လက်ရှိ အစိုးရလက်ထက်အတွင်း ဆောက်လုပ်သွားမည့် လမ်းများငါးနှစ်အတွင်း ပျက်စီးပါက အဆိုပါ
လမ်းကို တာဝန်ယူခဲ့သည့် အင်ဂျင်နီယာကို ထောင်ချသည်အထိ အပြစ်ပေးအရေးယူသွားမည်ဖြစ်
ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဧပြီ ၃ဝ ရက်တွင်
ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၁၇၃ ၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်း
ပွဲ၌ ပြောသည်။
''ကျွန်တော်တို့ ဒီနေရာကနေ ရဲရဲ အာမခံတယ်။ ကျွန်တော်တို့အစိုးရ တက်ပြီးနောက်ပိုင်း လမ်း
တစ်လမ်းဟာ ငါးနှစ် မခံရင် အဲဒီ အင်ဂျင်နီယာကို ထောင်ထဲ ပို့ပစ်လိုက်မယ်''ဟု ၄င်းက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နိုင်ငံတွင်းရှိ လမ်း၊ တံတားများအားလုံးအနက်
သုံးပုံ တစ်ပုံသည် ပြန်လည်ပြုပြင်တိုးချဲ့ခြင်းများပြု လုပ်ရန်လိုအပ်နေပြီး အဆိုပါလုပ်ငန်းများကို အကျိုးတူပူးပေါင်းဆောင်ရွက်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ ကုမ္ပဏီများက ကမ်းလှမ်းလျက်ရှိသည်။
မြန်မာနိုင်ငံတွင် လမ်းပိုင်းပေါင်း ကီလိုမီတာ ၄ဝ,ဝဝဝ ကျော်ရှိပြီး အများစုကို ပြန် လည်ပြုပြင်ရန် ဘဏ္ဍာအခက်အခဲရှိပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းနယ်နိ မိတ်တိုးချဲ့ခြင်းနှင့် စပ်လျဉ်း၍ အမြန်
လမ်းမကြီး လေးလမ်းသွားနှင့် အထက်ဆိုပါက အကျယ်ပေ ၄ဝဝ၊ နိုင်ငံတကာဆက်သွယ်ရေးလမ်းမကြီး
လေးလမ်းသွားနှင့် အထက်ဆိုပါက အကျယ်ပေ ၃ဝဝ နှင့် ပြည်ထောင်စုလမ်းမကြီးကိုမူ ပေ ၁၅ဝ အစ
ရှိသဖြင့် လမ်းနယ်နိမိတ်များ တိုးချဲ့မည်ဟု ထုတ်ပြန်ထားသည်။
အနီးစပ်ဆုံးအနေဖြင့် မေလ ၁ ရက်နေ့ မှစတင်၍ ရန်ကုန်-မန္တလေးအမြန်လမ်း၏ လမ်းမိုင် ၂ဝ ကို
ဆောက်လုပ်ရေးဝန်ကြီး ဌာနပိုင်အတွင်းမှ ကျပ်ငါးဘီလျံအသုံးပြု ၍ ရန်ကုန်ဘက်ခြမ်းမှ မိုင်တိုင်
အမှတ် ၁၅ မှ မိုင်တိုင် ၂၅ အထိ ၁ဝ မိုင်ကို ပရော့ဂျက်ယူနစ် (၁) အဖြစ် သတ်မှတ်ပြီး မိုင်တိုင်
အမှတ် ၁၆၃ မှ ၁၇၃ အထိကို ပရော့ဂျက် ယူနစ်(၂) အဖြစ် စုစုပေါင်းလမ်းမိုင် ၂ဝ တိုးချဲ့ပြီး အကြီးစား
ပြင်ဆင် တိုးချဲ့မည် ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။
လမ်းပိုင်းတစ်ခုလုံး တိုးချဲ့ ပြင်ဆင်ရာတွင် ဌာနက ဘဏ္ဍာငွေလုံလောက်ခြင်း မရှိသဖြင့် ယခုကဲ့သို့
လမ်းမိုင် ၂ဝ ကို စတင်လုပ်ဆောင်ခြင်းဖြစ်ပြီး ရန်ကုန်-မန္တလေး အမြန် လမ်းတစ်ခုလုံး၏အရှည်
မိုင် ၄ဝဝ ကို အကြီးစားပြင်ဆင်တိုးချဲ့မည် ဆိုပါက ကျပ် ၅ဝဝ ဘီလျံ ကုန်ကျမည်ဖြစ်သဖြင့် ပြည်
ထောင်စုအစိုးရအဖွဲ့သို့ တင်ပြတောင်းခံရန် ရည်ရွယ်ထားသည်ဟု ၄င်းက ဆိုသည်။
မေလ ၁ ရက်နေ့မှ စတင်၍ ကနဦး ဆောင်ရွက်သွားမည့် လမ်းမိုင် ၂ဝ အကြီး စားပြင်ဆင်တိုးချဲ့ရာ
တွင် လမ်းလယ်ကျွန်းများ ပြန်လည်တည်ဆောက်ခြင်း၊ လမ်းပခုံးများ အသစ်ထည့် သွင်းတည်
ဆောက်ခြင်း၊ ကတ္တရာခင်းခြင်း၊ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် လမ်းညွှန်အမှတ်အသားများ
ကို ထည့်သွင်း တပ်ဆင်ခြင်းတို့ ပါဝင်မည်ဖြစ်သည်။
















