နေပြည်တော် ကောင်စီကို အဖွဲ့ဝင် ခြောက်ဦးဖြင့် ဖွဲ့စည်း

နေပြည်တော် ကောင်စီကို အဖွဲ့ဝင် ခြောက်ဦးဖြင့် ဖွဲ့စည်း

နေပြည်တော်ကောင်စီကို ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင်ခြောက်ဦးဖြင့် ဖွဲ့စည်းကြောင်း နိုင်ငံတော်သမ္မတ
ဦးထင်ကျော်၏ လက်မှတ်ဖြင့် နိုင်ငံတော်သမ္မတရုံးက ဧပြီ ၂၆ ရက်တွင် ထုတ်ပြန် ကြေညာသည်။

အဆိုပါကောင်စီတွင် ဒေါက်တာမျိုးအောင်ကို ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဗိုလ်မှူးကြီးမင်းနောင်
၊ ဦးအောင်မြင်ထွန်း၊ ဦးတင်ထွန်း၊ ဦးတင်ထွဋ်၊ ဦးအေးမောင်စိန် တို့ကို ကောင်စီဝင်များအဖြစ်
လည်းကောင်း တာဝန်ပေးအပ်ကြောင်း နိုင်ငံတော်သမ္မတရုံး၊ ကြေညာချက် အမှတ် ရ/၂ဝ၁၆ တွင်
ဖော်ပြထားသည်။

ထို့ပြင် နေပြည်တော်ကောင်စီ ဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ (ဂ)ပါ ပြဋ္ဌာန်းချက်အရ နေပြည်တော်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အကြီးအမှူးသည် ရာထူးအလျောက် နေပြည်တော်ကောင်စီ၏
အတွင်းရေးမှူး ဖြစ်ကြောင်းလည်း ဖော်ပြသည်။ 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး