ဒီမိုကရေစီလမ်းစဉ်နှင့်ညီညွတ်သော ရဲတပ်ဖွဲ့ဖြစ်ရန် နေပြည်တော် ကောင်စီဥက္ကဋ္ဌ ပြော

ဒီမိုကရေစီလမ်းစဉ်နှင့်ညီညွတ်သော ရဲတပ်ဖွဲ့ဖြစ်ရန် နေပြည်တော် ကောင်စီဥက္ကဋ္ဌ ပြော

ဒီမိုကရေစီနိုင်ငံတော် ထူထောင်နေစဉ်ကာလမှာပင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဒီမိုကရေစီ လမ်းစဉ်နှင့်
ညီညွတ်သော ရဲတပ်ဖွဲ့ဖြစ်ရန် အမြန်ပြုပြင်ပြောငး်လဲဖို့ အချိန်ကျရောက် ပြီဟု နေပြည်တော်ကောင်စီ
ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်က ပြောသည်။

နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက နောင်ရေရှည် ဆောင်ရွက်မည့် မှုခင်းကျဆင်းရေးနှင့် တရားဥပဒေ
စိုးမိုးရေးလုပ်ငန်းများကို လက်တွေ့ကျကျ ပြင်ဆင်ရေးဆွဲ အကောင်အထည်ဖော်ရန် မေ ၁၂ ရက် ကျင်းပသည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်လုံခြံုရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းကျဆင်း
ရေး ရက် ၁ဝဝ စီမံချက် ရှင်းလင်းတင်ပြခြင်း အခမ်းအနား အဖွင့်မိန့်ခွန်းတွင် နေပြည်တော်ကောင်စီ
ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်က ပြောကြားခဲ့သည်။

''အလျဉ်းသင့်လို့ ရဲတပ်ဖွဲ့ဝင်တွေကို မှာကြားလိုတာကတော့ မကောင်းမှု ဒုစရိုက်သမားများကို
ဥပဒေနှင့်အညီ ရဲဝံ့ပြတ်သားစွာ ဖမ်းဆီးအရေးယူရမည်ဖြစ်သလို ရိုးသားဖြောင့်မတ်သူ ပြည်သူ
လူထုအများစုကိုတော့ ကိုယ့်မိဘ၊ ဆွေမျိုးတွေလို သဘောထားပြီး တရားဥပဒေစိုးမိုးမှုအောက်မှာ
အကာ အကွယ်ပေးပြီး စောင့်ရှောက်ပေးရမှာဖြစ်ပါတယ်။ ဒါကြောင့် ထိတွေ့ဆက်ဆံရတဲ့ ရဲတပ်
ဖွဲ့ဝင်များက ဝန်ဆောင်မှုပေးရတဲ့ ပြည်သူများအပေါ် တရားခံလို သဘောထားပြီး ဆက်ဆံခြင်း
မပြုကြဖို့ အလွန်အရေးကြီးပါတယ်။ ဒီမိုကရေစီုနိင်ငံတော်ကို ထူထောင်နေစဉ်ကာလမှာပင်
ရဲတပ်ဖွဲ့အနေဖြင့် ဒီမိုကရေစီလမ်းစဉ်နှင့်အညီ အမြန်ပြုပြင်ပြောင်းလဲဖို့ အချိန်ကျရောက်နေပြီ
ဖြစ်ပါတယ်''ဟု ၄င်းကပြောသည်။

ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က ယခုဆောင်ရွက်မည့် ရက် ၁ဝဝ စီမံချက်မှာ ထူးခြားချက်အနေနဲ့
ပြည်ထောင်စုနယ်မြေ၊ နေပြည် တော်အတွင်း ခရိုင်/မြို့နယ်များ အဆင့်အထိ ရဲတပ်ဖွဲ့မှူးများက
ဦးဆောင်၍ ရပ်မိရပ်ဖများ၊ ကျေးရွာ/ရပ်ကွက်လူငယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မီဒီယာ
များနှင့်ပူးပေါင်းပြီး စဉ်ဆက်မပြတ် အကဲဖြတ်ဆန်းစစ်ရေးအဖွဲ့များ ဖွဲ့စည်းမည်ဖြစ်ကြောင်း၊ အဆိုပါ
အဖွဲ့ အစည်း ဆန်းစစ်ရေးအဖွဲ့များထံမှ အစီရင်ခံစာများ တောင်းခံပြီး သဘောထားဆန်းစစ်ချက်များ
ရယူလေ့လာ အကဲဖြတ်မယ့် အစီအစဉ်များ ပါဝင်ကြောင်းနှင့် ကွပ်ကဲမှု အဆင့်တွင်လည်း
နေပြည်တော်ကောင်စီက ခြံုငုံကွပ်ကဲပြီး ဒေသအလိုက် အုပ်ချုပ်ရေးအဖွဲ့ အစည်းများ အဆင့်ဆင့်
က တာဝန်ယူကွပ်ကဲ သွားမည်ဖြစ်သည်ဟုဆိုသည်။

ရက် ၁ဝဝ စီမံချက် အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် တာဝန်ကျေရုံမျှ ဆောင်ရွက်ခြင်းမျိုး
မပြုဘဲ ပြည်သူလူထု ယုံကြည်လက်ခံပြီး အားပေးထောက်ခံမှု ရရှိသည်အထိ ရဲတပ်ဖွဲ့ဝင်အဆင့်
အတန်းအားလုံး ယုံကြည်ချက်၊ ခံယူချက် အပြည့်အဝဖြင့် ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း
၄င်းက ပြောကြားခဲ့သည်။

''ရဲတပ်ဖွဲ့ဆိုတာဟာ နိုင်ငံတော်ရဲ့ လုံခြံု ရေး၊ တည်ငြိမ်ရေးနဲ တရားဥပဒေစိုးမိုးရေးအတွက်
လိုအပ်တဲ့ အဖွဲ့အစည်းတစ်ရပ်ဖြစ်ပါတယ်။ နိုင်ငံသားပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှုကို
တည်ဆောက်ဖို့လည်း လိုအပ်ပါတယ်။ လူ့အဖွဲ့အစည်းကြားမှာ ဘက်မလိုက်ဘဲ မျှမျှတတ ဆောင်ရွက်ဖို့
လိုအပ်ပါတယ်။ ဥပဒေကို ကိုယ်တိုင်နားလည်မှ၊ ကိုယ်တိုင် လိုက်နာမှ ပြည်သူကို ဥပဒေနဲ့
လျော်ညီစွာ ထိန်းသိမ်းရပါမယ်။ မိမိကိုယ်တိုင်လည်း ဥပဒေကို လိုက်နာတာဝန်ယူဖို့လိုပါတယ်။
ကျွန်တော်တို့ရဲတပ်ဖွဲ့က ပြည်သူကို အရင်က ဆက်ဆံတဲ့ပုံ၊ ပြောတဲ့ပုံမှာ မိုက်မိုက်ရိုင်းရိုင်း
ပြောတာမျိုးတွေရှိခဲ့တယ်။ တစ်ခုခုကို ဆောင်ရွက်ရာမှာ ရှေ့ကနေဦးဆောင်နေတဲ့ ပုံစံ၊ အမိန့်ပေး
တဲ့ပုံစံ၊ ပြိုင်ဖက်သဘော ဆက်ဆံတဲ့ ပုံစံမျိုးရှိခဲ့ပါတယ်။ ဒါကြောင့်အခုချိန်အထိ ပြည်သူတွေအနေနဲ့
ရဲတပ်ဖွဲ့ကို မြင်နေတဲ့အမြင်၊ သုံးသပ် တွေးခေါ်မှုတွေဟာ တော်တော်လေးဆိုးရွားစွာရှိနေပါတယ်
လို့ လေးစားစွာ ဝန်ခံပါတယ်'' ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ရဲရေးချုပ် ရဲမျူးချုပ် ဝင်ထွန်းကလည်း
အဆိုပါ အခမ်းအနားတွင် ပြောကြားသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် နေထိုင်သည့် ပြည်သူလူထုအင်အားမှာ ၁,၁၁၄,၇၂၅
ဦးဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်အင်အားနှင့် ပြည်သူလူထု၏အင်အားကို တွက်ချက်ကြည့်ပါက ရဲတပ်ဖွဲ့ဝင်
တစ်ဦးသည် ပြည်သူ လူထု ၈၄၁ ဦး၏ လုံခြံုရေးကို တာဝန်ယူ ဆောင်ရွက်နေရသည်။ 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး