နေပြည်တော် မြန်မာတိုင်း(မ်)ရုံးခွဲ ဖောက်ထွင်း ခံရ

နေပြည်တော် မြန်မာတိုင်း(မ်)ရုံးခွဲ ဖောက်ထွင်း ခံရ

ဂျာနယ်၊ သတင်းစာနှင့် အပတ်စဉ်မဂ္ဂဇင်း များ ထုတ်ဝေလျက်ရှိသည့် မြန်မာကွန်ဆို လီဒိတ်
တက်မီဒီယာ၏ နေပြည်တော် မြန်မာတိုင်း(မ်)ရုံးခွဲကို ဖေဖော်ဝါရီလ ၁၄ ရက်တွင် ဖောက်ထွင်း
ခိုးယူခံခဲ့ရသည်။

မြန်မာတိုင်း(မ်)ရုံးခွဲသည် ပျဉ်းမနားမြို့၊ ရာဇဌာနီလမ်းမကြီးဘေး၌ တည်ရှိပြီး ရုံးခွဲနှင့်ကပ်လျက်
ရှိသည့် သင်္ကန်းတိုက် တစ်တိုက်အပါအဝင် လမ်းမကြီးဘေး တစ်လျှောက်ရှိ နာမည်ကြီး
အလှကုန်ပစ္စည်း ကုမ္ပဏီတစ်ခုနှင့် နေအိမ်တချို့လည်း ပြီးခဲ့သည့် နှစ်အတွင်းမှ ယခုအချိန်
အထိ ဦးတည်ချက်ထား ဖောက်ထွင်းခံနေရ သည်ဟု ဒေသခံများက ပြောသည်။

''ကျွန်တော်တို့ သင်္ကန်းတိုက်ကို ပြီးခဲ့ တဲ့နှစ်ထဲမှာ လေးကြိမ်လောက် ဖောက် ထွင်းခံရတယ်၊
အဲဒီလေးကြိမ်မှာ လက်ကိုင် ဖုန်းသုံးလုံးနဲ့ ကားဘက်ထရီတွေ အခိုးခံရ တယ်၊ အခုအဲဒီခိုးတဲ့
သူက ထောင်ကျနေပြီ လေ''ဟု ရွှေစန္ဒီ သင်္ကန်းတိုက်မှ ကိုကျော် ဇင်ဝင်းက မြန်မာတိုင်း(မ်)ကို
ပြောသည်။

မြန်မာတိုင်း(မ်)ရုံးခွဲ ဖောက်ထွင်းခံရမှု တွင် ရုံးခွဲတာဝန်ခံ၏ ဖူဂျီအမျိုးအစား ကင်မရာတစ်လုံးနှင့်
ဖြန့်ချိရေးဝန်ထမ်း တစ်ဦး၏ ဗီဗိုအမျိုးအစား လက်ကိုင်ဖုန်း တစ်လုံး ပျောက်ဆုံးခဲ့သည်။

''ကျွန်တော်တို့နံနက် ၂ နာရီလောက်က အိပ်ပျော်သွားကြတာ၊ ငါးနာရီခွဲကျတော့ လန့်နိုးပြီး
ကြည့်လိုက်တော့ တာဝန်ခံရဲ့ အခန်းတံခါးပွင့်နေတာကို တွေ့တယ်၊ အဲဒီ အခန်းကို မအိပ်ခင်က
လူရှိတဲ့ပုံစံမျိုးနဲ့ မီး ဖွင့်ပြီး ပိတ်ထားခဲ့တာ၊ နောက်ပြီး ကျွန်တော့် နဲ့အတူ အိပ်နေတဲ့ ဝန်ထမ်း
တစ်ယောက်ရဲ့ လက်ကိုင်ဖုန်းလည်း အခိုးခံရတယ်''ဟု ညစဉ်အလှည့်ကျတာဝန်ထမ်းဆောင်နေ
သည့် ဝန်ထမ်းတစ်ဦးက ပြောသည်။

ဖောက်ထွင်းသူများသည် ရုံးအနောက် ဘက်ရှိ အုတ်တံတိုင်းခြံစည်းရိုးမှတစ်ဆင့် ရုံးဝင်းအတွင်း
သို့ ကျော်ဝင်ခဲ့ပြီး ကားပြင် ရာတွင် အသုံးပြုသည့် ဂွ၊ တစ်ပေခန့်ရှိ သည့် သံတုတ်ချောင်း
တစ်ချောင်းနှင့် ခက်ရင်းပုံစံ မြေတူးဆွသည့် ပစ္စည်းများဖြင့် အသုံးပြုကာ ရုံးအဆောက်အအုံ
ဘေးရှိ တံခါးသော့ကို ဖျက်ဆီးဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

မြန်မာတိုင်း(မ်)ရုံးချုပ်၊ ရုံးခွဲအားလုံး အတွက် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထား သည့် ၂ဝ၁၅
ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်နေ့က လည်း သတင်းထောက်တစ်ဦး၏ စာရေးခုံ ရှိ သော့ခတ်
ထားသော အံဆွဲနှစ်ခု ဝင်ရောက် ဖောက်ထွင်းခံခဲ့ရသော်လည်း ပစ္စည်းများ ပျောက်ဆုံးခြင်း
မရှိခဲ့ပေ။

ပျဉ်းမနားမြို့အတွင်း၌ ယင်းကဲ့သို့ ဖောက်ထွင်းခံနေရခြင်းသည် ညပိုင်း ရဲလှည့်ကင်းအားနည်း
နေမှုများကြောင့် ဖြစ်သည်ဟု ဒေသခံများက ဆိုသော်လည်း အမှန်တကယ်မှာ လှည့်ကင်း
အားနည်းနေခြင်းကြောင့် မဟုတ်ဘဲ နေပြည်တော် အတွင်း အခြားသောလုံခြံုရေးများအတွက်
အင်အားခွဲဝေဖြန့်ထားရခြင်းကြောင့် ဖြစ် သည်ဟု ရဲအရာရှိငယ်တစ်ဦးက တုံ့ပြန် ပြောဆိုခဲ့
သည်။

ယင်းအမှုနှင့် စပ်လျဉ်း၍ နေပြည်တော်၊ မြန်မာတိုင်း(မ်)ရုံးခွဲမှ တာဝန်ရှိသူများက ပျဉ်းမနား၊
အမှတ်(၁) မြို့မရဲစခန်း၌ အမှုဖွင့်ရန် စီစဉ်လျက်ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး