လုပ်ငန်းရှင်များအတွက် သင်တန်းပို့ချ

လုပ်ငန်းရှင်များအတွက် သင်တန်းပို့ချ

နေပြည်တော်မှ အလတ်စားလုပ်ငန်းရှင် နှစ်ဦး၏ ဖိတ်ခေါ်မှုဖြင့် အသေးစား၊ အလတ်စား
လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိုင်အယ်လ်အို၏ TOT (Traning of Trainers)
သင်တန်းကို ပို့ချပေးနေရာ အလတ်စားလုပ်ငန်းရှင်ပေါင်း ၂၀ ဦးခန့် တက်ရောက်ခဲ့သည်။

"ဒီပရိုဂရမ်က လုပ်ငန်းတစ်ခုတိုးတက်အောင်မြင်ဖို့ လုပ်နေတာပါ။ တီချယ်တို့ဘာ လုပ်နေလဲ
ဆိုတော့ ယုံကြည်စွာနဲ့ အသေးစား၊ အလတ်စား လုပ်ငန်းရှင်တွေကို ပံ့ပိုးကူညီမယ်ပေါ့။
လုပ်ငန်းရှင်တစ်ဦးက သူ့လုပ်ငန်းမှာ လူခန့်ရုံနဲ့ မပြီးဘူး၊ အလုပ်ဖြစ်အောင် ဘယ်လိုလုပ်မလဲ၊
လူတွေကို ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာ သိဖို့လိုတယ်။ အခုသင်နေတဲ့ သင်တန်းကို
တက်လိုက်တယ်ဆို ဒီပြဿနာ တွေကို ဘယ်လို ဖြေရှင်းမလဲဆိုတာကို လုပ်ငန်းရှင်တွေ သိသွားမယ်။
ဒီအတွက်အသိ ပညာခွဲဝေပေးမယ်ပေါ့၊ ကူပြီး ဖြေရှင်းမယ်ပေါ့"ဟု သင်တန်းပို့ချပေးသူ
အိုင်အယ်လ်အို ၏ သင်တန်းပို့ချခွင့်လက်မှတ်ရ ဒေါ်အေးအေးသန့်က ပြောသည်။

သင်ရိုးညွှန်းတမ်းများသည် ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်၌ လက်ရှိအချိန်တွင် သုံးစွဲလျက်ရှိသည့်
အိုင်အယ်လ်အို၏ ပရိုဂရမ်များဖြစ်သည်။

"ဒီသင်တန်း တက်ပြီးတဲ့နောက်မှာ ကိုယ်တွေ အလုပ်မှာလည်း စနစ်တကျ ဖွဲ့စည်းနိုင်ဖို့၊
အောင်မြင်အောင်လုပ်နေသလို ကိုယ်တွေလိုနယ်က သူတွေကိုလည်း ဘာတွေလုပ်ပေးနိုင်
သလဲပေါ့။ ဒီအတွက်လဲ ကိုယ်တိုင်လဲသိအောင် တက်ရောက်တယ်။ တခြားသူတွေကိုလည်း
ဒီအတွေးအမြင်တွေ အသိပညာဗဟုသုတတွေရဖို့ ဒီသင်တန်း ဖြစ်မြောက်အောင်
အကောင်အထည်ဖော် ဖြစ်တာပါ"ဟု ဖိတ်ခေါ်ခဲ့သည့် လုပ်ငန်းရှင်တစ်ဦးဖြစ်သူ နေပြည်တော်
လင်းကွန်ပျူ တာမှ ဒါရိုက်တာ ဦးနေလင်းထိုက်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး