မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ
ဦးအောင်ကြည်ညွန်အား ဒုတိယသမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းမည့်ကိစ္စမှာ
လွဲမှားနေပြီး ကောလာဟာလသာဖြစ်သည်ဟု ၄င်းက မြန်မာတိုင်း(မ်)ကို
ငြင်းဆို ပြောကြားလိုက်သည်။
"အခုထွက်နေတဲ့ သတင်းတွေက အမှန်မဟုတ်ပါဘူး မီဒီယာတွေကတော့ ဒီလိုပဲ ပြောနေကြတာ
တကယ်တော့ ဒါက ကောလဟာလပါ" ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ
ဦးအောင်ကြည်ညွန့်က မတ်လ ရ ရက်နေ့က ပြောကြားသည် ထို့အပြင် ၄င်းအနေဖြင့်
ဒုတိယသမ္မတအဖြစ် မမျှော်မှန်းနိုင်သေးဘဲ ထိုသို့ အမည်စာရင်းပါဝင်နေသည်ကိုပင် မသိရှိဟုလည်း
၄င်းက ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ကလည်း
အထက်ပါ ထွက်ရှိနေသည့် သတင်းနှင့် ပတ်သတ်ပြီး မည်သို့မျှမကြားမိဟု မြန်မာတိုင်း(မ်)ကို
ပြောကြားခဲ့သည်။
"အမ(ဒေါ်အောင်ဆန်းစုကြည်) ကလည်း ၁၀ ရက်နေ့ မတိုင်မီတော့ အဲ့တာတွေ
အတိအကျသိရမယ်လို့ပြောပါတယ်" ဟု ၄င်းက ပြောသည်။
ဦးအောင်ကြည်ညွန့်သည် မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ၁၉၅၁ ခုနှစ်က မွေးဖွားခဲ့သူဖြစ်ပြီး
လွှတ်တော်ကိုယ်စားလှယ်မဖြစ်မီ အချိန်အထိ ထိုမြို့နယ်တွင်ပင် တရားလွှတ်တော်ရှေ့နေအလုပ်ဖြင့်
အသက်မွေးဝမ်းကြောင်းပြုခဲ့သူ ဖြစ်သည်။
















