ဘင်းစတက်ကွန်ဗင်းရှင်းသို့ဝင်ရန် လွှတ်တော်သဘောတူ

ဘင်းစတက်ကွန်ဗင်းရှင်းသို့ဝင်ရန် လွှတ်တော်သဘောတူ

မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်မှု၊ နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့ မှုခင်းများနှင့် မူးယစ်
ဆေးဝါးရောင်းဝယ် မှု တိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဘင်းစတက်ကွန်ဗင်းရှင်း
(BIMSTEC Convention) သို့ ဝင်ရောက်ရေးကို ပြည်ထောင်စုလွှတ်တော်က မေ ၁၃ ရက်က
သဘောတူခဲ့သည်။

အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်ငါးဦးက ထောက်ခံဆွေးနွေးခဲ့ကြသည့်အပြင်
ကန့်ကွက်သူမရှိ အတည်ပြု နိုင်ခဲ့ခြင်းလည်းဖြစ်သည်။ ယနေ့နိုင်ငံတကာတွင် ကြုံတွေ့နေရသော
အကြမ်းဖက်မှုများသည် နိုင်ငံတစ်ခုတည်းဖြင့် ဖြေရှင်းနိုင်မည်မဟုတ်ဘဲ ဒေသတွင်းနိုင်ငံများ၊
အိမ်နီးချင်းနိုင်ငံများ၊ နိုင်ငံတကာတို့နှင့် ပူးပေါင်းဖြေရှင်းမှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း
ကယား ပြည်နယ်၊ လွိုင်ကော်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခင်စည်သူ
ကပြောကြားသည်။

''ဒီကွန်ဗင်းရှင်းဟာ အုပ်စုဖွဲ့ကြိုးပမ်းဆောင်ရွက်တာဖြစ်ပါတယ်။ ကွန်ဗင်းရှင်းကို လက်မှတ်ထိုးခြင်း
အားဖြင့် အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်ရုံသာမက နိုင်ငံအားလုံးရဲ့ တည်ငြိမ်ရေးကိုလည်း
ထောက်ကူစေမှာ ဖြစ်ပါတယ်''ဟု ၄င်းက ဆက်လက်ပြောကြားသည်။

မြန်မာ၊ ထိုင်းနှင့် လာအိုနိုင်ငံ သုံးနိုင်ငံ နယ်စပ်ဒေသ မူးယစ်ဆေးဝါးထုတ်လုပ်မှုများ
အကြောင်းကို ပန်းတောင်းမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင် နှင်းသစ်က
ပြောကြားသည်။

''အရှေ့တောင်အာရှအနေနဲ့ပြောရမယ် ဆိုရင် စိုက်ပျိုးဧရိယာပေါင်း ငါးသောင်းခွဲ ဟက်တာ၊ ထုတ်လုပ်မှု
တန်ချိန်ပေါင်း ခုနစ်ထောင်ကျော်နဲ့ မြန်မာနိုင်ငံဟာ နံပါတ်တစ်နေရာမှာ ရောက်နေပါတယ်''ဟု
၄င်းကပြောသည်။

ထို့ပြင် မူးယစ်ဆေးဝါးပြဿနာသည် အစိုးရသစ်၏ မူဝါဒကို စိန်ခေါ်မှုတစ်ရပ် ဖြစ်သကဲ့သို့ တရားဥပဒေ
စိုးမိုးမှု အတွက် လည်း အဟန့်အတားဖြစ်စေကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

ရခိုင်တိုင်းရင်းသား၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဦးကျော်သိန်းက နိုင်ငံဖြတ်ကျော်
မှုခင်းများနှင့် တရားမဝင်ဝင်ရောက်နေထိုင်သူများအရေးကို ဆွေးနွေးသည်။ 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး