လက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီအစိုးရက ရွေးကောက်ပွဲအနိုင် ရရှိထားသည့်
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီအစိုးရသို့ လွှဲပြောင်းပေးအပ် မည့် သမ္မတတာဝန်ကို လွှတ်တော်
တွင်သာ အခမ်းအနားဖြင့် ကျင်းပပြုလုပ်သွား မည်ဟု ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပြောရေး
ဆိုခွင့်ရှိသူ ဦးဝင်းထိန်က မတ် ၄ ရက်က ပြောကြားလိုက်သည်။
''အခု သူတို့ (လက်ရှိအစိုးရဘက်က) သဘောတူလိုက်ပြီ။ လွှတ်တော်မှာပဲ လုပ် မယ်''ဟု ၄င်းက
အဆိုပါနေ့က နေပြည် တော်၊ စည်ပင်ဧည့်ရိပ်သာတွင် သတင်း ထောက်များကို ပြောကြားခဲ့ခြင်း
ဖြစ်သည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး မတ် ၄ ရက် နံနက် ၁ဝနာရီခွဲအချိန်ခန့်တွင်ပင်
အင်န်အယ်လ်ဒီပါတီဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်က နေပြည်တော်ရှိ နှင်းဆီ စံအိမ်တွင် ဗဟို
အလုပ်အမှုဆောင် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးဝင်းမြင့်၊ ဦးဝင်းထိန်၊ ဒေါက်တာဇော်မြင့်မောင်နှင့်
ဒေါက်တာမျိုးအောင်တို့ကို ခေါ်ယူတွေ့ဆုံ ဆွေးနွေးခဲ့သည်။
သမ္မတတာဝန်လွှဲပြောင်းရေးအခမ်း အနားကို မတ် ၃ဝ ရက်တွင် ကျင်းပသွားမည် ဖြစ်ပြီး
အင်န်အယ်လ်တီ ပါတီက ရိုးရှင်း အကုန်အကျသက်သာစွာ ပြုလုပ်သွားလို သည်ဟုလည်း
ဦးဝင်းထိန်က ဆိုသည်။
''ကျွန်တော်တို့က ရိုးရှင်းချင်တယ်၊ ကုန်ကျစရိတ်နည်းချင်တယ်၊ သူတို့က ခမ်းခမ်းနားနား
လုပ်ချင်တယ်၊ အဲဒီမှာ ကျွန်တော်တို့က သူ့ကို စဆွေးနွေးက တည်းက ပြန်တိုင်ပင်ရပါဦးမယ်၊ ရှင်းရှင်း ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်တင်ပြပြီး တိုင်ပင်ဦးမယ်၊ တိုင်ပင်တော့
ဘာပြောလဲဆိုတော့ ရိုးရိုးရှင်းရှင်းပဲ လုပ်ပါလို့ ပြောတယ်၊ နောက် ဖွဲ့စည်းပုံ အခြေခံဥပဒေ
အတိုင်းပဲ ကျွန်တော်တို့ လုပ်တာ'' ဟု ၄င်းက ပြောသည်။
လွှတ်တော်တွင် ကျင်းပသွားမည့် အဆိုပါအခမ်းအနားသို့ လက်ရှိနိုင်ငံ တော်သမ္မတ ဦးသိန်းစိန်
မတက်ရောက်ဘဲ အိမ်တော်ထမင်းချက်သူ၊ ယာဉ်မောင်း များနှင့် သမ္မတအသစ်ကို မိတ်ဆက်
ပေးရန် သမ္မတအိမ်တော်ကသာ စောင့်ဆိုင်းသွားလိမ့်မည်ဟု ဦးဝင်းထိန်က ဆိုသည်။
















