ငြိမ်းချမ်းရေးအတွက် အဓိကလိုအပ်ချက်သည် ပေးဆပ်လိုစိတ် ရှိရန် ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ငြိမ်းချမ်းရေးအတွက် အဓိကလိုအပ်ချက်သည် ပေးဆပ်လိုစိတ် ရှိရန် ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ငြိမ်းချမ်းရေးအတွက် အဓိက လိုအပ်ချက်သည် ပေးဆပ်လိုစိတ်ရှိရန် ဖြစ်ပြီး ပြည်ထောင်စုအတွင်း
မငြိမ်းချမ်းသည့်နယ်မြေတစ်လက်မမျှ မရှိအောင် ကြိုစား ဆောင်ရွက်သွားမည်ဟု အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က (၆၈) နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား၌ ပြောကြား
လိုက်သည်။

နေပြည်တော်၌ စတုတ္ထအကြိမ်မြောက်ကျင်းပပြုလုပ်သည့် (၆၈) နှစ်မြောက်ချင်းအမျိုးသားနေ့
အခမ်းအနား အဖွင့်အမှာစကားတွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်း
ဖြစ်သည်။

အဆိုပါ အခမ်းအနားကို နေပြည်တော် အမျိုးသားကွန်ဗင်းရှင်း စင်တာ (၂) ၌ဖေဖော်ဝါရီ ၂ဝ ရက်
ညနေ ၆ နာရီကကျင်းပခဲ့သည်။''ကျွန်မတို့ ပြည်ထောင်စုကြီးမှာ မငြိမ်းချမ်းတဲ့နယ်မြေ တစ်လက်မမျှ
မရှိအောင်လို့ ကျွန်မတို့ ကြိုးစားရမှာဖြစ်ပါတယ်။

ငြိမ်းချမ်းမှုရှိမှသာ ကျွန်မတို့ရဲ့ ပြည်ထောင်စုကြီးဟာ တကယ်ပဲ ချမ်းသာကြွယ်ဝနိုင်မှာပါ။ ငြိမ်းချမ်းမှု
မရှိဘဲနဲ့ ဘယ်လိုမှ ချမ်းသာြ<ွကယ်ဝမှု ရရှိနိုင်မှာ မဟုတ်ပါဘူး။ ငြိမ်းချမ်းမှုအတွက် အဓိက လိုအပ်
ချက်က ဘာလဲလို့မေးရင်တော့ တစ်ယောက်တစ်မျိုးစီ ပြောကြမှာပဲ။

ဒါပေမဲ့ ကျွန်မအနေနဲ့ကတော့ကျွန်မတို့ တစ်ဦးချင်း တစ်ဦးချင်းဟာပေးဆပ်ချင်တဲ့စိတ်ကို ပြုစုပျိုး
ထောင်မယ်ဆိုရင် ငြိမ်းချမ်းရေးကို ရဖို့အတွက် ခက်ခဲမှာမဟုတ်ပါဘူး။ ပေးဆပ်ချင်တဲ့စိတ် ရှိရမယ်။
ရယူချင်တဲ့စိတ်ကို နောက်မှာ ထားရမယ်။ရယူချင်တဲ့စိတ်ထက် ပေးဆပ်ချင်တဲ့စိတ်ကပိုမိုပြီး
အင်အားကြီးမှ ကျွန်မတို့ဟာ မတူကွဲပြားမှုကနေ ရရှိတဲ့ ညီညွတ်မှု (UnityOf The Diversity)
ဆိုတာကို ရယူနိုင်မှာဖြစ်ပါတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့ပြင် လက်ရှိ ပြည်ထောင်စုအတွင်း၌လည်း တစ်ဦးအပေါ်တစ်ဦး ထားအပ်သည့်သစ္စာတရား၊
ယုံကြည်မှု၊ အပြန်အလှန်နားလည်မှုတို့ ယနေ့ချိန်အထိ လုံလုံလောက်လောက် မရှိသေးကြောင်း၊
ယင်း သစ္စာတရားများ၊ ယုံကြည်မှုများ၊ အပြန်အလှန် နားလည်မှုများကို အားလုံး ဝိုင်းဝန်းစွမ်း
ဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း ၄င်းက ပြောသည်။

ယင်းနောက် ¤င်းက အမှန်တကယ်တွင်တိုင်းရင်းသားတို့၏ အမျိုးသားနေ့များသည်ပြည်ထောင်စုနေ့
အသေးစားလေးများဖြစ်သည်ဟု သတ်မှတ်ကြောင်း၊ အကြောင်းမှာ တိုင်းရင်းသားလူမျိုးများအားလုံး
ပေါင်း၍ပြည်ထောင်စုကို ထူထောင်ထားရ၍ ဖြစ်ကြောင်း၊ တိုင်းရင်းသားများ၏ အမျိုးသားနေ့တိုင်းကို
ပြည်ထောင်စုနေ့ အသေးစားလေးများအဖြစ် စိတ်တွင်း သတ်မှတ်ထားပြီးကြောင်း ပြောကြားခဲ့
သည်။

''ကျွန်မတို့ အမျိုးသားနေ့များ ဦးတည်ချက်၊ ကျွန်မတို့ အမျိုးသားများရဲ့ စည်းလုံးညီညွတ်မှု ဦးတည်ချက်၊
အမျိုးသားများရဲ့ ကြိုးပမ်းချက်ဦးတည်ချက်တွေဟာ ဖွံ့ဖြိုးတိုးတက်ပြီးတော့ ငြိမ်းချမ်းတဲ့ ပြည်ထောင်စုကြီး
ဖြစ်မယ်ဆိုရင် ကျွန်မတို့နိုင်ငံဟာ ကမ္ဘာကနေ ချီးမွမ်းအံ့သြရတဲ့ အခြေအနေ ရောက်လာမယ်လို့
ယုံကြည်ပါတယ်။ ဘာလို့ ကျွန်မတို့ မအောင်မြင်နိုင်ရမှာလဲ။ စိတ်ထားတွေမှန်ရင် မအောင်မြင်စရာ
အကြောင်း မရှိပါဘူး''ဟု ၄င်းက ပြောသည်။

(၆၈) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သဝဏ်လွှာ
ပေးပို့ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ တက်ရောက်
ခဲ့ကြသည်။

ထို့ပြင် အထူးဧည့်သည်တော်အဖြစ်ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်၏နာယက သူရဦးရွှေမန်း
လည်း တက်ရောက်ခဲ့သည်။ ယခုကျင်းပသည့် ချင်းအမျိုးသားနေ့အခမ်းအနားကို နေပြည်တော်၌
စတုတ္ထအကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က  တတိယအကြိမ်မြောက် တက်ရောက်
ခဲ့ခြင်းလည်း ဖြစ်သည်။အစီအစဉ်နောက်ဆုံး၌ ဒေါ်အောင်ဆန်းစုကြည်၊ သူရဦးရွှေမန်း၊ လွှတ်တော်
ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများက ချင်းတိုင်းရင်းသားများနှင့်အတူ စင်မြင့်ထက်၌ ချင်းတိုင်းရင်းသား ရိုးရာ
အကကို အတူယှဉ်တွဲကခဲ့ကြသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး