ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်နှင့် အာဇာနည်ရင်ပြင်ဖွင့်ပွဲအခမ်းအနားကို တောင်တွင်းကြီးမြို့၌
ဗိုလ်ချုပ်အောင်ဆန်း၏ (၁ဝ၁)နှစ်မြောက်မွေးနေ့ ဖေဖော်ဝါရီ ၁၃ ရက်တွင်ကျင်းပခဲ့သည်။
ဖွင့်ပွဲတွင် သံဃာတော် ၁ဝ၁ ပါးတို့ကို အာရုံဆွမ်းကပ်လှူ ၍ နံနက် ၉ နာရီတွင် ဗိုလ်ချုပ်ကြေး
ရုပ်နှင့် အာဇာနည်ရင်ပြင် ဖွင့်ပွဲအခမ်းအနား စတင်သည်။ဖွင့်ပွဲသို့ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်နာယက ဦးတင်ဦးတက်ရောက်ပြီး အာဇာနည်ရင်ပြင်ရှိ မော်ကွန်းကျောက်စာတိုင်ကို
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တောင်တွင်းကြီးမြို့နယ် အမှတ်(၄) မဲဆန္ဒနယ်မှ
ဦးအောင်ကြည်ညွန့်နှင့် အာဇာနည်ရင်ပြင်ဖြစ်မြောက်ရေးကော်မတီဝင် ဒေါက်တာ သန်းနိုင်
တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။
အဆိုပါဖွင့်ပွဲကို တောင်တွင်းကြီးမြို့ ဒေသခံများအပြင် မကွေးတိုင်းဒေသကြီးအတွင်းရှိအခြား
သော မြို့များက ဒေသခံ ၁,ဝဝဝ ကျော်ခန့် တက်ရောက်သည်။

















