လွှတ်တော်များတွင် အရေးကြီးသော အမြဲတမ်းကော်မတီများ ဖွဲ့စည်း

လွှတ်တော်များတွင် အရေးကြီးသော အမြဲတမ်းကော်မတီများ ဖွဲ့စည်း

ဖေဖော်ဝါရီလဆန်းပိုင်းက စတင်ကျင်းပသည့် ဒုတိယအကြိမ်လွှတ်တော်များအတွက်
အရေးကြီးသော အမြဲတမ်းကော်မတီများဖြစ်သည့် ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ငွေစာရင်း
ကော်မတီ၊ လွှတ်တော်အခွင့်အရေး ကော်မတီနှင့်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့်
တာဝန်ခံချက်များ စိစစ်ရေးကော်မတီတို့ကို ဖွဲ့စည်းခဲ့ကြသည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် ဥပဒေကြမ်းကော်မတီနှင့် ပြည်သူ့
ငွေစာရင်းကော်မတီများအတွက် ဖွဲ့စည်းမည့်အမည်စာရင်းများကို ဖေဖော်ဝါရီ ၄ ရက်တွင်
လျာထားတင်ပြခဲ့ပြီး ၅ ရက်တွင် ယင်းလူစာရင်းများအတိုင်း လွှတ်တော်အသီးသီးက
အတည်ပြုခဲ့သည်။

ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီတွင် ဥက္ကဋ္ဌအဖြစ်ဦးထွန်းအောင်(ခ)
ဦးထွန်းထွန်းဟိန်နှင့် အတွင်းရေးမှူးအဖြစ် ဦးစတီဖန်က ဆောင်ရွက်မည်ဖြစ်သည်။
အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီတွင်လည်း ဥက္ကဋ္ဌအဖြစ် ဦးဇော်မင်းနှင့်
အတွင်းရေးမှူးအဖြစ် ဒေါက်တာမြတ်Óဏစိုးတို့ကို အတည်ပြုခဲ့သည်။

ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဦးအောင်မင်းနှင့်
အတွင်းရေးမ·းအဖြစ် ဦးခင်မောင်သန်းတို့ကိုအတည်ပြုခဲ့သည်။ အမျိုးသားလွှတ်တော်
ပြည်သူ့ငွေစာရင်းကော်မတီတွင်လည်း ဥက္ကဋ္ဌအဖြစ် ဦးစောသန်းထွဋ်နှင့် အတွင်းရေးမှူး
အဖြစ် ဦးစိုင်းဆိုင်ကျောက်ဆမ်တို့ကို အတည်ပြုခဲ့ပြီးဖြစ်သည်။

ထို့ပြင် နောက်ထပ်ကော်မတီနှစ်ခုစီအတွက် အမည်စာရင်းများကိုလည်း ဖေဖော်ဝါရီ ၈ ရက်
တွင် အသီးသီး အတည်ပြုကြမည်ဖြစ်သည်။ လွှတ်တော်ဥက္ကဋ္ဌများက တင်ပြထားသော
အမည်စာရင်းများအရ ပြည်သူ့လွှတ်တော်လွှတ်တော်အခွင့်အရေးကော်မတီတွင်ပြည်သူ့
လွှတ်တော် ဒုတိယဥက္ကဋ္ဌ(ဦးတီခွန်မြတ်)က ရာထူးအလျောက်ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ရမည်
ဖြစ်သည်။

အတွင်းရေးမှူးအဖြစ် ဒေါက်တာလှမိုးတို့ကိုလျာထားကြောင်းပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ
ဦးဝင်းမြင့်ကကြေညာခဲ့သည်။ အမျိုးသားလွှတ်တော်တွင်လည်း လွှတ်တော်အခွင့်အရေး
ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် လွှတ်တော်ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးအေးသာအောင်က ဆောင်ရွက်
မည်ဖြစ်ပြီး အတွင်းရေးမှူးအဖြစ် ဦးမင်းဦးကိုလျာထားကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ
ဦးမန်းဝင်းခိုင်သန်းက ကြေညာခဲ့သည်။

ထို့ပြင် ပြည်သူ့လွှတ်တော် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေး
ကော် မတီဥက္ကဋ္ဌအဖြစ် ဒေါက်တာမေဝင်းမြင့်နှင့်အတွင်းရေးမှူး အဖြစ် ဦးဇုန်းတိန်တို့ကို
တာဝန်ပေးအပ်မည်ဖြစ်ကြောင်းဦးဝင်းမြင့်က ကြေညာခဲ့သည်။ အမျိုးသားလွှတ်တော်တွင်
လည်း  ကော်မတီဥက္ကဋ္ဌအဖြစ် ဦးသိန်းဆွေနှင့်အတွင်းရေးမှူးအဖြစ် ဦးကျော်နီနိုင်တို့ကို
တာဝန်ပေးအပ်ရန် လျာထားကြောင်း ဦးမန်းဝင်းခိုင်သန်းက ကြေညာခဲ့သည်။

အထက်ပါ ကော်မတီလေးရပ်စလုံးသည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများဖြစ်ပြီး
သက်တမ်းအားဖြင့်လည်း လွှတ်တော်သက်တမ်းများအတိုင်းဖြစ်သည်။ လွှတ်တော်နှစ်ရပ်လုံးက
ဖွဲ့စည်းခဲ့သည့် ကော်မတီနှစ်ရပ်စီနှင့် ဖွဲ့စည်းရန်လျာထားသည့်ကော်မတီနှစ်ရပ်စီတို့တွင်
ရွေးကောက်ပွဲ အနိုင်ရပါတီက ကိုယ်စားလှယ်အများစုပါဝင်သော်လည်း တပ်မတော်သား
လွှတ်တော်ကိုယ်စားလှယ်တစ်ဦးစီနှင့် ပြည်ထောင်စုကြ့ံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရခိုင်
အမျိုးသားပါတီ စသည်တို့က ကိုယ်စားလှယ်အချို့ကိုပါ ထည့်သွင်းဖွဲ့စည်းခဲ့ကြောင်း
တွေ့ရသည်။

ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်သော ရှမ်းတိုင်းရင်း
သားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးစိုင်းသီဟကျော်က''ကော်မတီတွေမှာ ပါတီစုံက
ကိုယ်စားလှယ်တွေပါတော့ အမြင်ချင်းလည်းဖလှယ်နိုင်တာပေါ့ဗျာ။ တပ်မတော်သားတွေကို
ထည့်သွင်းခဲ့တယ်ဆိုတော့လည်း တပ်နဲ့ဆိုင်တဲ့ကိစ္စတွေမှာပိုပြီးတော့ တိုင်တိုင်ပင်ပင်
လုပ်နိုင်တာပေါ့။ အနိုင်ရပါတီကအများစုပါတယ်ဆိုတာလည်းသဘာဝကျပါတယ်''ဟု
ပြောကြားခဲ့သည်။

ထို့ပြင် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သော ရခိုင်
အမျိုးသားပါတီမှ ဦးဘရှိန်ကလည်း''ကျွန်တော်တို့က ပြီးခဲ့တဲ့လွှတ်တော်မှာကတည်းက
ဒီကော်မတီမှာလည်း ပါဝင်ခဲ့တာဆိုတော့ အခုထပ်ပြီးပါဝင်ရမှာဖြစ်တဲ့အတွက်ကောင်း
ပါတယ်။ ပူးပေါင်းဆောင်ရွက်သွားမှာပါ''ဟု ပြောခဲ့သည်။

အမျိုးသားလွှတ်တော် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေး
ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည့် ဦးသိန်းဆွေကလည်း ပြည်ထောင်စုအဆင့်
ပုဂ္ဂိုလ်များနှင့် ညှိနှိုင်းဆောင်ရွက်သွား မည်ဖြစ်ပြီး အဂတိလိုက်စားမှုများမဖြစ်စေရန်
ဆောင်ရွက်သွားမည်ဟုဆိုသည်။

''ဝန်ကြီးဌာနတွေရဲ့ ဆောင်ရွက်မှု အားနည်းခြင်း၊ ဘဏ္ဍာငွေကွာဟခြင်းများရှိလာပါက
အရေးယူဖို့တိုက်တွန်းမယ်။ ကျွန်တော်တို့ ပါတီဥက္ကဋ္ဌကလည်း ပြောထားပြီးသားပါ။
အကျင့်ပျက်ခြစားမှုတွေနဲ့ပတ်သက်လာရင် သူလုံးဝမကြိုက်ဘူး။ ပြည်သူ့ဘဏ္ဍာငွေကို
ကိုယ်ကျိုးအတွက်သုံးစွဲနေတာ၊ အဂတိလိုက်စားမှုတွေ လုပ်တာ မဖြစ်စေရဘူး''ဟု
ပြောကြားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး