ရခိုင်ပြည်နယ်အတွင်း ရပ်ကွက်အချို့ကို မြို့အဖြစ် တိုးချဲ့ဖွဲ့စည်း

ရခိုင်ပြည်နယ်အတွင်း ရပ်ကွက်အချို့ကို မြို့အဖြစ် တိုးချဲ့ဖွဲ့စည်း

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်တွင်းရှိ ရပ်ကွက်ငါးရပ်ကွက်ပါဝင်သော
ခမောင်းဆိပ်မြို့နှင့်  ရပ်ကွက် ရှစ်ရပ်ကွက်ပါဝင်သော မြင်းလွတ်မြို့တို့နှင့် မွန်ပြည်နယ်အတွင်း
ကျေးရွာငါးရွာ တိုးချဲ့ဖွဲ့စည်းသည်။

''ခမောင်းဆိပ်ဆိုတာက ရခိုင်တိုင်းရင်းသားတွေလည်း နေထိုင်တဲ့ ဒေသလို့ သိထားပါတယ်၊
အသေးစိတ်တော့ ကျွန်တော်တို့ မသိရဘူး၊ ဒါပေမဲ့ အုပ်ချုပ်တဲ့ အဖွဲ့အစည်းတွေကနေ
လိုအပ်လို့ဖွဲ့စည်းလာတယ်ဆိုရင်တော့ သင့်တော်တဲ့အပိုင်းလို့ ကျွန်တော်တို့က
ယူဆပါတယ်''ဟု ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဦးထွန်းအောင်ကျော်က ပြောသည်။

ယခု တိုးချဲ့ဖွဲ့စည်းလိုက်သည့် ခမောင်းဆိပ်မြို့သည် ရခိုင်တိုင်းရင်းသား နှစ်ရာခိုင်နှုန်းလောက်
သာနေထိုင်သည့်အတွက် လုံခြံုရေးနှင့်စပ်လျဉ်း၍ အထူးလိုအပ်နေသည်ဟု ၄င်းက ပြောသည်။

''လုံခြံုရေးအပိုင်းကိုတော့ အထူးသတိပေးချင်ပါတယ်၊ ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသား
တွေရဲ့ လုံခြံုမှုအတွက် နယ်ခြားစောင့်တပ်တွေ ဖွဲ့စည်းပေးပါ၊ ရွာတွေမှာ ပြည်သူ့စစ်တွေဖွဲ့စည်း
ပေးပါလို့ ပြောဖူးပါတယ်၊ အဲဒီတုန်းက ဘာပြန်ပြောလဲဆိုတော့ ကျွန်တော်တို့ မြန်မာ့တပ်မတော်
ရှိနေသမျှ ရခိုင်တိုင်းရင်းသားတွေ မှဲ့တစ်ပေါက်မစွန်းစေရဘူးလို့ပြောထားတာရှိတယ်၊ ဒါပေမဲ့
အဲဒီလိုပြောလို့ မကြာခင် သုံးလလောက်မှာပဲ အဲဒီမောင်တောမြို့နယ်က ရွာပေါင်းမြောက်မြားစွာ
အသက်အန္တရာယ်နဲ့ ကြံုခဲ့ရတဲ့ အဖြစ်အပျက်တွေရှိခဲ့တယ်'' ဟု ဦးထွန်းအောင်ကျော်က
ပြောသည်။

ကျေးရွာများ တိုးချဲ့ဖွဲ့စည်းခြင်းသည် ကောင်းသည့် လက္ခဏာများဖြစ်ပြီး ပြင်သင့်ပြင်ထိုက်သည့်
ကျေးရွာတချို့လည်း ရှိနေသေးသည်ဟု သံဖြူဇရပ်မဲဆန္ဒနယ်မှပြည်သူ့လွှတ်တော်ကိုယ်စား
လှယ် ဦးသိန်းအောင်က ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီးတွင် မြန်မာတိုင်း(မ်)ကို
ပြောသည်။

''တချို့က ထပ်နေတဲ့ ရွာတွေရော၊ တချို့ကျတော့ ဖွဲ့စည်းပြီးတဲ့ ရွာတွေကို မပြင်ရသေးတာတွေ
ရှိသေးတယ်၊ တို့တွေတင်ပြထားတာတွေကိုလည်း လုပ်ပေးတာတွေ အများကြီးရှိတယ်၊
ဒါပေမဲ့ စနစ်တကျတော့ လုပ်ပေးတာမျိုး မဟုတ်ဘူးပေါ့''ဟု ¤င်းက ပြောသည်။

ထို့ပြင် မွန်ပြည်နယ်တွင်လည်း ကျေးရွာငါးရွာအတွင်း ရပ်ကွက် တစ်ကွက်နှင့်ကျေးရွာ ၁၂ ရွာ
နယ်နိမိတ်ဧရိယာ ပြင်ဆင်ဖွဲ့စည်းခြင်းတို့ကိုလည်း ဇန်နဝါရီ ၁၂ ရက်တွင် ကျင်းပသည့်
ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ မှတ်တမ်းတင်ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး