ကိုယ်ရေးအရာရှိခန့်အပ် တာဝန်ပေးမှု ညွှန်ကြားချက်ထုတ်ပြန်

ကိုယ်ရေးအရာရှိခန့်အပ် တာဝန်ပေးမှု ညွှန်ကြားချက်ထုတ်ပြန်

ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ ကိုယ်ရေး အရာရှိခန့်အပ်ခြင်းကိစ္စနှင့် စပ်လျဉ်း၍ ညွှန်ကြားချက်ကို
ဧပြီ ၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ယင်းကို ပြည်ထောင်စုဝန်ကြီးဌာနများသာမက ပြည်ထောင်စုအဆင့်
အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့ရုံးများကို ဖြန့်ဝေခဲ့ကြောင်း ပြန်ကြားရေး
ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဧပြီ ၂၅ ရက်ကဖော်ပြသည်။

အဆိုပါ ညွှန်ကြားချက် အမှတ် (၁/၂ဝ၁၆)အရ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ အနေ ဖြင့် ဇနီး၊
ခင်ပွန်း၊ ညီအစ်ကိုမောင်နှမ၊ သား၊ သမီး၊ သားမက်၊ ချွေးမ၊ တူ၊ တူမနှင့် မြေး၊ မြစ် စသည့်
ဆွေမျိုးနီးစပ်များကို ဌာနဆိုင်ရာ အဖွဲ့အစည်းများတွင် ကိုယ်ရေးအရာရှိ ရာထူး တာဝန်များ ခန့်အပ်ခြင်း
မပြုရဟု ဖော်ပြပါရှိ ပြီး သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး လက်မှတ်ရေးထိုး၍
ထုတ်ပြန်ထားသည်။

ကိုယ်ရေးအရာရှိအဖြစ် ခန့်အပ်ရာတွင် ဌာနဆိုင်ရာဝန်ထမ်းကိုသာ ဝန်ထမ်းစည်း မျဉ်း၊ စည်းကမ်း
များနှင့်အညီ ရွေးချယ်၍ တာဝန်ပေးရမည်ဟု ညွှန်ကြားချက်တွင် ဖော်ပြထားသည်။ 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး