လာဘ််ပေးလာဘ်ယူပြုလုပ်ရုံဖြင့် အုပ်ချုပ်ရေးမှူးဖြစ်နေသည်ဟု လွှတ်တော်ကိုယ်စားလှယ် ပြောကြား

လာဘ််ပေးလာဘ်ယူပြုလုပ်ရုံဖြင့် အုပ်ချုပ်ရေးမှူးဖြစ်နေသည်ဟု လွှတ်တော်ကိုယ်စားလှယ် ပြောကြား

လက်ရှိ မြန်မာနိုင်ငံအတွင်းရှိ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသည်
လာဘ််ပေးလာဘ်ယူ ပြုလုပ်ရုံဖြင့် အုပ်ချုပ်ရေးမှူးရာထူးကို ရယူထားကြသည်ဟု မကွေးတိုင်းဒေသကြီး၊
စလင်းမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကံဦးက မေလ ၉ ရက်နေ့တွင်
ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ထောက်ပြပြောကြားလိုက်သည်။

“အိမ်ထောင်စု ၁၀၀ ရှိသော ကျေးရွာအုပ်စုတွင် ဆယ်အိမ်မှှူး ဆယ်ဦးသာရှိရာ အုပ်ချုပ်ရေးမှူးဖြစ်
လိုသူတစ်ဦးသည် ဆယ်အိမ်မှူး ငါးဦးကို လာဘ််ပေးလာဘ်ယူ ပြုလုပ်ရုံဖြင့် အုပ်ချုပ်ရေးမှူးဖြစ်ပါတယ်
လူနည်းစုကို လာဘ််ပေးလာဘ်ယူပြုပြီးတော့ လွယ်ကူစွာ အုပ်ချုပ်ရေးမှူး ဖြစ်သူများသည် မည်သည့်
ဥပဒေကိုမှ မလေးစားတော့ပါ” ဟု ၄င်းက မေးခွန်းမေးမြန်းရာတွင် ထည့်သွင်း
တင်ပြပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးကံဦးက တရားဥပဒေစိုးမိုးရေး အားကောင်းလာစေရန်အတွက် ၂၀၁၂ ခုနှစ်၊ ရပ်ကွက် သို့မဟုတ်
ကျေးရွာအုပ် စုအုပ်ချုပ်ရေး ဥပဒေကို ပြည်သူ့ဆန္ဒနှင့်အညီ ပြန်လည် ရေးဆွဲရန် အစီအစဉ်ရှိ၊ မရှိ
မေးမြန်းခဲ့သည်။

၂၀၁၂ ခုနှစ်၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူး ဥပဒေသည် အခြေခံပြည်သူ
လူထုနေထိုင်သော ရပ်ကွက် သို့မဟုတ် ကျေးရွာများတွင် တရားဥပဒေစိုးမိုးရေးရရှိရန်
အင်မတန်အားနည်းနေသည်ဟုလည်း ၄င်းက ဆိုသည်။

“တကယ်လို့ တစ်အိမ်ထောင်တစ်မဲစနစ်နဲ့ ကျင့်သုံးပြီး ပြည်သူ့ဆန္ဒဖြင့် အုပ်ရေးမှူးရွေးချယ်မယ်ဆိုရင်
လွယ်ကူစွာ လာဒ်ပေးလာဒ်ယူမှု မဖြစ်တော့ပါ၊ အများဆန္ဒဖြင့်ရွေးချယ်တဲ့အတွက် တရားဥပဒေစိုးမိုးရေး
လည်း အားကောင်းလာမှာ ဖြစ်ပါတယ်” ဟု ဦးကံဦးက ပြောသည်။

၄င်း၏ မေးခွန်းနှင့်ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက
“ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးဥပဒေအရ အုပ်ချုပ်ရေးမှူးရွေးချယ်ရာမှာ ဆယ်အိမ်စု
ကိုယ်စားလှယ်များက လျှို့ဝှက်ဆန္ဒမဲပေးပြီး ရွေးချယ်ကြရမှာဖြစ်ပါတယ်၊ ဒါကြောင့် ရပ်ကွက်
သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခန့်အပ်ရာတွင် အများဆန္ဒများအတိုင်း ဒီမိုကရေစီ
နည်းလမ်းနဲ့အညီ ရွေးချယ်ခန့် အပ်ခြင်းသာဖြစ်ပါတယ်” ဟု ဖြေကြားခဲ့သည်။

အုပ်ချုပ်ရေးဆိုင်ရာကိစ္စများ၊ လုံခြံုရေး၊ တရားဥပဒေစိုးမိုးရေး ကိစ္စရပ်များကို တိတိကျကျ
ဆောင်ရွက်စေနိုင်မည့် ဥပဒေ၊ နည်းဥပဒေများဖြစ်ပေါ် လာစေရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနသည်
တခြားဆက်စပ်ဌာနများ၊ ဥပဒေပညာရှင်များ၊ လူမှုရေးအသင်း အဖွဲ့များမှ ကိုယ်စားလှယ်များ၏
အကြံပြုချက်များ ရယူ၍လည်းကောင်း၊ နိုင်ငံတော်သမ္မတ၏ ဥပဒေအကြံပေးအဖွဲ့နှင့် ပြည်ထောင်စု
ရှေ့နေချုပ်ရုံးတို့၏ ဥပဒေအကြံပြုချက်များ ရယူ၍လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ
ရွေးချယ်ဖွဲ့စည်းထားသည့် လွှတ်တော်နှစ်ရပ်၏ အကြံပြုချက်ရယူ၍လည်းကောင်း
ရေးဆွဲပြဌာန်းခဲ့သည့်အပြင် ယင်းဥပဒေ၊ နည်းဥပဒေများကို လိုက်နာ အကောင်အထည်ဖော်ရာ၌်
ဖြစ်ပေါ်လာသည့် အားနည်းချက်များကိုလည်း အဆင့်ဆင့် စိစစ်ဆောင်ရွက်မှုများ လုပ်ဆောင်လျက်
ရှိသည့်အတွက် ၂၀၁၂ ခုနှစ်၊ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေကို
ပြည်ထဲရေး ၀န်ကြီးဌာနအနေဖြင့် လတ်တလော ပြင်ဆင်ရေးဆွဲရန် အစီအစဉ် မရှိသေးကြောင်း
ဒုတိယဝန်ကြီး က ပြန်လည်ဖြေကြားခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး