ဝန်ကြီးဌာန တင်ပြငွေများကို လျှော့ချရန် ပူးပေါင်းကော်မတီ တင်ပြ

ဝန်ကြီးဌာန တင်ပြငွေများကို လျှော့ချရန် ပူးပေါင်းကော်မတီ တင်ပြ

နေပြည်တော်ကောင်စီ၏ ဆောင်ရွက်ဆဲ လုပ်ငန်းများမှ တင်ပြတောင်းခံလာသည့် လျာထားငွေနှင့်
ဝန်ကြီးဌာနအချို့၏ တင်ပြလာသော လျာထားငွေများကို လျှော့ချ၊ ဖြတ်တောက်ခြင်းများပြုလုပ်ရန် လိုအပ်ကြောင်း ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်းပူးပေါင်း ကော်မတီက လွှတ်တော်သို့
တင်ပြသည်။

နေပြည်တော်ကောင်စီသည် လမ်းများ ကတ္တရာခင်းရန်အတွက် ၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်၊ အမျိုးသား
စီမံကိန်းဥပဒေကြမ်းတွင် ကျပ် ၁,၂၆၃ ဒသမ ၂၈ဝ သန်းကို လျာထား တင်ပြထားခြင်းဖြစ်သည်။

သို့သော်လည်း နေပြည်တော်အတွင်း လိုအပ်သော လမ်းတံတားများကို ပြည့်စုံစွာ ဖောက်လုပ်
ထားပြီး ဖြစ်သည့်အပြင် နိုင်ငံတော်အတွင်းရှိအခြား လမ်းတံတားများထက်ပင် ကြီးမားကျယ်ပြန့်
ကောင်းမွန်နေသောကြောင့် လာမည့်ဘဏ္ဍာနှစ်အတွင်း လမ်းများကတ္တရာမခင်းနိုင်သေးလျင်
လည်း သယ်ယူပို့ဆောင်ရေးအတွက် ထိခိုက်ဆုံးရှုံးနိုင်ခြေမရှိကြောင်း အဆိုပါ ကော်မတီမှဒေါက်
တာမြတ်ဝဏ္ဏစိုးက ဇန်နဝါရီ ၅ ရက်တွင် လွှတ်တော်သို့ ရှင်းလင်း တင်ပြထားသည်။

ထို့ပြင် ဝန်ကြီးဌာန ခုနစ်ခုတို့၏ တင်ပြချက်အချို့အပေါ်တွင်လည်း လျှော့ချခွင့်ပြုခြင်း၊ ဖြတ်တောက်
ခြင်းများပြုလုပ်သင့်ကြောင်း အကြံပြုထားသည်။

အားကစား ဝန်ကြီးဌာနကတင်ပြထားသောမော်လမြိုင် (အား/ကာသိပ္ပံ) ကျောင်းခြံစည်းရိုးကာ
ရံခြင်းအတွက် တောင်းခံထားသည့် ကျပ် ၃၃ ဒသမ ၅၂၉ သန်းသည် မွန်ပြည်နယ်အစိုးရ အဖွဲ့၏
ဘတ်ဂျက်တွင် ပါဝင်ပြီးဖြစ်သောကြောင့်ဖြတ်တောက်သင့်ကြောင်း အကြံပြုသည်။

ပြင်ဦးလွင် အားကစားလေ့ကျင့်ရေး စခန်းအတွက် တင်ပြချက်များသည်လည်း တစ်နှစ်အတွင်း
ပြီးစီးရန်မလိုအပ်ဘဲ နောင် နှစ်များတွင်ပါ ဆက်လက်ဆောင်ရွက်နိုင်သောကြောင့် ၂ဝဝ ဒသမ
၆၈၉ သန်းမှ ၁ဝ၄ သန်းကို ဖြတ်သင့်ကြောင်း တင်ပြသည်။

အမျိုးသားပြတိုက်(နေပြည်တော်)တည် ဆောက်ခြင်း၊ ခင်းကျင်းပြသခြင်း လုပ်ငန်း များအတွက်
ယဉ်ကျေးမှုဝန်ကြီးဌာန၏ လျာထားတင်ပြငွေ ၃,၇၅၄ ဒသမ ၃၃၄ သန်းသည်လည်း များပြား
လွန်းနေသောကြောင့် ခင်းကျင်းပြသခြင်းလုပ်ငန်းမှ ကျပ် ၄၇ဝ သန်း ကို ဖြတ်တောက်ရန်တင်ပြ
သည်။

ပြန်ကြား ရေးဝန်ကြီးဌာနက ရေကူးအသံလွှင့်စက်ရုံ အုတ်တံတိုင်းများ ပြန်လည်ပြုပြင်ခြင်း လုပ်
ငန်းအတွက် လျာထားတင်ပြလာသော ကျပ် ၁၃၈ သန်းခွဲသည်လည်း ဖြတ်တောက်သင့်ကြောင်း
တင်ပြသည်။

ယင်းစက်ရုံသည် ပြင်ပကမ္ပဏီနှင့် အဆင့်မြင့်တည်ဆောက် ရန် ညှိနှိုင်းမှု မပြီးပြတ်သေးသော
ကြောင့်ဟု ဆိုသည်။

ထို့ပြင်FM Radio Transmitterများဝယ်ယူ ခြင်းခေါင်းစဉ်မှ ကျပ် ၃၂ ဒသမ ၁၉၆ သန်း၊ Technical
Moniter Panasonic (BT-LH 2550) ဝယ်ယူခြင်းခေါင်းစဉ်မှ ကျပ် ၂၃ ဒသမ ၄ သန်း၊Digital Mu-
ltifunction Copier များ ဝယ်ယူခြင်းခေါင်းစဉ်မှကျပ် ၁၃ ဒသမ ဝ၅၆ သန်း၊ ကနီမြိို့နယ်ပြန်ကြား
ရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးတည်ဆော က် ခြင်းမှ ကျပ်သုံးသန်း၊ ကျောက်မြောင်းမြို့နယ် ရုံးတည်
ဆောက်ခြင်းမှ ကျပ်တစ်သန်းတို့ကို လည်း ဖြတ်သင့်ကြောင်း တင်ပြထားသည်။

လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနအောက်ရှိ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲ
ရေးဦးစီးဌာန၏လျာထားတင်ပြငွေများတွင်မူ အများအပြား လျှော့ချခွင့်ပြုရန်ဖြစ်သည်။

မဏိပူရ ရေလှာင်တမံစီမံကိန်းအတွက် ကျပ် ၅ ဒသမ ၈ ဘီလျံတင်ပြထားရာမှ ၁ ဒသမ ၈ ဘီလျံ
လျှော့ချပြီး ၄ ဘီလျံသာခွင့်ပြုရန်၊ ကျိုင်းခမ်း ရေလှောင်တမံစီမံကိန်းအတွက် ကျပ် ၅၄ ဒသမ ၃ ဘီလီ
ယံတင်ပြထားရာမှ ၄ ဒသမ ၃ ဘီလျံလျှော့ချပြီး ၅ဝ ဘီလျံကိုသာခွင့်ပြုရန်၊ အထက်ဗူးရွာ ရေလှောင်
တမံစီမံကိန်းအတွက် ကျပ် ၁၁ ဘီလျံတင်ပြထားရာမှ ၃ ဘီလျံလျှော့ချပြီး ၈ ဘီလျံသာခွင့်ပြုရန်၊
ညောင်ရမ်းမင်းလှကန်သဲနုန်းတူးဖော်ခြင်းအတွက် ကျပ်ခြောက်ဘီလျံတင်ပြထားရာမှ ၁ ဘီလျံကို
လျှော့ချပြီး ၅ ဘီလျံသာခွင့်ပြုရန် အကြံပြုတင်ပြထားသည်။

ထူးခြားချက်အနေဖြင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာနက လာမည့်
ဘဏ္ဍာနှစ်အတွင်း သစ်မာ တန် ၁ ဒသမ ၄ သန်းခန့်ထုတ်လုပ်ရန်တင်ပြ ထားမှုကို တန်ရှစ်သိန်းလျှော့
ချပြီး တန်ခြောက်သိန်းခန့်သာ ထုတ်လုပ်ရန်လည်း ကော်မတီက အကြံပြုထားသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက တင်ပြလာသော အလယ် ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်းနှင့်
ဟုန်းညှိရေအားလျှပ်စစ်စီမံကိန်း၊ ပို့ဆောင် ရေးဝန်ကြီးဌာနက တင်ပြသည့် ဧရာဝတီမြစ်ဝှမ်း ဘက်စုံ
စီမံခန့်ခွဲမှု စီမံကိန်းများကိုမူ ပြန် လည်စိစစ်သင့်ကြောင်း အကြံပြုထားသည်။

အထက်ပါအကြံပြုချက်များသည် ပူးပေါင်း ကော်မတီက လေ့လာသုံးသပ်ကာ တင်ပြချက် များသာဖြစ်
ပြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းစီက စိစစ်ရန်၊ လျှော့ချရန်၊ ဖြတ်တောက်ရန်စသည်ဖြင့် ထပ်
မံတင်ပြလာမှုများလည်း ရှိနိုင်သေးကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က
ပြောကြားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး