သူရဦးရွှေမန်း၏ ကော်မရှင်အားတပ်မတော်သားကိုယ်စားလှယ်များက ကန့်ကွက်

သူရဦးရွှေမန်း၏ ကော်မရှင်အားတပ်မတော်သားကိုယ်စားလှယ်များက ကန့်ကွက်

ပြည်ထောင်စုလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဌဟောင်းဖြစ်သူ သူရဦးရွှေမန်းဦးဆောင်လျက်ရှိ
သည့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာသုံးသပ်ဆန်းစစ်ရေးကော်မရှင်အား ပြည်ထောင်စု
အဆင့်နှင့် မလျော်ညီဟုဆိုကာ တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့က ကန့်ကွက်လိုက်သည်။

အဆိုပါအစုအဖွဲ့က ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက
တိုင်ကြားစာ ပေးပိုပြီး ကန့်ကွက်ခဲ့ခြင်းဖြစ်သည်  ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များလေ့လာ
သုံးသပ်ဆန်းစစ်ရေးကော်မရှင်ကို ပထမအကြိမ်လွှတ်တော်သက်တမ်းက ပြည်သူ့လွှတ်တော်
အတွက်သာ ဖွဲ့စည်းခဲ့ပြီးလက်ရှိ ဒုတိယအကြိမ်လွှတ်တော်သက်တမ်းတွင်မူ ပြည်ထောင်
စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်ဟောင်း အများစုဖြင့် အဖွဲ့ဝင် ၃၅ဦးဖြင့် ဖွဲ့စည်းထားသည့် ကော်မရှင်ဖြစ်သည် ကော်မရှင်သည် ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားခြင်းဖြစ်သောကြောင့် ပြည်ထောင်စုလွှတ်တော်နာယက ထံသာပေးပို့တိုင်ကြား
သင့်ကြောင်း ကော်မရှင်အဖွဲ့ဝင်တစ်ဦးက ဆိုသည် "တပ်မတော်သားတွေက ပြီးခဲ့တဲ့ ပထမအကြိမ် လွှတ်တော်မှာကတည်းက ပြည်သူ့လွှတ်တော်မှာ အဲဒီကော်မရှင် ဖွဲ့တော့ ကန့်ကွက်ခဲ့တာပဲလေ။

အခုလည်း ကန့်ကွက်တယ်ဆိုတော့ သူရဦးရွှေမန်းကိုကြိုက်လို့မကြိုက်လို့ဆိုတာတော့စဉ်းစား
ရမှာပေါ့"ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဒုတိယအကြိမ်အရွေးချယ်ခံရသည့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးဖြိုးဇေယျာသော်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး