အမျိုးသမီးကိုယ်စားလှယ် ၁၃ ရာခိုင်နှုန်းထိ တိုး

အမျိုးသမီးကိုယ်စားလှယ် ၁၃ ရာခိုင်နှုန်းထိ တိုး

၂ဝ၁၅ ရွေးကောက်ပွဲအပြီး မြန်မာ့လွှတ်တော်အတွင်းသို့ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်ပါဝင်မှု
ဦးရေမှာ ၁၃ ရာခိုင်နှုန်းထိ တိုးတက်လာသည်ဟု နိုင်ငံရေးလောကရှိ အမျိုးသမီးများကဏ္ဍ မြှင့်တင်ခြင်း
ဆွေးနွေးပွဲတွင် ဖြန့်ဝေသော ၂ဝ၁၅ ရွေးကောက်ပွဲအတွင်းအမျိုးသမီးများပါဝင်မှု အကဲဖြတ်ချက်
စာတမ်းတွင် ရေးသားဖော်ပြထားသည်။

အဆိုပါ ဆွေးနွေးပွဲကို နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ တော်ဝင်ရတနာလမ်းရှိ Horizon Lake
View Resort Hotel၊ တွင် မတ် ၅ ရက်နှင့် ၆ ရက်က မြန်မာပါတီစုံ ဒီမိုကရေစီ အစီအစဉ်သတင်းနှင့်
ပြန်ကြားရေးအဖွဲ့က ကျင်းပပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့် ၂ဝ၁၅ နိုဝင်ဘာ ရွေးကောက်ပွဲများအပြီး မြန်မာနိုင်ငံတွင် လွှတ်တော်တွင်းအမျိုးသမီး
ကိုယ်စားပြုမှု အတိုင်းအတာတစ်ခုအထိ တိုးတက်လာသော်လည်း နိုင်ငံရေးတွင် အမျိုးသမီးများ
ပါဝင်နိုင်မှုနှင့် အမျိုးသမီးအရေးကိစ္စများကို မြှင့်တင်ရန်အတွက် စိန်ခေါ်မှုများ ဆက်လက်၍ ရှိနေ
သေးသည်။

သို့ဖြစ်ရာ မြန်မာ့နိုင်ငံရေးလောကတွင် အမျိုးသမီးကဏ္ဍ ယခုထက် ပိုမိုအားကောင်းလာရန်နှင့်ပါတီများ
အနေဖြင့် အမျိုးသမီးရေးရာမူဝါဒများကို ပိုမိုအလေးထား ဆောင်ရွက်လာစေရန်ရည်ရွယ်၍ ပါတီများနှင့်ဒီမိုကရေစီဆိုင်ရာဒိန်းမတ်အင်စတီကျု၏ မြန်မာပါတီစုံဒီမိုကရေစီအစီအစဉ်သည်
ဖန်တီးအိမ်အဖွဲ့၊ ျွှဏဗ၂ဝ၁၅ အဖွဲ့တို့ နှင့်ပူးပေါင်းကာ နိုင်ငံရေးလောကရှိ အမျိုးသမီးများကဏ္ဍ
မြှင့်တင်ခြင်းခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂ဝ၁ဝ ရွေးကောက်ပွဲအပြီး မြန်မာ့လွှတ်တော်အတွင်း အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်
ပါဝင်မှုမှာ ၄ ဒသမ ၆ ရာခိုင်နှုန်းသာ ရှိခဲ့သည်။ လွှတ်တော်တွင်း ဆောင်ရွက်ခဲ့ကြသည့် ကဏ္ဍ
အားလုံးကို လေ့လာမည်ဆိုပါက အမျိုးသမီးများသည် ထိပ်တန်းဆုံးဖြတ်ချက်များ၊ အရေးကြီးသည့်
ဆုံးဖြတ်ချက်များချမှတ်သည့် ကိစ္စများတွင် ပါဝင်မှုနည်းပါးခဲ့သည်။

မြန်မာနိုင်ငံတွင် ပြုလုပ်ခဲ့သည့် ၂ဝ၁၅ လွှတ်တော်ရွေးကောက်ပွဲများအတွင်း နေရာပေါင်း ၁,၁၇၁
နေရာကို ယှဉ်ပြိုင်ရပြီး ထိုအထဲတွင် ပြည်သူ့လွှတ်တော်မှာ ၃၃ဝ နေရာ၊ အမျိုးသားလွှတ်တော်တွင်
၁၆၈ နေရာနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် ၆၇၃ နေရာတို့ဖြစ်ကြသည်။ 

အဆိုပါနေရာများအတွက် ကိုယ်စားလှယ်လောင်းပေါင်း ၆,ဝဝဝ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ယင်းအနက်မှ အမျိုးသမီး ကိုယ်စားလှယ်လောင်းပါဝင်မှုမှာ အမျိုးသားလွှတ်တော်အတွက်
ကိုယ်စားလှယ်လောင်း ၁၂၂ ဦး၊ ပြည်သူ့လွှတ်တော်တွင်ကိုယ်စားလှယ်လောင်း ၂၂၈ ဦးနှင့်
ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင်  ၄၅၄ ဦးပါဝင်ခဲ့သည်။ စုစုပေါင်း အမျိုးသမီးကိုယ်စား
လှယ်လောင်း ပါဝင်မှုမှာ ၈ဝ၄ ဦးဖြစ်သည်။

အထက်ပါ နိုင်ငံရေးလောကရှိ အမျိုးသမီးများ ကဏ္ဍမြှင့်တင်ခြင်း ဆွေးနွေးပွဲသို့ နီပေါ၊
ဘူတန်နှင့် ဒိန်းမတ်နိုင်ငံများမှ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များလည်းတက်ရောက်၍
ယင်းနိုင်ငံများရှိ နိုင်ငံရေးပါတီများ၏ အမျိုးသမီး ရေးရာမူဝါဒများ၊ အရေးကိစ္စများနှင့် ကိုယ်စားပြု
အရေးဆိုခြင်း ဆောင်ရွက်ပုံ  နည်းလမ်းများကို မြန်မာ့နိုင်ငံရေးလောကရှိ နိုင်ငံရေးပါတီခေါင်း
ဆောင်အမျိုးသမီးများနှင့် ဆွေးနွေးဖလှယ်ခဲ့ကြသည်။

ဆွေးနွေးပွဲသို့ တက်ရောက်လာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အမျိုးသားလွှတ်တော်
ကိုယ်စားလှယ် ဦးမြသောင်း(အမျိုးသားလွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်ဆိုင်ရာ
ကော်မတီ ဥက္ကဋ္ဌ)က လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်ခန့်တွင် ပေါ်ပေါက်ခဲ့သည့် ဗိဿနိုးဘုရင်မ
ဆိုသည်မှာ မြန်မာနိုင်ငံ၏ ထင်ရှားကျော်ကြားလှသည့် အမျိုးသမီးနိုင်ငံရေးခေါငး်ဆောင်
တစ်ယောက်ဖြစ်ကြောင်း၊ ထို့အတူ ဟံသာဝတီခေတ်တွင်လည်း ဘုရင်မရှင်စောပုသည်
ထင်ရှားသော နိုင်ငံရေးခေါင်းဆောင် အမျိုးသမီးတစ်ယောက်ပင် ဖြစ်ကြောင်း၊ မြန်မာ့နိုင်ငံရေးတွင် အမျိုးသမီးခေါင်းဆောင်များသည် ရှေးယခင်ကတည်းက ပါဝင်မှုရှိခဲ့ကြောင်း ပြောကြားခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး