နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်သည် ဧပြီ ၉ ရက်တွင် ညာဘက် မျက်စိကို
လည်းကောင်း၊ ဧပြီ ၁၆ ရက်တွင် ဘယ်ဘက်မျက်စိကို လည်းကောင်း နေပြည်တော် ဥတ္တရသီရိ
မြို့နယ်ရှိ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကု ဆေးရုံကြီး၌ ခွဲစိတ်ကုသမှု ခံယူခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ မျက်စိခွဲ စိတ်ကုသမှုကို သမားတော်ကြီး ဒေါက်တာ ဆွေဦးလွင်နှင့်အဖွဲ့က
တာဝန်ယူ ကုသပေး ခဲ့ကြခြင်းဖြစ်ပြီး အတွင်းတိမ်ရောဂါကြောင့် ခွဲစိတ်ကုသခဲ့ရခြင်း ဖြစ်သည်။
ဧပြီ ၉ ရက် တွင် ဘယ်ဘက်မျက်စိ ခွဲစိတ်ကုသမှု ပြီးစီး ပြီးနောက် နံနက် ၁ဝ နာရီအချိန်တွင် ဒုတိယ
သမ္မတ ဦးမြင့်ဆွေနှင့် နိုင်ငံတော်သမ္မတ ဦးထင်ကျော်တို့က လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
၄င်းသည် ညာဘက်မျက်စိခွဲစိတ်ထား သော်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး၌ အရေးပေါ်
ကိစ္စများ ဆောင်ရွက် ရန် ဧပြီ ၁၄ နှင့် ၁၅ ရက်တို့တွင် နှစ်ရက် ဆက်တိုက် ရုံးတက်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှု ဆောင် ဦးဝင်းထိန်၊
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုနှင့် ပြည်သူ့လွှတ်
တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ရွှေပို တို့လည်း ဧပြီ ၁၆ ရက်တွင် မျက်စိခွဲစိတ် ကုသမှု ခံယူခဲ့သည်။ -
မျက်စိခွဲစိတ်ကုသမှုခံယူပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်၌ အနားယူနေပြီး
မဟာသင်္ကြန် အကြိုနေ့တွင် နေပြည်တော် သမ္မတအိမ်တော်၌ ကျင်းပသည့် သင်္ကြန်ပွဲတော်ကို
တက်ရောက်ခဲ့ခြင်း မရှိပေ။

















