နေပြည်တော် ဇေယျာသီရိမြို့နယ် ကျည်တောင်ကျေးရွာ အုပ်စုရှိ လှေခွင်းတောင်တန်ခိုးကြီး ဘုရားသို့
လာရောက် ဖူးမြော်သူနှင့် ဧပြီ ၁၇ ရက်တွင် ကျရောက်သည့် မြန်မာ နှစ်ဆန်း ၁ ရက်၌ အထက်ပေါင်း
လောင်းမြစ်ဆိပ်သို့ လာ ရောက် ရေကစားသူ များပြားစည်ကားလျက်ရှိသည်။
ယခုနှစ်တွင် လာရောက်သူ အရေအတွက် တစ်သိန်း ကျော်ရှိပြီး အများစုမှာ နေပြည်တော်မြို့တော်
အတွင်းရှိ ဒေသခံများအပြင် မိတ္ထီလာ ဝမ်းတွင်း ကျောက်ဆည်နှင့် မြင်းခြံမြို့များမှ ဖြစ်ကြသည်။ နှစ်စဉ်
နှစ်တိုင်း ယခုအချိန်ကာလ၌ စည်ကားလေ့ ရှိသည့် အဆိုပါပေါင်းလောင်းမြစ်ဆိပ်တွင် ရေနစ်
သေဆုံးမှုများလည်းရှိသည်။ သို့သော်လည်း ယခုနှစ်တွင်မူ လူအသေအပျောက်မရှိဟုလည်း
ကျည်တောင်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးဝင်းခိုင်က ဧပြီ ၁၇ ရက်နေ့တွင် ပြောသည်။
''ကျွန်တော်တို့က သင်္ကြန်အကြိုနေ့ကတည်းက ဒီမှာ ဧည့်သည်တွေအတွက် လုံခြံုရေးကို အဓိက
လုပ်ထားပါ တယ်။ ဒီနေ့ဆိုရင် ရေလာကစားတဲ့သူတွေ ပိုများတော့ သူတို့ရဲ့ အသက်အန္တရာယ်
မဖြစ်စေဖို့ စက်လှေနဲ့ မကြာ ခဏပတ်ပြီး အသံချဲ့စက်နဲ့ အထူးသတိပေးတာတွေ လုပ်ပါတယ်။
အခုအချိန်အထိ ရေနစ်သေဆုံးတာ မရှိပါဘူး။ ရန်ဖြစ်တာတွေတော့ရှိတယ်။ အသေးအဖွဲ့ဖြစ်တာ
လောက်ပါပဲ။ ပြင်းပြင်းထန်ထန်ဖြစ်တာမျိုးတော့ မရှိပါ ဘူး''ဟု ၄င်းက ပြောသည်။
လှေခွင်းတောင်တန်ခိုးကြီးဘုရားနှင့် ပေါင်းလောင်း မြစ်ဆိပ်သို့သွားသည့် လမ်းတစ်လျှောက်တွင်
လည်း သင်္ကြန်ရက် ငါးရက်တာ ပြီးဆုံးသွားပြီဖြစ်သော်လည်း ရေပက်သူများနှင့် အလှူခံမဏ္ဍပ်များ
ကို တွေ့ရသည်။ လာရောက်သည့် ဧည့်သည်များ၏ လုံခြံုရေးအတွက် သင်္ကြန်အကြိုနေ့မှစ၍ နှစ်ဆန်း တစ်ရက်နေ့အထိ ဇေယျာသီရိခရိုင်ရဲတပ်ဖွဲမ·း၏ လမ်းညွှန်မှုဖြင့် ရဲအင်အား ၅ဝ ခန့်က တာဝန်
ယူထားသည်။

















