ရှိကြောင်းပြောသည်။ "အဓိက
ထူးခြားတာတစ်ချက်ကတော့ နှစ်ကျိပ်ရှစ်ဆူပွဲတော်ဟာ ဟိုးအရင်တုန်း က ဘုရားပင့်ဆောင်
အပူဇော်ခံတဲ့ကား တွေ အင်အားကောင်းကောင်းရှိခဲ့ပေမယ့် အခုနောက်ပိုင်းမှာ အင်အား
နည်းသွား တယ်။ ဒီနှစ်မှာတော့ လူမှုရေးအဖွဲ့အစည်းတွေလည်းပါလာတော့ အရင်ထက်ပိုပြီး
အင်အားကောင်းလာပါလိမ့်မယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

နေပြည်တော် ကောင်စီနယ်မြေအတွင်း ရှိ မြို့နယ်များအပြင် အခြားသောဆက်စပ်
ဒေသမျာဖြစ်သည့် ရေနီ၊ ရေတာရှည်၊ တောင်ငူ၊ ရမည်းသင်းစသည့်ဒေသများပါ
လာရောက်ကြည့်ရှုခဲ့ကြသော ပျဉ်းမနားနှစ်ကျိပ်ရှစ်ဆူပွဲတော်သည် (၉၇) ကြိမ်အထိ
နှစ်စဉ်ကျင်းပလာနိုင်ခဲ့သောကြောင့် ယခုနှစ်တွင်လည်း အစဉ်အလာမပျက်စေချင်ကြောင်း
ပျဉ်းမနားမြို့ခံ ကိုဇော်ဝင်း ထွန်းက ပြောကြားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး