လေယာဉ်ပျက်ကျ အသက်ဆုံးရှုံးခဲ့သည့် တပ်မတော်သားများ စျာပန ကျင်းပ

လေယာဉ်ပျက်ကျ အသက်ဆုံးရှုံးခဲ့သည့် တပ်မတော်သားများ စျာပန ကျင်းပ

နေပြည်တော် လယ်ဝေးမြို့၌ လေယာဉ်ပျက်ကျပြီး သေဆုံးခဲ့သည့် တပ်မတော်သား ငါးဦး၏
စျာပနကို  ဖေဖော်ဝါရီ ၁၂ ရက်တွင် နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊
မြောက်ချောင်းကျေးရွာ တပ်မတော်စစ်သချႋုင်း၌ပြုလုပ်သည်။

အဆိုပါနေ့ နံနက် ၁ဝ နာရီအချိန်မှ စတင်၍ ပင့်သံဃာငါးပါးတို့ဖြင့် သရဏဂုံတင်ခြင်း၊
ဂုဏ်ပြုတပ်ဖွဲ့က တံဘိုးခရာမှုတ်ခြင်း၊သေနတ်ပစ်ဖောက်ခြင်း၊ အမိန့်ပြန်တမ်း ဖတ်ကြားခြင်းတို့
ပြုလုပ်ပြီးနောက် ၄င်းတို့၏ ရုပ်ကလာပ်များကို မီးသင်္ဂြိုဟ်ခဲ့သည်။

စျာပနအခမ်းအနားသို့ လေယာဉ်ပျက်ကျမှုတွင် ကွယ်လွန်သွားခဲ့သည့် တပ်မတော်သားများ၏
မိသားစုများနှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ)တို့ တပ်မတော်သားများ တက်ရောက်သည်။

မြန်မာ့လေတပ်ပိုင်  Beechcraft အမျိုးအစားလေယာဉ်သည် ဖေဖော်ဝါရီ ၁ဝ ရက်နံနက်တွင်
နေပြည်တော်၊ ဧလာလေယာဉ်ကွင်း၌  စမ်းသပ်မောင်းနှင်စဉ် နေပြည်တော်လေဆိပ် လေယာဉ်
ပြေးလမ်း၏ မြောက်ဘက်ထိပ်နှင့် ပေ ၂,ဝဝဝ ခန့်အကွာ၌ပျက်ကျပြီး လေယာဉ်ပေါ်တွင်
လိုက်ပါလာသည့် လေသူရဲ ဗိုလ်မှူးအောင်ကျော်မိုး၊ တွဲဖက်လေသူရဲများဖြစ်ကြသော ဗိုလ်ကြီး
ထင်ကျော်စိုးနှင့် ဗိုလ်ကြီး အောင်ပိုင်စိုး၊ လေယာဉ်အဖွဲ့သားဖြစ်သူ အုပ်ခွဲတပ်ကြပ်ကြီး ကျော်ဌေး
တို့ လေးဦး အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ဒုတိယတပ်ကြပ် လှဝင်းထွန်းသည်
နေပြည်တော် ခုတင် ၁,ဝဝဝ ဆေးရုံကြီး၌ ဆေးကုသမှုခံနေစဉ် သေဆုံးသွားခြင်းဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး