ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားသို့ သမ္မတသစ် ပထမဆုံးအကြိမ်အဖြစ် တက်ရောက်မည်

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားသို့ သမ္မတသစ် ပထမဆုံးအကြိမ်အဖြစ် တက်ရောက်မည်

ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်
အခမ်းအနားသို့ နိုင်ငံတော် သမ္မတသစ် ဦးထင်ကျော်သည် ပထမဆုံးအကြိမ်အဖြစ်
တက်ရောက် မိန့်ခွန်းပြောကြားမည်ဖြစ်သည်။

၎င်းသည် သမ္မတဖြစ်လာပြီးနောက်ပိုင်း အစိုးရဝန်ကြီးဌာနများက ပြုလုပ်ခဲ့သည့်
အခမ်းအနားများအနက် ယခုကဲ့သို့ ပထမဆုံးအကြိမ် တက်ရောက်ခြင်းလည်း ဖြစ်သည်။

အဆိုပါအခမ်းအနားကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက
ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး သမ္မတက မိန့်ခွန်းပြောကြားပြီးနောက် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်
(UNDP) ဌာနေ ညွှန်ကြားရေးမှူး မစ္စတာ Toily Kur banov က ကုလသမဂ္ဂ
အထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားသွားမည်ဖြစ်သည်။

ထို့နောက် သမ္မတက ၂၀၁၆ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်
အလွတ်တန်းဆောင်းပါးပြိုင်ပွဲတွင် ဆုရှိသူများအား ဆုချီးမြှင့်သွား မည်ဖြစ်သည်။

အခမ်းအနားကို နံနက် ကိုးနာရီအချိန်တွင် စတင်ကျင်းပသွားမည်ဖြစ်သည်။

အစီအစဉ်ကို အပိုင်း နှစ်ပိုင်းခွဲ၍ ကျင်းပသွားမည်ဖြစ်ပြီး ဒုတိယပိုင်းတွင် ပတ်ဝန်းကျင်
ထိန်းသိမ်းရေးဆိုင်ရာ စာတမ်းဖတ်ပွဲကိုလည်း ဆက်လက်ပြုလုပ်သွားမည် ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး