အမှန်တကယ် ပြောင်းလဲခြင်း လိုလားသူ မည်သူမဆို လက်ကမ်း ကြိုဆိုသည်ဟု ဦးလှဌေးဝင်း ပြောကြား

အမှန်တကယ် ပြောင်းလဲခြင်း လိုလားသူ မည်သူမဆို လက်ကမ်း ကြိုဆိုသည်ဟု ဦးလှဌေးဝင်း ပြောကြား

နိုင်ငံအတွင်း ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်ပြီး အမှန်တကယ်ပြောင်းလဲသည့်
ပြောင်းလဲခြင်းကို လိုလားသူ မည်သူမဆို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
အနေဖြင့် လက်ကမ်းကြိုဆို ဖိတ်ခေါ်သည်ဟု ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ ဇေယျာ
သီရိ မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ် စားလှယ်လောင်း ဦးလှဌေးဝင်းက
အောက်တို ဘာ ၃၁ ရက်တွင် ပြောကြားသည်။

"အမှန်တကယ် ကောင်းသော ပြောင်းလဲ ခြင်းကို လိုလားသူ မည်သူကိုမဆို ကျွန်တော်
တို့ ပါတီက လက်ကမ်းကြိုဆို ဖိတ်ခေါ်ပါတယ် လို့ ဒီနေရာကနေ ကျွန်တော်
အတိအလင်းပြောကြားလိုပါတယ်"ဟု ၎င်းက ဥပ္ပါတသန္တိဘုရားကြီးအနီးရှိ
တပေါင်းကွင်းတွင် ပြုလုပ် သော ပါတီဝင်အင်အား ၂၀,၀၀၀ ခန့် တက်
ရောက်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီ၏ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၊
နေပြည်တော်ကောင်စီနယ်မြေ လူထုအစည်းအဝေးပွဲ၌ ပြောကြားခဲ့သည်။
အမုန်းစကား၊ အမုန်းတရားများ ပွားများ နေမှုများ၊ အရာရာ မကောင်းမြင်သည့်
စိတ်ဓာတ်များ၊ အရာရာ ဆန့်ကျင်လိုသည့် ဆန္ဒများကို ပြောင်းလဲချိန်တန်ပြီဖြစ်
သည်ဟုလည်း ၎င်းက ပြောသည်။

"ပြောင်းလဲချိန်တန်ပြီဆိုတာကို ကျွန်တော် ထောက်ခံပါတယ်" ဟု ဗိုလ်ချုပ်ကြီး
ဟောင်းဖြစ်သူ ဦးလှဌေးဝင်းက ပြောကြား သည်။ လက်ရှိ မြန်မာနိုင်ငံသည်
စစ်မှန်သည့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု လမ်းကြောင်း မှန်ပေါ်သို့ ပြောင်းလဲ
ရောက်ရှိနေပြီ ဖြစ်သည် ကို ရှုမြင်ခံစားနေရပြီဖြစ်ကြောင်း၊ လေးနှစ် ကျော်
ငါးနှစ်အရွယ်ရှိသည့် ပြောင်းလဲတိုးတက်မှုသည် အရွယ်နှင့် မလိုက်အောင်
ဖြစ်ထွန်းနေမှုကို လက်တွေ့ သက်သေပြပြီး လည်းဖြစ်ကြောင်း ၎င်းက
ဆိုသည်။

မျိုးမြန်မာ ကမ္ဘာတည်စေရန်၊ ငြိမ်းချမ်းရေး ကို လိုလားလျှင်၊ စစ်မှန်သော ဒီမိုကရေစီနိုင်ငံ
တော်သစ်ကြီး ပေါ်ထွန်းလာရေးကို လိုလားလျှင် ပြည်ခိုင်ဖြိုးပါတီကို အားပေးကြရန်
လည်း ဦးလှဌေးဝင်းက ပြည်သူများအား တိုက်တွန်းခဲ့သည်။ "ကျွန်တော်တို့ ပါတီအနေနဲ့
မှန်ကန်သော မူဝါဒ၊ လက်တွေ့ကျသော လုပ်ငန်းစဉ်၊ စစ်မှန် သော မျိုးချစ်စိတ်ဓာတ်တို့ကို
ချမှတ်ထားပြီး ဖြစ်ပါတယ်။ မိဘပြည်သူများအနေနဲ့လည်း အေးချမ်းတည်ငြိမ်စွာ
ဒီမိုကရေစီနိုင်ငံတော် သစ်ကြီး အချိန်တိုအတွင်း ပေါ်ထွန်းလာရေး အတွက် ကျွန်တော်တို့
ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို တစ်ခဲနက် အားပေး ကြပါရန်
တိုက်တွန်းဆော်ဩလိုပါတယ်" ဟု ၎င်းက ပြောကြားသည်။

ရွေးကောက်ပွဲတွင် ပါ၀င်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီ အသီးသီး၏ ရည်ရွယ်ချက်များ၊
မူဝါဒလုပ်ငန်းစဉ် သဘောတရားများကို ပြည်သူများ ကြားသိနေကြပြီဟု ယုံကြည်သည့်
အတွက် သေချာစွာ နှိုင်းယှဉ် လေ့လာဆန်းစစ် ကြပြီး လွတ်လပ်စွာ ဆုံးဖြတ်ချက်
ချမှတ်ကြရန် အချိန်ရောက်ရှိလာခဲ့ပြီဟု ဦးလှဌေးဝင်းက ပြောခဲ့သည်။

"ကျွန်တော်တို့ပါတီအနေနဲ့ ပြီးခဲ့တဲ့သက်တမ်းကာလအတွင်းမှာ တိုင်းပြည် ဖွံ့ဖြိုး
တိုးတက်စေခြင်း၊ လွတ်လပ်ပြီး တရားမျှတမှုရှိစေခြင်းတို့ကို တတ်စွမ်းသမျှ အေးချမ်းစွာ
အသွင်ကူးပြောင်းပေးနိုင်ခဲ့တာကို ပြည်သူ များ မြင်တွေ့ခံစားရပြီးဖြစ်ပါတယ်" ဟု
၎င်းက ဆိုသည်။ ပြည်ခိုင်ဖြိုးပါတီသည် တိုင်းရင်းသား ပြည်သူအကြားမှ ပေါက်ဖွား
လာသည့်ပါတီ ဖြစ်သည်နှင့်အညီ ပြည်သူ့ဆန္ဒကို အမြဲ ဦးထိပ် ထားလျက်ရှိသောကြောင့်
ပြည်သူ့အကျိုးကို ရှေးရှုပြီး အစိုးရအုပ်ချုပ်ရေးစနစ်အသွင်မှ ပြည်သူ့အုပ်ချုပ်ရေးစနစ်အသွင်သို့
ဒီမို ကရေစီကျင့်စဉ်နှင့်အညီ ဆက်လက် အကောင် အထည်ဖော်သွားဖြစ်သည်ဟု ပြည်သူ့လွှတ်
တော်ကိုယ်စားလှယ်လောင်း ဦးလှဌေးဝင်းက ပြောသည်။ ထို့အပြင် ဒို့တာဝန်အရေးသုံးပါး
တည်တံ့ခိုင်မြဲရေးအတွက် တပ်မတော်၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးသည့် အတွက်
အင်အားတောင့်တင်းပြီး စွမ်းရည် ထက်မြက်သည့် ခေတ်မီတပ်မတော်ဖြစ်စေ ရန်လည်း
ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်ဟု ၎င်းက ထည့်သွင်း ပြောကြားသည်။
"ဖြစ်လွယ်၊ ပျက်လွယ်တဲ့ ယနေ့ ွူသဘေူငဖအေငသည ခေတ်ကြီးမှာ တိုင်းရင်းသား
ပြည်သူများရဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံ များ ထိန်းသိမ်းရေးနဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ်
ထိန်းသိမ်းရေးတို့ကို သမိုင်းပေးတာဝန်တစ်ရပ် အဖြစ် မြန်မာ့တန်ဖိုးကို
မြှင့်တင်ဆောင်ရွက်ပေးသွားပါ့မယ်။ ဒါ့အပြင် ၁၉၈၂ ခုနှစ် နိုင်ငံ သားဖြစ်မှု
ဥပဒေကို လိုက်နာကျင့်သုံးနိုင်ဖို့ အစဉ်တစိုက် အလေးထား ဆောင်ရွက်သွား
မှာ ဖြစ်ပါတယ်"ဟု ဦးလှဌေးဝင်းက ပြောခဲ့သည်။

ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ် စားလှယ်လောင်း ဦးဝေလွင်ကလည်း
မြန်မာ နိုင်ငံ၏ ဒီမိုကရေစီ ပြောင်းလဲမှု သက်တမ်း သည် ငါးနှစ်ကာလ မပြည့်သေးဘဲ
နုနယ်သေး သည့် ကာလသက်တမ်း ဖြစ်သော်လည်း သက်တမ်းကာလနှင့် ကိုက်ညီသော
အပြောင်း အလဲများကိုမူ ပြည်သူလူထု အကျိုးအတွက် ပြောင်းလဲပေးနိုင်ခဲ့မှုများအပေါ်
မည်သူမှ ငြင်း၍မရသည်ကို ယုံကြည်သည်ဟု ပြော သည်။ "ကျွန်တော်တို့နိုင်ငံရဲ့
အတိတ်ကာလက မအောင်မြင်ခဲ့တဲ့ နိုင်ငံရေးစနစ်၊ စီးပွားရေး စနစ်တွေနဲ့ သက်တမ်းရှည်ကြာ
မြင့်ခဲ့ပြီးဖြစ်တဲ့ ပြည်တွင်းသောင်းကျန်းမှုတွေဟာ တိုင်းပြည် အတွက် စီးပွားရေးသာမက
အရာရာ ဖွံ့ဖြိုး တိုးတက်မှု နောက်ကျခြင်း၊ ပြည်သူများရဲ့ ဘဝနိမ့်ကျခြင်းဆိုတဲ့ သင်ခန်းစာတွေဟာ
ဒီနေ့အထိ ရိုက်ခတ် ခံစားနေရဆဲပဲ ဖြစ်ပါ တယ်။ ဒါဟာ ကျွန်တော်တို့လို ဒီမိုကရေစီ
ကူးပြောင်းစ နိုင်ငံတွေမှာ ပြင်းထန်တဲ့ ဒဏ်ရာ ဒဏ်ချက်တွေပဲ ဖြစ်ပါတယ်"ဟု ပါတီ၏
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်လည်းဖြစ်သူ ဦးဝေလွင်က ပြောသည်။

ထို့ကြောင့် ယခင်ကတည်းက အမြစ်တွယ်နေသည့် အနာဟောင်းများကို ကုစားရင်း
နိုင်ငံ ကို အေးချမ်းတည်ငြိမ်ရေး၊ လူမှုစီးပွားဘဝ တိုးတက်ရေးနှင့် သိမ်မွေ့ညင်သာသော
ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရေးကို အဓိက ဦးတည်ချက်ထားကာ စိန်ခေါ်မှုများကြားက
ကြိုးစားဆောင်ရွက်လျက်ရှိသည်ဟု ၎င်းက ပြောခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး