ကိုယ်စားလှယ်အသစ် ၂၈ဝ နေပြည်တော် လွှတ်တော်များသို့ လေ့လာ

ကိုယ်စားလှယ်အသစ် ၂၈ဝ နေပြည်တော် လွှတ်တော်များသို့ လေ့လာ

ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင် အသစ် တက်ရောက်မည့် နိုင်ငံရေးပါတီ အသီးသီးက
ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၂၈ဝသည် လေ့လာသူအဖြစ် ဇန်နဝါရီ
၂၇ရက်တွင် တက်ရောက်ခဲ့ကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လေ့လာသူအဖြစ် တက်ရောက်ခဲ့သည့် တွံတေး
မဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမြင့်လွင်က ၄င်းသည် ဒုတိယအကြိမ်
လွှတ်တော်အတွင်းရောက်ရှိခဲ့ပါက ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စများကိုဦးတည် ဆောင်ရွက်
သွားမည်ဟု ပြောသည်။

''ပုဒ်မ ၄၃၆ ကို အဓိကပြင်ချင်တယ်။ ကျန်တာကတော့ ကျွန်တော်တို့ပါတီရဲ့အဓိက
ဦးတည်ချက်တွေပါပဲ''ဟု ပြောသည်။

ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်း တိုင်းပြည်တွင်း ငြိမ်းချမ်းမှု အားနည်းနေသည့်
ကိစ္စများ၊ စစ်မက်ဖြစ်ပွားနေသည့် ကိစ္စများကို ငြိမ်းချမ်းရေး ရရှိစေရန်နှင့် တိုင်းရင်းသားများ
ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးတို့ကို ပြုလုပ်သွားမည် ဖြစ်ကြောင်း ရခိုင် အမျိုးသားပါတီ
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်သန်းက ပြောသည်။

ရခိုင်အမျိုးသားပါတီက ဒုတိယအကြိမ် လွှတ်တော်သက်တမ်းသို့ တက်ရောက်မည့်
ကိုယ်စားလှယ်အသစ် ၁၇ဦး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်
ကိုယ်စားလှယ် သုံးဦးတက်ရောက် လေ့လာခဲ့ကြသည်။ ယင်းအနက် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်အသစ်မှာ ကိုးဦးရှိပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အသစ်မှာ ရှစ်ဦး
ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး