လွှတ်တော်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများအတွက် ဝင်ငွေခွန် ကင်းလွတ်ခွင့်ပြုရန် ကော်မတီ တင်ပြ

လွှတ်တော်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများအတွက် ဝင်ငွေခွန် ကင်းလွတ်ခွင့်ပြုရန် ကော်မတီ တင်ပြ

ပြည်ထောင်စု လွှတ်တော်ဆိုင်ရာဖွံ့ဖြိုးရေးရန်ပုံငွေနှင့် အကောင်အထည်ဖော်
ဆောင်ရွက်သည့်လုပ်ငန်းများ၏ ကြိုတင်ဝင်ငွေခွန် နှစ်ရာခိုင်နှုန်း ဖြတ်တော်ပေး
ဆောင်စေခြင်းကို ကင်းလွတ်ခွင့်ပြုသင့်ကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေ
စာရင်းပူးပေါင်းကော်မတီက အစီရင်ခံတင်ပြသည်။

၂ဝ၁၄-၁၅ဘဏ္ဍာနှစ် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေနှင့် စပ်လျဉ်းသည့်
ပြည်ထောင်စုစာရင်းစစ်ချုပ်၏စစ်ဆေးတွေ့ရှိချက်အပေါ် ပူးပေါင်းကော်မတီက
လေ့လာပြီးနောက် ဇန်နဝါရီ၂၁ ရက်တွင် ပြည်ထောင်စုလွှတ်တော်သို့တင်ပြခဲ့ခြင်းဖြစ်သည်။

''အဆိုပါ နှစ်ရာခိုင်နှုန်းကြိုတင်ဝင်ငွေခွန်နှင့်စပ်လျဉ်း၍ မြို့နယ်အသီးသီးတွင်
လက်တွေ့ဆောင်ရွက်ရသည်မှာ အခက်အခဲများရှိသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍
လွှတ်တော်ဖွံ့ဖြိုးရေး ရန်ပုံငွေနှင့်ဆောင်ရွက်ရသည့် လုပ်ငန်းများ၏နှစ်ရာခိုင်နှုန်း
ကြိုတင်ဝင်ငွေခွန် ဖြတ်တောက်ပေးဆောင်စေခြင်းကို ကင်းလွတ်ခွင့်ပြုသင့်ပါကြောင်း
တင်ပြအပ်ပါသည်''ဟု အစီရင်ခံစာတွင် ရေးသားဖော်ပြထားသည်။

အထက်ပါ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများအတွက်
ပုဂ္ဂလိကဆိုင်များမှ ကျပ်သုံးသိန်းအထက်ပစ္စည်းများဝယ်ယူရာတွင် ဝယ်ယူသည့်ပစ္စည်းတန်ဖိုး
အပေါ်နှစ်ရာခိုင်နှုန်းလျှော့ပြီးငွေပေးချေ၍ မရကြောင်း၊ ဆောင်ရွက်မည့်ဖွံ့ဖြိုးရေးလုပ်ငန်းများ
၏လျာထားငွေမှဖြတ်တောက် နှုတ်ယူပါကလည်း ဘဏ္ဍာရေးစည်းမျဉ်းနှင့် ညီညွတ်မှုရှိမည်
မဟုတ်ကြောင်း ဆက်လက်ဖော်ပြထားသည်။

''လွှတ်တော်ကိုယ်စားလှယ်တွေက ကိုယ့်မဲဆန္ဒနယ်မှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်ဖို့
လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ရတယ်လေ။ အဲဒါ သုံးသိန်းဖိုးအထက်ဝယ်ရင် ကြိုတင်ဝင်ငွေခွန်
ဆိုပြီး ဖြတ်တောက်ရမယ်လို့ပါတယ်။ ဆိုတော့ဒီနှစ်ရာခိုင်နှုန်းကိုပစည်းရောင်းတဲ့ဆိုင်
ကိုလည်း လျှော့ယူခိုင်လို့မရ၊ ကိုယ်က နှစ်ရာခိုင်နှုန်းလျှော့ပြီး ဝယ်လို့လည်း မရဘူး။
အဲဒါကြောင့် ကင်းလွှတ်သင့်ပါတယ်လို့ပြောတာ''ဟု ကရင်ပြည်နယ်၊ သံတောင်မြို့မှ
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် သီးစောတော်ပလဲက ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ၄င်းတို့၏မဲဆန္ဒနယ်မြေအတွင်းဖွံ့ဖြိုးရေး လုပ်ငန်းများ
ဆောင်ရွက်နိုင်ရန်အတွက်တစ်မြို့နယ်လျှင် ကျပ်သန်း ၁ဝဝ နှုန်းဖြင့် ၂ဝ၁၃-၁၄ ဘဏ္ဍာနှစ်မှ
စတင်၍ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ၂ဝ၁၄-၁၅ ဘဏ္ဍာနှစ်အတွင်း မြို့နယ်ပေါင်း ၃၃ဝရှိသည့်အနက် ရှမ်းပြည်နယ်မှ
မိုင်းလား၊ မိုင်းမော၊ ပန််ဝိုင်၊ ပန်ဆန်းနှင့် နားဖန်းမြို့နယ်များသည် ရွေးကောက်ပွဲကျင်းပနိုင်
ခြင်းမရှိသောကြောင့် ယင်းငါးမြို့နယ်ကိုချန်လှပ်ကာ ကျပ် ၃၂ ဒသမ ၅ ဘီလျံသုံးစွဲခဲ့ကြောင်း
အစီရင်ခံစာတွင် ဖော်ပြထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး