လေယာဉ်ပျက်ကျမှုတွင် တစ်ဦးထပ်မံသေဆုံး

လေယာဉ်ပျက်ကျမှုတွင် တစ်ဦးထပ်မံသေဆုံး

ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်တွင် တပ်မတော်လေယာဉ်တစ်စင်း
လေ့ကျင့်ပျံသန်းရင်း ပျက်ကျရာ၌ ခေါင်း၊ ခြေထောက်နှင့် ပေါင်တို့တွင် မီးလောင်ဒဏ်ရာနှင့်
ပြုတ်ကျဒဏ်ရာများ ရရှိထားသော ဒုတပ်ကြပ် လှဝင်းသိန်းမှာ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံသို့
တင်ပို့ကုသစဉ် သေဆုံးခဲ့သည်။

တပ်မတော်လေတပ်မှ လေယာဉ်တစ်စီးသည် နေပြည်တော် လယ်ဝေးမြို့နယ်၊ ၀ဲကြီးကျေးရွာအုပ်စုရှိ
ကြံခင်းကျေးရွာတောင်ဘက် မတ်ပဲ စိုက်ခင်းအတွင်းသို့ ဇန်နဝါရီ ၁၀ ရက် နံနက် ၉ နာရီ ၄၁ တွင်
ပျက်ကျခဲ့သည်။

ထိုသို့ပျက်ကျရာတွင် လေယာဉ်ပေါ်၌ လိုက်ပါလာသူ ငါးဦးအနက် လေးဦး ပွဲချင်းပြီး သေဆုံးကာ
ဒုတပ်ကြပ် လှဝင်းသိန်းမှာ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး