သိမ်းယူထားသည် ့မြေဧက ၂,၅၀၀ ကျော်ကို တောင်သူများ လုပ်ကိုင်ခွင့် ရရှိရန် ဆောင်ရွက်ပေးမည်

သိမ်းယူထားသည် ့မြေဧက ၂,၅၀၀ ကျော်ကို တောင်သူများ လုပ်ကိုင်ခွင့် ရရှိရန် ဆောင်ရွက်ပေးမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်အတွင်း နိုင်ငံတော်အစိုးရကစီမံကိန်းတစ်ခု
အကောင်အထည်ဖော်ရန်အတွက် မြေဧက ၃,၇၀၀ ကျော်ကို ၁၉၇၉-၈၀ ပြည့်နှစ်အတွင်း
သိမ်းဆည်းခဲ့ပြီး အသုံးပြုနိုင်ခြင်း မရှိသေးသည့် မြေဧက ၂,၅၀၀ ကျော်ကို ဒေသခံတောင်သူများ
တရားဝင်လုပ် ကိုင်ခွင့်ရရှိရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းက မေ ၂၅ ရက်တွင် ကျင်းပသော
ပြည်သူ့လွှတ်တော်၌ ပြောကြားသည်။

အဆိုပါဒေသတွင် ယခင်အစိုးရလက်ထက် လယ်ယာနှင့် သစ်တောဝန်ကြီးဌာနက
ဒေသဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ပြီး နိုင်ငံပိုင် စိုက်ကွင်းအဖြစ် ဧရိယာ ၃,၇၂၆ ကို
သတ်မှတ် ဖော်ထုတ်ခဲ့သည်။

ထို့နောက် ဌာနအနေဖြင့် ဧက ၁,၂၀၀ ကိုသာ ရည်မှန်းထားသော လုပ်ငန်းများ
အကောင်အထည်ဖော်နိုင်ပြီး ကျန်ရှိသည့် ၂,၅၂၆ ဧကကို နိုင်ငံတော်သို့ ပြန်လည်အပ်နှံခဲ့သည်။

ထို့ကြောင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်၏ ကြီးကြပ်မှုဖြင့်ဒေသခံ တောင်သူများ
တရားဝင်လုပ်ကိုင်နိုင်ရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

တန့်ဆည်မြို့နယ်တွင် အစိုးရကမြေ ဧက ၄,၀၀၀ နီးပါးကိုသိမ်းဆည်းခဲ့သော်လည်း ယနေ့အထိ
အကျိုးရှိရှိလုပ်ကိုင် နိုင်သောမြေဧရိယာမှာ အနည်းငယ်သာ ရှိနေပြီး မြေအများစုသည် ဌာနက
လုပ်ကိုင် နိုင်ခြင်းမရှိသည့်အပြင် ဒေသခံတောင်သူများကလည်း ၀င်ရောက်လုပ်ကိုင်နိုင်ခြင်း
မရှိသောကြောင့် အလဟဿဖြစ်နေရကြောင်း၊ ထို့ကြောင့်လည်း မည်ကဲ့သို့
ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တန့်ဆည်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဦးမြင့်ထွန်းက လွှတ်တော်၌ မေးခွန်းထုတ်ခဲ့သည်။

လက်ရှိတွင် စိုက်ပျိုးရေးဦးစီးဌာနက မျိုးကောင်းမျိုးသန့်၊ မျိုးစေ့များစိုက်ပျိုး ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး
အတွက် ဒေသနှင့်ကိုက်ညီသော အစေ့ထုတ်ပြောင်း၊ မြေပဲ၊ ပဲစင်းငုံ၊ နှမ်း၊ ကုလားပဲနှင့်စပ်မျိုး
နေကြာများကို မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်လျက်ရှိသည်။

သို့သော် အစိုးရက နိုင်ငံတော်နှင့် တောင်သူများ အကျိုးရှိစေရေး၊ ဧက ၁,၂၀၀ ကိုသာ
မျိုးကောင်းမျိုးသန့် မျိုးစေ့များ ပွားများထုတ်လုပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး
ကျန်ရှိနေသည့် ဧရိယာ ၂,၅၂၆ ဧကကို တောင်သူများ လုပ်ကိုင်နိုင်ရေး ဆောင်ရွက်သွားမည်ဟု
ဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး