ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင်
အဖွဲ့ဝင် ဦးညီပုကို တာဝန်ပေးသွားမည်ဟု ပါတီက ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က
ပြောကြားလိုက်သည်။
''ဝန်ကြီးချုပ်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲမှာနိုင်တဲ့ပါတီပဲ ခန့်ရမှာလေ၊
ဒါကြောင့်မို့လို့ ရခိုင်မှာဆိုရင် ကျွန်တော်တို့က လူနည်းစုဆိုသော်လည်းပဲ ဦးညီပုက ဝန်ကြီးချုပ်
ဖြစ်မယ်၊ ဒါကတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ပြောပြီးပြီ''ဟု ¤င်းက မတ် ၄ ရက်က
ပြောသည်။
အခြားသော ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ ဝန်ကြီးချုပ်နေရာအတွက် မည်သူ့ကို တာဝန်ပေး
မည်ကို အသင့်လုပ်ထားပြီး ထုတ်ဖော်မပြောလိုသေးဟု ဦးဝင်းထိန်က ဆိုသည်။
''တစ်ခုရှိတာက ရခိုင်လိုနေရာမျိုး၊ ရှမ်းလိုနေရာမျိုး ကျွန်တော်တို့က အားနည်းတယ်၊ အားနည်းတဲ့
အတွက် အားကောင်းတဲ့ပါတီတွေက ပုဂ္ဂိုလ်တွေလည်း ကျွန်တော်တို့က ထည့်ပြီးစဉ်းစားမယ်''ဟု
လည်း ၄င်းက ပြောသည်။

















