ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသား
လွှတ်တော်၌ လက်ခံဆွေး နွေးရန်အတွက် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၃ မှ အမျိုးသား
လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးက အမျိုးသားလွှတ်တော် အစည်းအဝေးတွင်
မေ ၅ ရက်၌ တင်သွင်းခဲ့ပြီး လက်ခံဆွေးနွေးရန်အတွက် လွှတ်တော်က သဘောတူညီခဲ့သည်။
အဆိုပါ ဥပဒေကြမ်းတွင် အခန်း(၈) ခန်းနှင့် ပုဒ်မ (၂၅) ခုပါဝင်သည်။ ယခင် အစိုးရလက်ထက်
တွင် ရှိခဲ့သည့် ငြိမ်းချမ်း စွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့် လည်ခွင့်ဆိုင်ရာ ဥပဒေကို ပိုမိုပြည့်
စုံပြီး ခေတ်နှင့် လျှော်ညီအောင် ပြင်ဆင်၊ ပယ်ဖျက်ထားသည်။ အဆိုပါ ဥပဒေကြမ်းတွင် ထူးခြားချက်
မှာ တရားစီရင်ပိုင်ခွင့် အပိုင်းပင်ဖြစ်သည်။
''မြို့နယ်တရားရုံးတွေ အများကြီးမှာ တရားစွဲလို့ မရတော့ဘူး။ ဘယ်နေရာမှာ စည်းကမ်းစဖောက်လဲ
အဲဒီ စဖောက်တဲ့ မြို့နယ်ကသာလျှင် တရားစီရင်ပိုင်ခွင့် ရှိတယ်။ နောက်တစ်ခုက အကြောင်းကိစ္စ
တစ်စုံတစ်ရာပေါ်မှ တရားစွဲတာက မဖြစ် သင့်ဘူး။ စည်းကမ်းဖောက်ပြီး ၁၅ ရက် အတွင်းဆိုပြီး
သတ်မှတ် ပေးလိုက်တယ်။ ၁၅ ရက်အတွင်းမှာ တရားစွဲ။ ၁၅ ရက်ကျော် သွားရင် ပျက်ပြယ်ပြီ''ဟု
ဒေါက်တာ မြတ်ဉာဏစိုးက ပြောသည်။
ယခင်အစိုးရလက်ထက်က ပြဋ္ဌာန်းထားသည့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်
လည်ခွင့်ဆိုင်ရာ ဥပဒေတွင် လှည့်လည် ဆန္ဒထုတ်ဖော်ရန်အတွင် ခွင့်ပြု မိန့် ရယူရန် လိုအပ်သော်
လည်းယခု ဥပဒေ ကြမ်းတွင်မူ သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့ မှူးထံသို့ ယင်းသို့ မဆောင်ရွက်မီ
အနည်း ဆုံး အချိန် ၄၈ နာရီအတွင်း ကြိုတင်၍ အသိပေး တင်ပြချက်သာ ပေးပို့ရန်လိုအပ်မည်ဖြစ်
သည်။
''ဘယ်နေရာမှာ စုဝေးချင်တယ်။ ဘယ်နေရာမှာ စီတန်း လှည့်လည်ချင် တယ်။ ကိုယ်သွားမယ့်
ခရီးကြောင်းမှာ ပါဝင်မယ့်မြို့နယ်၊ စထွက်မယ့်မြို့နယ် စသည်ဖြင့် အသိပေး အကြောင်းကြားချက်
ပြရမယ်။ လမ်းကြောင်းပေါ်ပါတဲ့ မြို့နယ် အားလုံးကို မိတ္တူပေးရမယ်''ဟု ၄င်းက ပြောသည်။
အသိပေးတင်ပြရာတွင် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရန်လိုအပ်ပြီး ပြုလုပ်မည့် အစီအစဉ်များကို
အတိအလင်း ရေးသား တင်ပြရန် လိုအပ်မည်ဖြစ်သည်။ ယင်းသို့ အသိပေးအကြောင်းကြားပါက
သက်ဆိုင် ရာ မြို့နယ်မှ ဒုတိယရဲအုပ်အောက် မနိမ့်သော ရဲအရာရှိတစ်ယောက်က စီတန်း လှည့်
လည်သူများကို တာဝန်ယူ စောင့်ရှောက်ခြင်းနှင့် စည်းကမ်းဖောက်ဖျက်မှု ရှိမရှိတို့ကို စောင့်ကြည့်ခြင်း
များ ပြုလုပ် သွားမည်ဖြစ်သည်။
''လိုက်ပေးမယ်ဆိုတာက ဒီငြိမ်းချမ်းစွာ စုဝေးလှည့်လည်တဲ့ အစုအဖွဲ့ကို အနှောင့်အယှက်ပေးလိုသူ
တွေ ရှိနိုင်တယ်။ ရှိလာ ရင် ကာကွယ်ပေးမယ်။ နောက်တစ်ခုက စည်းကမ်းမဖောက်ဖို့လိုတယ်။
စည်းကမ်း မဖောက်ဖို့ကိုလည်း တောက်လျှောက် စောင့်ကြည့်သွားလိမ့်မယ်။ စည်းကမ်း ဖောက်ရင်
ခေါင်းဆောင်လုပ်သူကို ပထမဆုံး တားမြစ်မယ်။ မရရင် သက်ဆိုင်ရာ မြို့နယ်ရဲ တပ်ဖွဲ့မှူးကို
အကြောင်းကြားမယ်။ အကြောင်းကြားပြီးရင် ငြိမ်းချမ်းစွာ လူစုကွဲအောင် လုပ်ယူမယ်။ အဲဒီမှာမှ လူစု
မခွဲဘူးဆိုရင်တော့ အရေးယူဆောင်ရွက်မှု အဆင့်ဆင့်လာမှာပေါ့''ဟု ၄င်းက ပြောသည်။
ယခု အမျိုးသားလွှတ်တော်သို့ တင် သွင်းလာသည့် ဥပဒေကြမ်း၏ အခန်း(၇) ပြစ်မှုနှင့် ပြစ်ဒဏ်များ
အခန်းတွင် ငြိမ်းချမ်း စွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်သူများကို နှောင့်ယှက်၊
ဖျက်ဆီး၊ ဘေးအန္တရာယ်များပြုပါက တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ကိုဖြစ်စေ၊ ကျပ် တစ်သိန်း
ထက်မပိုသော ငွေဒဏ် ကိုဖြစ်စေ ဒဏ်နှစ်ရပ်စလုံးကို ဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားသည်။
ထို့အတူ သက်ဆိုင်ရာသို့ အသိပေး တင်ပြခြင်းမရှိဘဲ ငြိမ်းချမ်းစွာ စုဝေးခြင်း၊ သို့မဟုတ် ငြိမ်းချမ်းစွာ
စီတန်းလှည့်လည် ခြင်းပြုပါက သုံးလထက်မပိုသော ထောင် ဒဏ်ကို ဖြစ်စေ၊ ကျပ် ၃ဝ,ဝဝဝ ထက်
မပိုသော ငွေဒဏ်ကိုဖြစ်စေ၊ ဒဏ်နှစ်ရပ် စလုံးကို ဖြစ်စေချမှတ်ရမည်ဖြစ်ပြီး ထပ်မံ ကျူးလွန်ပါက
တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ကို ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ကိုဖြစ်စေ၊
ဒဏ်နှစ်ရပ်စလုံးကို ဖြစ်စေချမှတ်ရမည်ဟု ဖော်ပြထားသည်။
















