နေပြည်တော်တိရစ္ဆာန်ဥယျာဉ်သို့ သစ်ကုလားအုတ်နှစ်ကောင် ထပ်မံရောက်ရှိ

နေပြည်တော်တိရစ္ဆာန်ဥယျာဉ်သို့ သစ်ကုလားအုတ်နှစ်ကောင် ထပ်မံရောက်ရှိ

သစ်ကုလားအုပ် အထီးနှင့် အမ တစ်စုံသည် နေပြည်တော်တိရစ္ဆာန်ဥယျာဉ်သို့ ဖေဖော်ဝါရီလ
၂၄ရက်နေ့၊ နံ နက်ပိုင်းက ထပ်မံရောက်ရှိလာခဲ့သည်။

အဆိုပါ သစ်ကုလားအုပ်များကို သိပ္ပံအမည်အရ Giraffa Camelopardalis ဟု ခေါ်တွင်ပြီး
အသက်အားဖြင့် ၂ နှစ်ဖြစ်ကြသည်။ Giraffa Camelopardails သစ်ကုလားအုပ်များကို
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့်
ဂျပန်နိုင်ငံ Sapporo Zooတို့၏ နှစ်နိုင်ငံ တိရစ္ဆာန်လဲလှယ်ရေးအစီအစဉ်တွင် Htoo Zoos &
Gardens Bussiness Unit က ပူးပေါင်းဆောင်ရွက်မှုဖြစ်ပြီး ဒုတိယအသုတ်အဖြစ် ထိုင်းနိုင်ငံမှ
တစ် ဆင့် သယ်ဆောင်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ “ ရည်ရွယ်ချက်ကတော့ နှစ်နိုင်ငံ
တိရစ္ဆာန်လဲလှယ်ရေးအစီအစဉ်အရ လုပ်တာလည်းဖြစ်တယ်၊ သစ်ကုလား အုပ်မျိုးဆက်
မပျက်စေဖို့အတွက် ရည်ရွယ်ပါတယ်၊ လောလောဆယ်တော့ ဒီတိရစ္ဆာန်ဥယျာဉ်မှာ သူတို့
အတွက် နာမည်မပေးရသေးဘူး ” ဟု တိရစ္ဆာန်ဥယျာဉ်( နေပြည်တော် )၊ အုပ်ချုပ်ရေးဌာန၊
မန်နေဂျာ ကိုဝေဠက ဖေဖော်ဝါရီလ ၂၆ရက်နေ့က မြန်မာတိုင်း(မ်)ကို ပြောသည်။

အဆိုပါတိရစ္ဆာန်ဥယျာဉ်အတွင်း ယခင်ကလည်း သစ်ကုလားအုပ် အထီး နှစ်ကောင်၊ အမ
နှစ်ကောင်ကို ပြသထားပြီး အထက်ပါ အထီး၊ အမ တစ်စုံရောက်လာသည့်အတွက် စုစုပေါင်း
ခြောက်ကောင်အထိ ရှိလာမည် ဖြစ်သည်။ သစ်ကုလားအုပ်များကို တောင်အာဖရိက၊ ကင်ည၊
အင်ဂိုလာနှင့် ဇင်ဘာဘွေ စသည့် နိုင်ငံများတွင် အများဆုံး တွေ့ရပြီး သစ်ကုလားအုပ်( Giraffe )

များမှာ မိသားစုအလိုက် အုပ်စုဖွဲ့နေထိုင်လေ့ရှိသည်။

တစ်နှစ်ပတ်လုံး မိတ်လိုက်ကာ အမများ၏ ကိုယ်ဝန်ဆောင်သည့် အချိန်ကာလမှာ ရက်ပေါင်း
၄၂၀မှ ၄၆၈ရက်အထိကြာမြင့် လေ့ရှိပြီး သားပေါက်ဖွားမှုတွင်မူ တစ်ကောင်သာ
မွေးဖွားလေ့ရှိသည်။ သစ်ကုလားအုပ်( Giraffe ) တစ်ကောင်၏ အရွယ်ရောက်ပြီး
ကိုယ်အလေးချိန်မှာ ရ၀၀ကီလိုဂရမ်မှ ၁၀၅၀ကီ လိုဂရမ်နှင့် အရပ်အမြင့် ၅ဒသမ
၅မီတာမှ ၆ဒသမ ၅မီတာအထိရှိပြီး အညိုကွက်နှင့် အဖြူကွက်များပါ၀င်သည့်
ကိုယ်ထည်အရောင်ရှိသည်။

၄င်းတို့သည် သစ်ပင်သစ်ကိုင်းများနှင့် သစ်ခေါက်များကိုသာ အဓိက စားသုံးကြသည်။
လက်ရှိတွင် နေပြည်တော်ရှိ တိရစ္ဆာန်ဥယျာဉ်တွင် ယခုရောက်ရှိလာသည့် သစ်ကုလားအုပ်
နှစ်ကောင် အပါအဝင် ကျန်သစ်ကုလားအုပ်များအတွက် သစ်ပင်ကိုင်းများ ချိတ်ဆက်ပေးခြင်းနှင့် ဆူးပင်များချိတ်ဆက် ပေးခြင်းတို့ကို ပြုလုပ်ပေးထားပြီး လိုအပ်သော ကျန်းမာရေးစစ်ဆေးမှု
များနှင့် ထိန်းသိမ်းပြုစုစောင့်ရှောက် လျက်ရှိသည်ဟု သိရသည်။

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး