ကျပ်သိန်း ၁ဝဝ အောက် တန်ဖိုးနည်းအိမ်ရာများ နေပြည်တော်၌ ကနဦးစမ်းသပ်တည်ဆောက်မည်

ကျပ်သိန်း ၁ဝဝ အောက် တန်ဖိုးနည်းအိမ်ရာများ နေပြည်တော်၌ ကနဦးစမ်းသပ်တည်ဆောက်မည်

မြန်မာနိုင်ငံနေရာအနှံ့တွင် ကျပ်သိန်းတစ်ရာအောက် တန်ဖိုးနည်းအိမ်ရာများ တည် ဆောက်နိုင်ရေး
အတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာနက နေပြည်တော်တွင် ကနဦးအနေဖြင့် စမ်းသပ်တည်ဆောက် သွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။

''တန်ဖိုးနည်းအိမ်ရာတွေကို ကျပ်သိန်း ၁ဝဝ အောက်နဲ့ ရောင်းချဖို့ရည်ရွယ်ပြီး နေပြည်တော်မှာ
စမ်းသပ်တည်ဆောက်မှာ ဖြစ်ပါတယ်။ စံနှုန်းတစ်ခု ပေါ်လာအောင် စမ်းသပ်တည်ဆောက်တာဖြစ်ပြီး
အဆင် ပြေရင် တစ်နိုင်ငံလုံးမှာ အမြောက်အမြား တည်ဆောက်ဖို့ ရည်ရွယ်ထားပါတယ်'' ဟု
ပြည်ထောင်စုဝန်ကြီးက ပြောသည်။

အဆိုပါ တန်ဖိုးနည်းအိမ်ရာစီမံကိန်းကို ဝန်ကြီးဌာနက ပိုင်ဆိုင်သည့် မြေများပေါ် တွင် တည်ဆောက်
မည်ဖြစ်ပြီး မေ ၁ ရက်၌ စတင်ဆောင်ရွက်မည်ဖြစ်သည်။ ဆောက် လုပ်ရေးဝန်ကြီးဌာန၏ ရက်တစ်ရာ
စီမံချက်တွင် ပါဝင်မည်ဟုလည်း ၄င်းကပြောသည်။

နေပြည်တော်တွင် တည်ဆောက်မည့် တန်ဖိုးနည်း အိမ်ရာများသည် စံနမူနာ အဖြစ် တည်ဆောက်ခြင်း
ဖြစ်သဖြင့် တည်ဆောက်ပြီးစီးပါက စံချိန်၊ စံညွှန်း ယူ၍ ကုန်ကျစရိတ်ကို လျှော့ချနိုင်သရွေ့ တွက်ချက်
လျှော့ချ တည်ဆောက်သွားမည်ဖြစ်သည်။

တန်ဖိုးနည်းအိမ်ရာတစ်လုံးတွင် အခန်းပေါင်း လေးဆယ်၊ အထပ် ငါးထပ်ပါဝင်မည် ဖြစ်ပြီး
ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ အဆိုပါတန်ဖိုးနည်းအိမ်ရာများ တည်ဆောက် ခြင်းကို ပုဂ္ဂလိက
လုပ်ငန်းရှင်များက အစိုးရနှင့် အကျိုးတူ ပူးပေါင်းတည်ဆောက်လိုပါက ပါဝင်ဆောက်လုပ်၍ ကျပ်သိန်း
၁ဝဝ အောက်ဖြင့် ရောင်းချနိုင်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် အစိုးရလက်ထက်က တည် ဆောက်ခဲ့သည့် တန်ဖိုးနည်းအိမ်ရာစီမံကိန်း များသည်
ကျပ်သိန်း ၁ဝဝ ကျော်အထက် ရှိ၍ ပြည်သူအများစုလက်လှမ်းမမီသည့် စျေးနှုန်းများဖြစ်ခဲ့သဖြင့်
လက်ရှိ အစိုးရသစ်အနေဖြင့် စျေးနှုန်းမကြီးမြင့်စေရန် အဓိက ထား၍အရေအတွက်များများ
တည်ဆောက်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး