နေပြည်တော်တွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း တစ်ဦးသာ ရွေးကောက်ပွဲ အသုံးစရိတ် တင်ပြ

နေပြည်တော်တွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း တစ်ဦးသာ ရွေးကောက်ပွဲ အသုံးစရိတ် တင်ပြ

နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနား မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင်
၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးမြင့်အောင်သန်း တစ်ဦးသာ
ရွေးကောက်ပွဲအသုံးစရိတ် လာရောက်တင်ပြထားသေးသည်ဟု ပြည်ထောင်စုနယ်မြေ
ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ အဖွဲ့ဝင် ဦးအောင်စိုးဝင်းက ပြောသည်။

နေပြည်တော် မဲဆန္ဒနယ် ၁၀ ခု၌ ၀င်ရောက် ယှဉ်ပြိုင်သူ ကိုယ်စားလှယ်လောင်း ၄၃ ဦးရှိပြီး
၎င်းတို့က လာမည့် ဒီဇင်ဘာလ ၁၂ ရက် နောက်ဆုံးထား၍ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲ
ကော်မရှင်အဖွဲ့ခွဲထံသို့ ရွေးကောက်ပွဲ အသုံးစရိတ်များကို တင်ပြရမည်ဖြစ်သည်။

"ဒီဇင်ဘာ ၁၂ ရက်နောက်ဆုံးထားပြီး အသုံးစရိတ်တွေကို အမီတင်ပေးရမယ်။ အခုထိတော့
တစ်ဦးတည်းပဲ လာတင်ပါသေးတယ်"ဟု ဦးအောင်စိုးဝင်းက မြန်မာတိုင်း(မ်)ကို နို၀င်ဘာ
၂၇ ရက်နေ့က ပြောသည်။

ကိုယ်စားလှယ်လောင်းများသည် ရွေးကောက်ပွဲဆိုင်ရာ ကိုယ်စားလှယ်လောင်း အသုံးစရိတ်ကို
တင်ပြရာတွင် မြို့နယ်တရား သူကြီးထက် အဆင့်မနိမ့်သော တရားသူကြီး၏ ရှေ့မှောက်တွင်
ကျမ်းသစ္စာကျန်ဆို၍ ကျမ်းကျိန်လွှာနှင့်အတူ လာရောက် လျှောက်ထားရမည်ဖြစ်သည်၊၊

လျှောက်ထားပြီး နှစ်ရက်အတွင်း တင်ပြလာသည့် အသုံးစရိတ်များကို စစ်ဆေးမည်ဖြစ်ပြီး
ရလဒ်ကို ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ အများပြည်သူမြင်သာအောင်
ကြေညာမည်ဖြစ်သည်။

အဆိုပါ ကိုယ်စားလှယ်လောင်းအသုံး စရိတ်နှင့် ပတ်သက်၍ မမှန်မကန်တင်ပြမှုများ ရှိလာပါက
ကန့်ကွက်လွှာတင်သွင်းခွင့် ရှိသည်ဟု ဆိုသည်။

မန္တလေးတိုင်းဒေသကြီး နေပြည်တော်ကောင်စီနယ်မြေရှိ ကိုယ်စားလှယ်လောင်းများ၏ မဲရလဒ်ကို
နိုဝင်ဘာ ၁၂ ရက်နေ့တွင် ကြေညာခဲ့ပြီး ယင်းနောက် ရက်ပေါင်း ၃၀ အတွင်း
ကိုယ်စားလှယ်လောင်းအသုံးစရိတ်ကို တင်ပြရမည်ဟု သတ်မှတ်ထားသည့်အတွက်
ကိုယ်စားလှယ်များသည် ရွေးကောက်ပွဲ အသုံးစရိတ်ကို ဒီဇင်ဘာ ၁၂ ရက်နေ့ နောက်ဆုံးထား
တင်သွင်းရမည်ဖြစ်သည်။

သတ်မှတ်ထားသည့် ရက်ပေါင်း ၃၀ အတွင်း တင်ပြနိုင်ခြင်း မရှိသည့် ၂၀၁၅ အထွေထွေ
ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်းများကို နောင်လာမည့်
ရွေးကောက်ပွဲများတွင် ၀င်ရောက် ယှဉ်ပြိုင်ခွင့်ပြုမည် မဟုတ်ဘဲ အရည်အချင်း ပျက်ယွင်းသူအဖြစ်
သတ်မှတ်ခံရမည် ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး