နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် နေပြည်တော်ရှိ ခုတင် ၁ဝဝဝ ဆေးရုံကြီး၌ ဧပြီ ၂၁ ရက်တွင်
ကျန်းမာရေးစစ်ဆေးမှု ခံယူခဲ့သည်။ ၄င်းသည် အဆိုပါ ဆေးရုံကြီးသို့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန်
တွင် ရောက်ရှိလာပြီး မိနစ် ၃ဝ ခန့် စစ်ဆေးမှုခံယူခဲ့သည်။
ဦးထင်ကျော်သည် အထွေထွေကျန်းမာ ရေးစစ်ဆေးမှုအပြင် နှလုံးရောဂါလည်းရှိသည့်အတွက်
ထိုရောဂါနှင့်ပတ်သက်ပြီး အဓိကထား စစ်ဆေးခဲ့သည်။ ''အားလုံးကောင်းပါတယ်။ ပုံမှန်ကျန်းမာ
ရေးစစ်ဆေးမှုပါ'' ဟု သမ္မတ၏ ကျန်းမာရေး အရာရှိ ဒေါက်တာခင်မောင်မြင့်က သတင်းထောက်များ
ကို ပြောသည်။
ဦးထင်ကျော်၏ ကျန်းမာရေးစစ်ဆေးမှု လာရောက်ခံယူရသည့် အကြောင်းရင်းမှာ မျက်စိခွဲစိတ်ရန်
အတွက် နှလုံးကို စစ်ဆေးခြင်း ဖြစ်သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ၄င်းက ငြင်း
ဆိုခဲ့သည်။
''မျက်စိခွဲဖို့လာတယ်ဆိုတာ မဟုတ်ပါ ဘူး''ဟု ဒေါက်တာ ခင်မောင်မြင့်က ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတ၏ ကျန်းမာရေး စစ်ဆေးမှု ခံယူရာတွင် ဇနီးဖြစ်သူ ဒေါ်စုစု လွင်၊ ပြည်သူ့
လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် နှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ
မြင့်ထွေးတို့လည်း လိုက်ပါလာခဲ့ကြသည်။

















