နှစ် ၂ဝ ကြာ မကျင်းပဖြစ် ခဲ့သည့် ပေါင်းလောင်းဒိုင်း ဖိတ်ခေါ်ပြိုင်ပွဲ ကျင်းပ

နှစ် ၂ဝ ကြာ မကျင်းပဖြစ် ခဲ့သည့် ပေါင်းလောင်းဒိုင်း ဖိတ်ခေါ်ပြိုင်ပွဲ ကျင်းပ

နှစ် ၂ဝ ကြာ မကျင်းပဖြစ်ခဲ့သည့် ပေါင်းလောင်းဒိုင်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို ဇွန် ၄ ရက်က
နေပြည်တော် 
ပျဉ်းမနားမြို့ ပေါင်းလောင်းအားကစားကွင်း၌ ဖွင့်လှစ်ခဲ့သည်။

အဆိုပါ ပေါင်းလောင်းဒိုင်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲသို့ နေပြည်တော်ဒေသတွင်းနှင့် ဒေသနီးစပ်မြို့ကြီးမှ
ဘောလုံးအသင်း ၁၆ သင်းပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ဇွန်၄ ရက်မှ ၂ဝ ရက်ထိ ကျင်းပသွားမည်
ဖြစ်သည်။

ပြိုင်ပွဲကို ရှုံးထွက်စနစ်ဖြင့်ကျင်းပပြုလုပ်မည်ဖြစ်ကာ စိုးလျှပ်စစ်မှ ပထမဆုကို ကျပ်သိန်း ၅ဝ၊
ဒုတိယဆုကို ၃ဝ နှင့် အကောင်းဆုံး ကစားသမားတစ်ဦးလျှင် တစ်သိန်းကျပ်စီ ချီးမြှင့်မည်ဖြစ်သည်။

ပေါင်းလောင်းဒိုင်းဖိတ်ခေါ်ပြိုင်ပွဲတွင်ပြိုင်ပွဲဝင်အသင်း ၁၆ သင်းမှာ မကွေးမြို့မကလပ်ဘောလုံးအသင်း၊
ရေတာရှည်မြို့နယ် ဘောလုံးအသင်း၊ တပ်ကုန်းမြို့နယ်ဘောလုံးအသင်း၊ တောင်တွင်းကြီးမြို့နယ်
ဘောလုံးအသင်း၊ ပျော်ဘွယ်မြို့နယ်(ြြွ)ဘောလုံးအသင်း၊ ပုဗ္ဗသီရိမြို့နယ်ဘောလုံးအသင်း၊
ပျဉ်းမနားမြို့နယ် ဘောလုံးအသင်း၊ ပလိပ်မြို့နယ်ဘောလုံးအသင်း၊ ဇမ္ဗူသီရိမြို့နယ်ဘောလုံးအသင်း၊
ရမည်းသင်းမြို့နယ်ဘောလုံးအသင်း၊ တပ်ကုန်းမြို့နယ်(ှံဗျွု င်္ဃ) ဘောလုံးအသင်း၊ ပျဉ်းအနားလူငယ်
ဘောလုံးအသင်း၊ လယ်ဝေးမြို့နယ်ဘောလုံးအသင်း၊ မန္တလေးမြို့နယ်ဘောလုံးအသင်း၊ တောင်ငူမြို့နယ်
ဘောလုံးအသင်း၊ ဥတ္တရသီရိမြို့နယ်ဘောလုံးအသင်း စသည့် ဘောလုံးအသင်း(၁၆)သင်း
ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲမှာ နှစ်ပေါင်း ၂ဝ ကျော်ကြာပြီးနောက် ယခုအစိုးရသစ်လက်ထက်တွင်မှ ပထမဆုံး
အကြိမ်အဖြစ် ပြန်လည်ကျင်းပခဲ့ခြင်းဖြစ်သည်။

''အစ်ကိုတို့ ပေါင်းလောင်းဒိုင်းက ၁၉၈၈နောက်ပိုင်းကတည်းက မကျင်းပဖြစ်တော့တာ။ အခု
အရင်တုန်းက တိမ်မြုပ်ခဲ့တဲ့ပေါင်းလောင်းဒိုင်းရဲ့ပုံစံအတိုင်း၊ ကျင်းပခဲ့တဲ့စနစ်အတိုင်း ကျင်းပတာ။
ပြန်လည်ဖော်ထုတ်တာပါ။

''နေ့စဉ်အလိုက် ကန်တဲ့ပွဲတိုင်းကို အကောင်းဆုံးကစားသမားဆုကိုလည်း ပေးမယ်။ လာပြိုင်ကြတဲ့
ဘောလုံးအသင်းတွေအတွက်ကိုလည်း စိုးလျှပ်စစ်ကနေပြီး လမ်းစရိတ်လည်း ထောက်ပံ့
ပေးသွားမယ်''ဟု ပျဉ်းမနားမြို့၊ ရွာကောက်ရပ်ကွက်မှ ဘောလုံးအသင်းအုပ်ချုပ်သူ ကိုကျော်သူရက
ပြောသည်။

ပေါင်းလောင်းအားကစားကွင်းကို ၁၉၇၃ခု၊ ဇွန်လ ရ ရက်တွင် အားကစားနှင့် ကာယပညာ
ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးဂွမ်ရှိန်ကိုယ်တိုင်တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး လာမည့် ၂ဝ၁၆ ခုနှစ်၊
ဇွန် ၁၄ ရက်တွင် ပေါင်း လောင်း အားကစားကွင်းကြီးသည် ၄၃ နှစ်ပြည့်မြောက်မည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး